သိပ္ပံနည်းကျ လေ့လာထားတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ၂ ထပ်မှ ၆ ထပ် ကျပြီးသေဆုံးတဲ့ ကြောင်အရေအတွက်က ၆ ထပ်မှ ၃၂ ထပ်ကြား အမြင့်ကနေ ကျတဲ့ ကြောင်အတွက် သေဆုံးမှုထပ် ပိုမိုများပြားကြောင့် လေ့ လာ တွေ
့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။
...၃၂ ထပ်အမြင့်မှ ကျတဲ့ ကြောင်ဟာဆိုရင် သူကျချင်တဲ့ ကိုယ်ဟန်အနေ အထားကို
ပြင်ဆင်လို့ ရပါတယ်။ ခြေလေးထောက်ထောက် ကျမယ့် ကိုယ်ဟန် ဟာ သူ့အတွက်
အသက်သာဆုံး၊ အထိခိုက်အနည်းဆုံး ကိုယ်ဟန် ဖြစ်ပါတယ်။ ပြီးတော့ အမြင့်ကနေ
ကျမယ်ဆိုရင် သူ့ရဲ့ ဝမ်းဗိုက် ဘက်အခြမ်းကို လေထီးလို ဖြန့်ကားတတ်ပါတယ်။
ကြောင်ရဲ့ အသားအရေဟာလည်း ပျော့ပြောင်းတဲ့အတွက် လေအဟုန်မှာ အလွယ်တကူ
ပြန့်ကား နိုင်ပါတယ်။ ဒါကြောင့် လေရဲ့ ပွတ်တိုက်မှုအားနဲ့ ကျဆင်းတဲ့
အရှိန်ကို တားဆီးထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျတဲ့ Speed ကို
အတတ်နိုင်ဆုံး ထိန်းထားနိုင်ပြီး Impact လျော့ချပေးထားပါ တယ်။ရလဒ်ကိုတော့
အောက်ကိုကျတဲ့အခါ အရှိန်သိပ်မများပဲ ပျော့ပြောင်း တဲ့
ကိုယ်ဟန်လှုပ်ရှားမှုကြောင့် အနာသက်သာပါတယ်။
အကယ်၍ ၂ ထပ်ကနေ ၆ ထပ်အကြားအမြင့်မှာ ကျရင်တော့ လိုချင်တဲ့ ကိုဟန်ကို ပြင်ဆင်ဖို့ အချိန်မရပါဘူး။ ဒါကြောင့်လည်း အထိနာရခြင်း ဖြစ်ပါတယ်။
အမေရိကန် မှာ လေ့လာတဲ့ စစ်တမ်းအရလည်း အထပ်မြင့်ကနေ ကျပြီး သေတဲ့ ကြောင်အရေအတွက်ထက် အထပ်နိမ့်ကနေ ကျပြီး ကြောင် အရေအတွက်က များပြားနေတာကို တွေ့ရှိခဲ့ပါတယ်။
http:// innewsmyanmar.blogspot.com/ 2012/10/blog-post_11.html
သတင်း-- မြ၀တီ
အကယ်၍ ၂ ထပ်ကနေ ၆ ထပ်အကြားအမြင့်မှာ ကျရင်တော့ လိုချင်တဲ့ ကိုဟန်ကို ပြင်ဆင်ဖို့ အချိန်မရပါဘူး။ ဒါကြောင့်လည်း အထိနာရခြင်း ဖြစ်ပါတယ်။
အမေရိကန် မှာ လေ့လာတဲ့ စစ်တမ်းအရလည်း အထပ်မြင့်ကနေ ကျပြီး သေတဲ့ ကြောင်အရေအတွက်ထက် အထပ်နိမ့်ကနေ ကျပြီး ကြောင် အရေအတွက်က များပြားနေတာကို တွေ့ရှိခဲ့ပါတယ်။
http://
သတင်း-- မြ၀တီ

No comments:
Post a Comment