Wednesday, 17 October 2012

ကျိုက်ထီးရိုးဘုရားဆိုင်ခန်းရရှိရေးအတွက် ဒေသခံပြည်သူများမှဆန္ဒထုတ်

ကျိုက်ထီးရိုးဘုရားဆိုင်ခန်းရရှိရေးအတွက် ဒေသခံပြည်သူများမှဆန္ဒထုတ်
ဖော်ရန် စာတင်ထားမှုအား သက်ဆိုင်ရာမှလိုက်လျောညှိနှိုင်းပေးခဲ့၍ ဆန္ဒထုတ်ဖော်မှုရုတ်သိမ်း

မွန်ပြည်နယ်၊ကျိုက်ထိုမြို့ နယ်၊ကျိုက်ထီးရိုးဘုရားပရ၀ဏ်တွင် ဆိုင်ခန်းဖွင့်
လှစ်ရောင်းချနေ သော ဈေးရောင်းသူများသည် ဂေါပကအဖွဲ့၏ကန့်သတ်မှုဖြင့် ဆိုင်ခန်းတည်ဆောင်ခွင့်မရသည့် အတွက် ကျိုက်ထိုမြို့တွင် ဆန္ဒ
ဖော်ထုတ်ရန်(၁၀.၁၀၂၀၁၂)နေ့ က ရဲတပ်ဖွဲ့မှူး၊မြို့နယ်မှူးထံသို့ ကျိုက်ထိုမြို့နေပြည်သူ(၂၀၀)ဦးမှ ခွင့်ပြုချက်တောင်းခံထားရာ သက် ဆိုင်ရာမှ(၁၄.၁၀.၂၀၁၂)နေ့က ၎င်းတို့တောင်းဆိုသော ဆိုင်ခန်း (၆)ခန်းတွင်(၃)ခန်းတည်ဆောင်ခွင့်ပြုလိုက်သ
ည့်အတွက် ဆန္ဒဖော်ထုတ်ပွဲ
မလုပ်ဖြစ်တော့ကြောင်း(တနည်း)ရုတ်သိမ်းခဲ့ကြောင်းဆန္ဒဖော်ထုတ်ပွဲအား ဦးဆောင်သူ အမျိုးသမီးမအေးအေးမွန်မှ Hot News Journal သို့ပြောသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ်၊ ၀ါးဒတ်ကွင်း
ကျေးရွာနေမြေမဲ့ မိသားစု(၂၈၇)ဦး (၀န်ထမ်းမိသား စု(၁၉၈)ဦးပါ)တို့အတွက်
နေအိမ် မြေဧက(၃၀)ခန့်ချထားပေးရန် နှင့်ကျိုက်ထီးရိုးဘုရား၊အောင် ပြည့်စုံဝင်းနိုင် တည်းခိုခန်းတစ် ၀ိုက်ဆိုင်ခန်း(၆)ခန်းဖွင့်လှစ်ခွင့်ရရှိ ရေးတို့အတွက်
လေဘာမြင့်စိုး အပါအ၀င် ဒေသခံ(၃)ဦးတို့သည် (၈.၁၀.၂၀၁၂)ရက်နေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝန် ကြီး ဒေါက်တာခင်မောင်သွင်၊ ၀န်ကြီးဒေါက်တာတိုးတိုးအောင် နှင့်ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး
ခွန်ဖေမြတို့အား တွေ့ဆုံတင်ပြခဲ့ရာ ၀န်ကြီးများမှ ““အိမ်ခြေ ကွက်အတွက် ဧက(၃၀)ဟာ ဘယ်လိုမြေအမျိုးအစားလည်းဆိုတာ စီစစ်ပါမယ်။ ၀န်ကြီး
ဌာနပိုင်ဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်ပြီးတင်ပြပေးပါမယ်။ပြည် နယ်လုပ်ပိုင်ခွင့်ရပြီဆိုရင် ကျွန်တော်တို့တင်ပြထားတဲ့ အိမ်ထောင်စု စာရင်းကိုလည်း ပထမ၊ဒုတိယ၊ တတိယ ဦးစားပေးစသည်ဖြင့် ဥပဒေနဲ့
အညီချထားပေးမယ်””လို့ ပြောဆိုခဲ့ကြောင်း မအေးအေးမွန် မှ
မော်လမြိုင်မီဒီယာအဖွဲ့အား ရှင်းလင်းတင်ပြပါသည်။

““ဈေးရောင်းသူတို့ရဲ့ ကျိုက်ထီးရိုးဆိုင်ခန်းကိစ်္စကတော့ ဆိုင်ခန်းတွေရဲ့
အတိုင်းအထွာ၊ဆောက် လက်စအနေအထားတွေကို ပြန်တင်ပေးပါ။
တင်ပြီးရင် ချထားပေး မယ်””လို့ပြောပါတယ်””ဟု ဆိုင်ခန်းကိစ္စတင်ပြသူ မအေးအေးမွန်မှ ဆက်လက်ပြောကြားသည်။ ပြည်နယ်အစိုးရအဖွဲ့နှင့်
တွေ့ ဆုံခဲ့သော ကျိုက်ထိုဒေသခံများသည် ကမ်းနားလမ်း ဘိုးဘွားရိပ်သာ စားသောက်ဆိုင်တွင် မော်လမြိုင်မြို့ရှိ မီဒီယာအဖွဲ့များနှင့်လည်းတွေ့ဆုံကာ ၎င်းင်းတို့၏ ခံစားချက်များအား ရင်ဖွင့်စကားပြောကြားခဲ့ကြောင်းသိရသည်။
(၁၄.၁၀.၂၀၁၂)တွင် အ ဆိုပါ မအေးအေးမွန်မှ Hot News Journal သို့ ““ကျွန်မတို့ ဈေးရောင်းသူတွေတောင်းဆိုတဲ့ ဆိုင်ခန်း(၆)နေရာကို သက်ဆိုင်ရာတာဝန်ရှိသူ ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူးဦးစိုးဝင်းက(၃)နေရာ ကို ဒီနေ့မှာပဲပေးပါတယ်။ကျန်တဲ့ ဆိုင်ခန်း(၃)နေရာအတွက်တော့ နောက်မှ
ဆက်စဉ်းစားပေးမယ်လို့ ပြောတဲ့အတွက် (၁၅.၁၀.၂၀၁၂)နေ့ဆန္ဒထုတ်ဖော်
မယ့်အစီစဉ်ကို ကျွန်မတို့ဖျက်သိမ်း လိုက်ပါတယ်။ကျွန်မတို့တောင်းဆိုတဲ့
နောက်ထပ်အချက်(၆)ချက်ကိုလည်းပဲဆက်လက်စုံစမ်းညှိနှိုင်းဖြေရှင်းပေး
သွားမယ်လို့ ၎င်းမြို့နယ်မှူးမှ ကျွန်မတို့ကိုအကြောင်းပြန်ကြားခဲ့ပါတယ်””ဟ
ပြောသည်။ ၎င်းတို့တောင်းဆိုသောအချက်(၆)ချက်မှာ-(၁) ဂေါပကအသစ်
ပြန်လည်ရွေးချယ်ပေးရေး၊ (၂)အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး(၁၀) အိမ်မှူး
အသစ်ပြန်လည်ခန့်အပ်ရန်၊ (၃) တရားမျှတသော အခွန် ငွေကောက်ခံ
ပေးရန်၊ (၄) ဥပဒေ ဘောင်တွင်းမှ ရောင်းဝယ်ခွင့်ပြုရန်၊ (၅) တန်းတူညီမျှ
နေရာထိုင် ခင်းရရှိရေး၊ (၆) ဖိနှိပ်ချုပ်ချယ်မှုပပျောက်ရေးတို့ဖြစ်ကြောင်း သိရသည်။

The Hot News

No comments:

Post a Comment