ဥက္ကာကိုကို၊ ထွန်းခိုင်
နိုက်ကလပ်များနှင့် လမ်းမများပေါ်မှ ကားပြိုင်ပွဲများ၊ ရန်ပွဲများမှာ တရားဥပဒေစိုးမိုးရေးကို ဦးတည်ဖော်ဆောင်နေသည်ဆိုသည့်
ရန်ကုန်မြို့တွင်ရှိသည့် နိုက်ကလပ်များတွင် အထက်တန်းလွှာနှင့် လူကုံထံအသိုင်းအ၀ိုင်းမှ လူငယ်များဖြင့် နေ့စဉ်စည်ကားလျက်ရှိပြီး ညလူခြေတိတ်ချိန်တွင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်ခြင်းန
“ဒါတွေက အမြဲဖြစ်နေကျဆိုတော့ မဆန်းတော့ပါဘူး။ အခုလို လူသိရှင်ကြားဖြစ်ပြီး လာမေးကြတာကပဲ ဆန်းနေတယ်”ဟု သူကပြောသည်။
အထက်တန်းလွှာနှင့် အလယ်အလတ် လူတန်းစားများအတွက် ဖွင့်လှစ်ထားသော နိုက်ကလပ်များတွင် ဖြစ်ပေါ်လာသည့် ပြဿနာများကို ထိုအသိုင်းအ၀ိုင်း အချင်းချင်းကပင် ဖြေရှင်းလိုက်ကြလေ့ရှိသည်။ သို့မဟုတ်ပါကလည်း နိုက်ကလပ်များတွင် ခန့်အပ်ထားသော လုံခြုံရေးဝန်ထမ်းများကသာ သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းလိုက်ကြသည်က များသည်ဟု သိရသည်။
“နိုက်ကလပ်တွေက သူတို့လုံခြုံရေးတွေရှိတယ်။
အောက်တိုဘာလ ၆ ရက် နံနက် ၂ နာရီခွဲခန့်က ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ပလက်ဖောင်းပေါ်ရှိ ဓာတ်တိုင်တစ်တိုင်အောက်တွင်
ထိုအချိန်မှာပင် ပြိုင်ကားနှစ်စီးခန့် ရောက်လာကာ တစ်ဦးက ယာဉ်ထိန်းရဲအရာရှိထံ လျှောက်သွား၍ တစ်စုံတစ်ခုကို တီးတိုးပြောဆိုလိုက်ပြီး ကားတစ်စီးပေါ် ပြန်တက်သွားသည်ကို တွေ့ရသည်။ ကားနံပါတ်ပြားပေါ်တွင် အင်္ဂလိပ်စာတန်းများ ရေးခြစ်ထားသော ပြိုင်ကားတစ်စီးကလည်း အခြေအနေကို ခေတ္တမေးမြန်းပြီးနောက် လီဗာကို အစွမ်းကုန်နင်းကာ အရှိန်ပြင်းစွာ မောင်းထွက်သွားသည်။
လိုင်းကားများအား ရုံးတက်ရုံးဆင်းချိန်တွင် ရပ်တန့်ခိုင်းကာ ယာဉ်မောင်းကို မကြာခဏ စစ်ဆေးလေ့ရှိတတ်သည့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦ
အဆိုပါယာဉ်တိုက်မှုသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက် နံနက် သန်းခေါင်ကျော်ဝန်းကျင်က ရန်ပွဲတစ်ပွဲ လတ်တလော ဖြစ်ပွားခဲ့သည့် အင်းလျားလိတ်ဟိုတယ်အတွင်းမှ
ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံထားရပြီး မြန်မာဘုရင်များ နောက်ဆုံးနန်းစိုက်ခဲ့သည့် မြို့ဖြစ်သည့် မန္တလေးမြို့တွင်လည်း နာမည်ကြီးရန်ပွဲတစ်ခုကြောင့
၎င်းအပြင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှုများ
အင်းလျားလိတ်ဟိုတယ်ဝင်းအတွင
ဖြစ်ပွားခဲ့သည့် ကာယကံရှင်များမှာ ဒီဂျေဘားသို့ လာရောက်ကြသည့် လူငယ်အချင်းချင်းဖြစ်ပြီး ကလပ်အတွင်း စကားများခဲ့ရာမှ လုံခြုံရေးဝန်ထမ်းများက ဇော်ဇော်(ခ)ဇော်စိုးဝင်း (ထူးထရေးဒင်းကုမ္ပဏီဝန်ထမ်း)
ထိုသို့ လင့်ခရူဇာဖြင့် အတိုက်ခံရမှုကြောင့် မောင်ဝေအောင်မှာ ညာဘက်ညှပ်ရိုးကျိုး၊ ညာနောက်စေ့ကွဲ၊ နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းကွဲ ဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရပြီး ဇော်ဇော်အား အမှုဖွင့်ထားခြင်းဖြစ်သည်။
“အဲဒီကိစ္စကို ပြောလို့မရဘူး။ ဘယ်သူမေးမေး မပြောရဘူးလို့ ကျွန်တော်တို့ကို မှာထားတယ်”ဟု ဒီဂျေဘားမှ လုံခြုံရေးဝန်ထမ်းတစ်ဦးကပြေ
သို့သော် ဒဏ်ရာရသူမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ
“ကိုယ့်မှာပိုက်ဆံရှိတယ်၊ ဘာရှိတယ်ဆိုတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး။ ပြီးတော့ ဒီလိုနိုင်ငံမှာ လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးတွေလည်း မရှိစေချင်ပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆေ
“လူငယ်ချင်း ထိခိုက်မိတာကနေ ဖြစ်သွားတဲ့သဘောပါပဲ။ ကိုဌေးကြွယ်၊ ကိုဖြိုးမင်းသိန်းတို့နဲ့ တူဖြစ်နေတာပဲ ရှိပါတယ်။ ဒဏ်ရာရတဲ့ ကောင်လေးရဲ့ အမေက ခရီးထွက်နေတော့ ပြန်ရောက်လာရင် အမှုကို ကျေအေးဖို့ရှိပါတယ်။ ဒဏ်ရာကလည်း စိုးရိမ်စရာမရှိတော့ဘူးလို့
မြန်မာနိုင်ငံတွင် နိုက်ကလပ်ယဉ်ကျေးမှုကို ၁၉၉၅ ခုနှစ်ဝန်းကျင်ခန့်မှ အစပျိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယဉ်ကျေးမှုမှာ ၂၀၀၂ နောက်ပိုင်းတစ်လျှောက် ပီပြင်စွာ အမြစ်တွယ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အရောက်တွင် ရန်ကုန်တစ်မြို့တည်း၌ နိုက်ကလပ်ပေါင်း ၂၀ နီးပါး ရှိလာနေခဲ့ပြီဖြစ်သည်။
အဆိုပါ နိုက်ကလပ်များတွင် လူငယ်များ၏ တစ်ညစာသုံးဖြုန်းကြသည့် ငွေကြေးပမာဏများ၊ တန်ဖိုးကြီးမော်တော်ယာဉ်မျာ
နိုက်ကလပ်များတွင် အပတ်စဉ် သောကြာ၊ စနေနေ့များ၌ ကားပါကင်နေရာလွတ် မရှိတော့သည်အထိ လူစည်ကားလေ့ရှိပြီး အဆိုပါနေ့များတွင် ကလပ်တစ်ခုလျှင် လူပေါင်းရာနှင့်ချီ ရောက်ရှိလာလေ့ရှိကြောင်း နိုက်ကလပ်လုံခြုံရေး ၀န်ထမ်းတစ်ဦးကပြောသည်။
ရန်ကုန်မြို့တွင် အကြမ်းဖျင်းအားဖြင့် သိမ်ကြီးဈေး၊ မင်္ဂလာဈေးတို့တွင် ဖွင့်လှစ်ထားသည့် ဈေးနှုန်းသက်သာစွာဖြင့် ၀င်ရောက်နိုင်သည့် ကလပ်များ၊ ဈေးနှုန်းအသင့်အတင့်ရှိသော အလယ်အလတ်တန်းစားကလပ်များ၊ ဟိုတယ်များနှင့်တွဲလျက် ဖွင့်လှစ်ထားသည့် ကလပ်များဟူ၍ သုံးမျိုးသုံးစား ရှိသည်ဟု သိရသည်။ ပြဿနာဖြစ်ပွားမှု အများဆုံးမှာ အောက်ကလပ်ဟု ခေါ်ဝေါ်ကြသော ဈေးနှုန်းသက်သာသည့် ကလပ်များပင်ဖြစ်ကြောင်း နိုက်ကလပ်အသိုင်းအ၀ိုင်းက ဆိုသည်။
“အမြင့်ကလပ်တွေမှာက သိပ်မဖြစ်ရဲကြဘူး။ အမြင့်ကောင်တွေ အချင်းချင်းပဲဖြစ်ကြတာ။ သူတို့ဖြစ်ရင်လည်း အပြင်ကလူတွေက ၀င်မဆွဲရဲဘူး။ လုံခြုံရေးတွေတောင်မှ ၀င်မဆွဲရဲဘူး။ အသိုင်းအ၀ိုင်းတစ်ခုတည်းကလူ
ပြိုင်ကားယှဉ်မောင်းခြင်းမျ
နိုက်ကလပ်များတွင် ငွေပေးနိုင်သလောက် အရက်ပုလင်းအဖုံးမျိုးစုံကို
သို့သော် မီးရောင်စုံကြားတွင် နာရီပေါင်းများစွာ စည်းချက်ကျကျ မမောနိုင်မပန်းနိုင် ကခုန်နေကြသည့် လူငယ်များထဲတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည့် လူငယ်များ မပါဝင်ကြောင်း တပ်အပ်ပြောဆိုရန် ခက်ခဲသည်ဟု အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။
“ဆေးပြားတွေက တစ်ညလုံး မအိပ်ဘဲနဲ့ မစားဘဲနဲ့ ကနိုင်တယ်၊ ခုန်နိုင်တယ်၊ ဆိုနိုင်တယ်၊ စိတ်ကိုကြွစေတယ်၊ ရန်လိုချင်တဲ့ဆန္ဒတွေ ပြင်းပြလာတယ်။ မိန်းကလေးတွေ စိတ်တက်ကြွလာရင် ပိုရှုပ်ကုန်မယ်”ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင
သန်းခေါင်ကျော် မီးရောင်စုံအောက်တွင် မူးယစ်ပျော်ပါးနေသော အမျိုးသားများအတွက် ပြည့်တန်ဆာဈေးကွက်ကလည်း နိုက်ကလပ်အတော်များများမှာ တွင်ကျယ်လျက်ရှိပြီး အချို့ရန်ပွဲများအတွက် ရင်းမြစ်တစ်ခု ဖြစ်နေတတ်သည်ဟု သိရသည်။
ရန်ပွဲတစ်ပွဲဖြစ်ပွားသည်နှင
အမြင့်ကလပ်များတွင် ပြဿနာမှာ အချိန်ခဏအတွင်း ပြီးဆုံးသွားတတ်သော်လည်း ဈေးများတွင် ဖွင့်လှစ်ထားသည့် ၀င်ကြေးသက်သာသည့် ကလပ်များမှာတော့ ပြဿနာက မမျှော်လင့်ဘဲ ကြီးမားသွားတတ်ကြောင်း သိရသည်။
“အဲဒီ့ကလပ်တွေမှာ ပြဿနာတက်ပြီး ရန်ဖြစ်ရင် လုံခြုံရေးတွေက သမတယ်။ အပြင်ကို ဆွဲထုတ်ခံရရင် အပြင်မှာရှိတဲ့ လူခေါ်ပွဲစားတွေက သမတယ်။ တက္ကစီသမားတွေက သမတယ်။ ရန်ပွဲတစ်ပွဲဖြစ်ရင် ဆွမ်းကြီးလောင်းကြတာ အများကြီးပဲ”ဟု နိုက်ကလပ်များတွင် လူစောင့်လေ့ရှိသည့် အငှားယာဉ်မောင်းသူတစ်ဦးက ပြောပြသည်။
“နိုက်ကလပ်တွေအတွက် သီးသန့်လုံခြုံရေးပေးတာ မရှိဘူး။ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်ပေးတာက ကျောင်းတို့၊ ဈေးတို့လို အများပြည်သူတွေရှိတဲ့ နေရာတွေမှာ လုံခြုံရေးပေးတယ်။ ရဲကိုလာတိုင်ပြီ ဆိုရင်တော့ ရဲကမေးတယ်။ အခင်းဖြစ်တဲ့နေရာအနီး ပတ်ဝန်းကျင်ကို စုံစမ်းတယ်။ ပြီးရင် သံသယရှိသူပုံကို ပန်းချီဆွဲတယ်။ စခန်းအချင်းချင်း ချိတ်ဆက်ပြီးတော့ လိုက်ရှာတယ်။ လာတိုင်ပြီဆိုရင် ရဲကတော့ မပေါ်မချင်း စုံစမ်းနေရမှာပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“နိုင်ငံတကာမှာလည်း ဒီလိုနိုက်ကလပ်တွေ ရှိနေတာပဲလေ။ သူတို့ ကျောင်းသွားမယ်၊ အလုပ်သွားမယ်။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ ဒီမှာလာပြီး ဖြေလျှော့မယ်၊ ကမယ်၊ ပြီးတော့ ပြန်သွားကြတယ်။ လွတ်လွတ်လပ်လပ် ပျော်ပါးတာ၊ ဆုံစည်းတာ၊ အပြင်ထွက်ကြတာ ရှိတာပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာရှိနေတဲ့ နိုက်ကလပ်ဆိုတဲ့ဟာက တစ်မျိုးဖြစ်နေတယ်ပေါ့။ အချိန်နဲ့ငွေကို ပေါပေါသုံးနိုင်တဲ့သူတွေ။ ပြီးတော့ ဒီနေရာမှာ ငွေရှာလို့ရတဲ့သူတွေ။ ဒီလိုမျိုးတွေ လာရောက်ပြီးတော့ စုဝေးတာမျိုး မဖြစ်စေချင်ဘူး”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ဆိုသည်။
ရောင်စုံဆလိုက်မီးများသည် ပေ ၄၀ x ပေ ၆၀ ခန့် ကျယ်ဝန်းသော အခန်းတွင်း၌ လှည့်ပတ်ကစားလျက် ရှိသည်။ ကခုန်ရန် သတ်မှတ်ပေးထားသော နေရာထဲတွင် လူငယ်အမျိုးသား၊ အမျိုးသမီးလေးများ နှစ်ယောက်တွဲတစ်မျိုး၊ အုပ်စုလိုက်တစ်ဖုံ စည်းချက်ညီညီ လှုပ်ရှားနေကြသည်။ ကပွဲဘေးပတ်ပတ်လည်ရှိ စားပွဲခုံငယ်လေးများတွင် ဈေးမြင့်သည့် အရက်မျိုးစုံကိုယ်စီဖြင့် ထိုင်နေကြသည့် လူငယ်များကို တွေ့ရသည်။ နိုင်ငံခြားသားတချို့ကလည်း အမျိုးသမီးငယ်တချို့နှင့်တွ
အဆိုပါမြင်ကွင်းသည် အင်းလျားလိတ်ဟိုတယ်အတွင်း ဖွင့်လှစ်ထားသော ဒီဂျေဘားနိုက်ကလပ်၏ အောက်တိုဘာလ ၅ ရက်နေ့၊ လူစည်ကားချိန် Friday Night ပင် ဖြစ်ပါသည်။ ထိုအချိန်တွင် စင်မြင့်ပေါ်မှ ဒီဂျေပညာရှင်က လတ်တလော ရေပန်းစားနေသည့် ကိုရီးယားနိုင်ငံရှိ လူကုံထံရပ်ကွက်တစ်ခုအကြောင်
“အိုပါး..ဂန်းနား.. စတိုင်”။ ။
News from : 7Day News Journal

No comments:
Post a Comment