Wednesday, 17 October 2012

တရုတ် လေအား လျှပ်စစ်ထုတ် စီမံကိန်း အမေရိကန် ပိတ်ပင်



အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် အော်ရီဂွန် ပြည်နယ်တွင် တရုတ် ကုမ္ပဏီတစ်ခုက လေအား လျှပ်စစ်ထုတ် လေဒလက်များ တည်ဆောက်နေခြင်း ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် တားမြစ်ခဲ့သည်ဟု သိရသည်။
တရုတ်လေအား လျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ Ralls Corp သည် ယခုနှစ် အစောပိုင်းမှ စ၍ အော်ရီဂွန် ပြည်နယ် အမေရိကန် ရေတပ်ပစ္စည်း စက်ရုံအနီး တွင် လေအား လျှပ်စစ်ထုတ် စီမံကိန်း ၄ ခု
တည်ဆောက်ခွင့် ရရှိ ခဲ့သည်။ သို့ရာတွင် အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် အဆိုပါ စီမံကိန်းများအား ရပ်တန့်ရန် အမေရိကန် သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့ရာ အမေရိကန် နိုင်ငံတွင် နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး ပိတ်ပင် တားမြစ်ခံခဲ့ရသော လုပ်ငန်းဖြစ်လာ ခဲ့သည်။ အဆိုပါ လေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများမှာ အမေရိကန် ရေတပ် အခြေစိုက် စခန်းများနှင့် နီးစပ်နေပြီး အမေရိကန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော် မတီ က စုံစမ်း စစ်ဆေးမှုများ ပြု လုပ်ခဲ့ပြီးနောက် သမ္မတက တား မြစ်မိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
”Ralls Corp. ဟာ အမေရိကန် ပြည်ထောင်စု ရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက် လာနိုင်တယ် ဆိုတာ ယုံကြည်ရတဲ့ အထောက်အထားတွေ က ညွှန်းဆိုနေ ပါတယ်”ဟု သမ္မတ၏ အမိန့်စာ တွင် ပါရှိသည်။ သမ္မတ၏ အဆိုပါ အမိန့် သည် အခြားလေအား လျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ Sany Group ကိုလည်း ဦးတည် အကျုံး ဝင်စေသည်။ အော်ရီဂွန် အခြေစိုက် စစ်စ ခန်းများတွင် စစ်ဘက်က မောင်းသူ မဲ့ ဒရုန်းလေယာဉ်များနှင့် အခြား စစ်လက်နက် ပစ္စည်းများ စမ်းသပ်မှု ပြုလုပ်လျက် ရှိခြင်းကြောင့် ယခု ကဲ့သို့ လုံခြုံရေး အခြေအနေ တင်းကျပ်ထားရခြင်းဟု ဆိုကြသည်။
BBC

No comments:

Post a Comment