Tuesday, 2 October 2012

“ကမ္ဘာ့ ဇာတ်ခုံပေါ်ကမြန်မာ့ ရွှေရတု(၁၉၆၂-၂၀၁၂)”


*တိုက်ဆိုင်မူပါပဲလေ
လွန်ခဲ့တဲ့နှစ်ငါးဆယ်ကာလ
၁၉၆၂မှာမြန်မာလူမျိုးနှစ်ဦးက
ကမ္ဘာမြေပေါ်မှာ
ကိုယ့်အစွမ်းနဲ့ ကိုယ်
မြန်မာကိုကမ္ဘာက
အမြင်တစ်မျိုးစီမြင်ရအောင်
ဖော်ဆောင်ခဲ့ကြတယ်။
တစ်ဦးကအာဏာသိမ်းသူစစ်ဗိုလ်ချုပ်၊
တစ်ဦးကကမ္ဘာငြိမ်းချမ်းရေးဆောင်ရွက်သူကုလသမဂ္ဂအတွင်းရေးမူးချုပ်။

*တိုက်ဆိုင်မူပါပဲလေ
၁၉၆၂နှစ်ကဆယ်ကျော်သက်အရွယ်မြန်မာလူငယ်နှစ်ဦးဟာ
၂၀၁၂(နှစ်၅၀)ရွှေရတုကာလအကြာ
ကမ္ဘာကုလသမဂ္ဂမြေမှာ
ကိုယ့်အစွမ်းနဲ့ ကိုယ်
မြန်မာကိုကမ္ဘာက
အမြင်တစ်မျိုးတည်းမြင်ကြအောင်
ဖော်ဆောင်ခဲ့ကြတယ်။
တစ်ဦးကစစ်ယူနီဖောင်းချွတ်ခဲ့သူသမ္မတ၊
တစ်ဦးက ကမ္ဘာကုလသမဂ္ဂမှာတာဝန်ထမ်းခဲ့သူနိုဗယ်ဆုရှင်။

*လွန်ခဲ့တဲ့နှစ်ငါးဆယ်ကာလ
စစ်အာဏာသိမ်းအာဏာရှင်အစိုးရရဲ့ 
ငြိမ်းချမ်းရေးဆောင်ရွက်သူကုလသမဂ္ဂအတွင်းရေးမူးချုပ်ကို
မြန်မာ့သမိုင်းစာမျက်နှာထက်ကဖယ်ထုတ်ဖို့ ဆောင်ရွက်ချက်တွေနဲ့
ကမ္ဘာမှာ မြန်မာဟာသူထက်သာမနာလိုသူတွေပမာဂုဏ်ပျက်ခဲ့သမျှ
နှစ်ငါးဆယ်ကာလအလွန်မှာတော့
စစ်ယူနီဖောင်းချွတ်အရပ်သားအစိုးရသမ္မတရဲ့ 
ကမ္ဘာ ငြိမ်းချမ်းနိုဗယ်ဆုရှင်အတွက်သာမက
မြန်မာဂုဏ်ဆောင်ကုလသမဂ္ဂအတွင်းရေးမူးချုပ်အတွက်ပါအတိုးချ
မြန်မာ့သမိုင်းဝင်အောင်ဂုဏ်ယူ ပြောကြားဖော်ဆောင်လိုက်တဲ့စကားနဲ့ 
ကမ္ဘာမှာ မြန်မာဟာဂုဏ်ပြုထိုက်သူတွေကိုဂုဏ်ပြုတက်သူတွေအဖြစ်
ဂုဏ်တက်ခဲ့ရပြီ။

“နှစ်၅၀အကြာမှဖေါ်ခွင့်ရတဲ့မြန်မာ့စိတ်ရင်းနဲ့ 
ဂုဏ်ယူထိုက်သူများသို့ ”
ကိုမျိုး(မြန်မာစာ)

No comments:

Post a Comment