THAILAND-PTTEP/ Tevin Vongvanich, Chief Executive Officer of PTT
Exploration and Production Pcl, Thailand's top oil and gas explorer,
talks to Reuters journalists during an interview at its head office in
Bangkok June 13,2012. REUTERS/Sukree Sukplang REUTERS
(PTT ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ် Tevin Vongvanich )
ထိုင်းသို့ တင်ပို့နေသော သဘာဝဓာတ်ငွေ့များကို ကိုယ့်ပြည်တွင်းသုံးစွဲရန်အတွက် ယင်းထိုင်းကုမ္မဏီထံမှ ပြန်လည်ဝယ်ယူမည်
ဆိုသည့်သတင်းကိုဖတ်ရတော့ ရင်ထဲ အောင့်သွားသည်။
မကြာခင်ကဘဲ လျှပ်စစ်မီးမလင်း၍ ဖယောင်းတိုင်ထွန်းဆန္ဒပြကြတော့ တရုပ်ဆီက လျှပ်စစ်ဓာတ်အားပြန်ဝယ်ရမည်ဆိုတုန်းက တခါ နာခဲ့ဘူးပြီ။ နောက်ထပ် နောက်ထပ် ဒီလို ဒီလို သတင်းမျိုးတွေ ဘယ်နှစ်ခါကြား၍ ဘယ်နှစ်ကြိမ်နာရအုံးမည်မသိပေ။
တကယ်တော့ စစ်အစိုးရလက်ထက်စာချုပ်များသည် ယင်းတို့သက်ဆိုးရှည်စေရန်နှင့်ကိုယ့်မိသားစုပိုင်စည်းစိမ်ချမ်းသာအတွက် အမှေင်ရိပ်မှာ တိတ်တိတ်ကြိတ်ချုပ်ထားကြသည်များဖြစ်သည်။
စာချုပ်ပါလုပ်ငန်းများ၊အကျိုးခံစားခွင့်များ၊ဆုံးရှုံးနစ်နာမှုများ၊ ရေရှည်ဆိုးကျိုးကောင်းကျိုးများနှင့်ပတ်သက်၍ အမျှော်အမြင်ရှိသူများ၊ သက်ဆိုင်ရာပညာရှင်များ၊ တိုက်ရိုက်ထိတွေ့ခံစားရမည့်သူများ၊ မူလပိုင်ရှင်ပြည်သူ များ တစုံတရာပါဝင်ပတ်သက်ခွင့်မရှိခဲ့ပါ။
နိုင်ငံတကာကလူတွေ အလွန်တန်ဖိုးထား ပြောကြားနေသည့် ပွင့်လင်းမြင်သာမှု၊ ပါဝင်ပတ်သက်မှု တစ်ရာခိုင်နှုံးပင် မရှိခဲ့ပါ။ ယခုထိပင် ဘာစာချုပ်တွေ ဘယ်သူတွေနှင့် ဘယ်ကာလထိ ဘယ်လိုချုပ်ထားမှန်း မသိရှိကြသေးပါ။
ယခုအချိန်သည် မြန်မာပြည်၏ အချုပ်အချာအာဏာသည် ပြည်သူ့လက်ထဲမှာ ပြည်သူ့ဆန္ဒမှာ ရှိနေပါပြီ။
အလင်းခေတ်သစ်အစိုးရ စနေပါပြီ။
မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တွေကို အမှောင်ခေတ်စာချုပ်ဖြင့် ထုတ်လုပ်နေသော PTT ကုမ္မဏီ၏ အမှုဆောင်အရာရှိချုပ် Tevin Vongvanich က “ ထိုင်းနဲ့ မြန်မာ ပူးပေါင်းပြီး လိုအပ်နေတဲ့ သဘာဝဓာတ်ငွေ့တွေကို ထုတ်လုပ်နေပါတယ်။ ကျွန်တော်တို့ မြန်မာကို ဓာတ်ငွေ့ပေးမှာပါ။ ဒါပေမဲ့ စာချုပ်ထဲမှာ ပါတဲ့ အချက်တွေကိုတော့ ပြန်လည်ပြင်ဆင်ပေးမှာ မဟုတ်ပါဘူး ” ဆိုပြီး ပြောလာပါပြီ။
ဒီအပြောသည် တကယ်တော့ တရားမဝင်သလို စာနာနားလည်မှုလည်း မရှိပါ။ မြန်မာပြည်ကို ဖွံ့ဖြိုးတိုးတက်လိုမှုလည်း မတွေ့ရပါ။ တကယ်တော့ ဘယ်နိုင်ငံတကာစံမှာမှ ပွင့်လင်းမြင်သာမှုမရှိသည့်၊ သက်ဆိုင်သူများမပါဝင်သည့် စာချုပ်များသည် တရားမဝင်ပါ။ စာချုပ်အင်္ဂါရပ်နှင့် မပြည့်စုံပါ။
နိုင်ငံတနိုင်ငံနှင့် တနိုင်ငံချုပ်ဆိုမည်ဆိုရင် အခိုင်မာဆုံးစာချုပ်သည် ပြည်သူ့ဆန္ဒပင်ဖြစ်ပါသည်။ ပြည်သူက ထိုင်းကုမ္မဏီအပေါ် မတရားမှု မပြုမှာ သေချာပါသည်။ ပြည်သူက အာဏာရော၊ ဘဏ္ဍာပါ ပိုင်ရကား ပြည်သူကသာ သူ့ပစ္စည်းကို စီမံခွင့်ရှိပါသည်။
အခြေအနေတခုမှာမူမမှန်သည့်နည်းဖြင့်ရယူချုပ်ဆိုသွားသည့်စာချုပ်ကို ပြန်လည်ပြင်ဆင်ရေး ဆွေးနွေးသင့်ပါသည်။ ဆွေးနွေးအပ်၊ ဆွေးနွေးကောင်းပါသည်။
ထိုင်းနိုင်ငံသားတွေ မြန်မာဂက်စ်နှင့် မီးလင်းနေပါသည်။ ဖွံ့ဖြိုးနေပါသည်။ တိုးတက်နေပါသည်။ လူနေမှုတွေ မြင့်မားနေပါသည်။
ကိုယ့်ဂက်စ်ကိုယ် ပြန်ဝယ်သုံးရအုံးမည်ဆိုရင်တော့ မြန်မာနိုင်ငံသားတွေအဖို့ မည်သည့်နည်းနှင့်မှ ဖွံ့ဖြိုးရေးဆီ ရောက်နိုင်လိမ့်မည်မဟုတ်ပါ။
ထို့ကြောင့် စာချုပ်ပါအချက်များကို အမျှော်အမြင်ရှိသူများ၊ ပညာရှင်များ၊ အများပြည်သူများ၊ သက်ဆိုင်ရာများနှင့် ပြန်လည်ဆွေးနွေးပြင်ဆင်ကြပါရန် ပြည်သူတဦးအနေဖြင့် ဆန္ဒပြုလိုက်ရပါသည်။
Via..Utejadipati Ti

No comments:
Post a Comment