ရန်ကုန်မြို့တွင်
ပြေးဆွဲလျက် ရှိနေသော ယာဉ်လိုင်းအသီးသီးမှ လိုင်းကားများအား ယာဉ်ထိန်းရဲ
များက စီမံချက်ဟုအကြောင်းပြ ချက်ပေး၍ မီးပွိုင့်နောက်ကွယ်မှ
ယာဉ်များအားမှတ်သားဖမ်းဆီးမှု၊ ဒဏ်ငွေရိုက်မှုများပြုလုပ်လျ က်ရှိ
နေသည့်အတွက် ယာဉ်ပိုင်ရှင်များ အနေဖြင့် အခက်အခဲဖြစ်လျက်ရှိ နေသည်။
ယင်းအခက်အခဲများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အောက်တိုဘာ (၁၀) ရက် ရက်စွဲ ဖြင့်
တင်ပြခဲ့ကြောင်း သိရှ
ိရသည်။
“ကျွန်တော်တို့မော်တော်ယာဉ်
တွေ နေ့စဉ်ပြေးဆွဲတဲ့အခါ မထသ ကရော၊ ယာဉ်ထိန်းတွေကရော လှည့်ကင်းနဲ့ သဘောနဲ့
စောင့်ကင်း သဘောနဲ့ တစ်သွယ်နေ့စဉ်ကြပ် မတ်ဆောင်ရွက်ပြီ။ စည်းကမ်း
ထိန်းသိမ်းတာတို့ အရေးယူတာ တို့လုပ်ပါတယ်။ အဲသလိုလုပ်တာ ကို
ကျွန်တော်တို့ယာဉ်ပိုင်ရှင် တွေ
အနေနဲ့ ကျေနပ်ပါတယ်။ အဲသလို ကျတော့ ကိုယ်ဘာမှားလည်း ကိုယ်သိရတယ်။
ဒီတော့ပြင်လို့ ရတာပေါ့။ ခုဟာက ယာဉ်ထိန်း တွေက ပွိုင့်တွေမှာ ယာဉ်အန္တရာယ်
ကင်းအောင်ဆောင်ရွက်ရမယ့် အစား မှတ်တိုင်မီးပွိုင့်နောက်ကွ ယ် မှာနေပြီး မှတ်သားဖမ်းဆီးတာ တွေ လုပ်နေတယ်။ ဒီတော့ ကိုယ်ဘာမှားမှန်းကိုမသိလိုက်ဘူး။
အဲဒါယာဉ်ထိန်းရုံးမှာ လစဉ်ရဲ့ မှုစစ်ဆေးတော့မှ တသီကြီးပေါ် လာတယ်။
အဲသလိုမှတ်သားဖမ်း ဆီးအရေးယူတဲ့အခါမှာလည်း မှတ်တိုင်မရောက်၊ ဘေးတံခါးဖွင့်
တာတို့၊ ဘာတို့ဆိုရင် ဒဏ်ကြေး (၁၅၀၀) ပဲရှိပြီး။ စီမံချက်ဆိုတာ
တပ်ပြီးဖမ်းရင်တော့ (၂၁၅၀၀/ ၁၁၅၀၀)ဖြစ်သွားရောဗျာ။ ယာဉ် ပိုင်ရှင်တွေခမျာ
လစဉ်ရဲမှုဆောင် ရွက်တဲ့အခါ သိန်းချီပြီး ဒဏ်ငွေ ဆောင်နေရတယ်။ လိုင်းကားတွေ
အနေနဲ့ ရုံးတက်/ဆင်းချိန်၊ ကျောင်းတက်/ ဆင်းချိန်တွေမှာ ယာဉ်ကြောကျပ်တာတွေဖြစ်တော့ ခရီးသည်ဦးရေများမှုအပေါ်မူတည် ပြီး ရပ်စီးခရီးသည်တင်တဲ့အခါ ကြတော့လည်း ယာဉ်ထိန်းတွေက ဖမ်းတဲ့အပြင် လမ်းတစ်လျှောက် က ပွိုင့်တွေမှာလည်းရပ်စီးတင် (စီမံ) နဲ့ ဖမ်းနေတဲ့အတွက် အများ ကြီးနစ်နာရပါတယ်”ဟု ယာဉ်ပိုင် ရှင်တစ်ဦးက ပြောကြားသွားခဲ့ သည်။ayechanmon.17
ထိုသို့သော နစ်နာမှုများ အပြင်ယာဉ်ပိုင်ရှင်များအနြေ ဖင့်
လစဉ်ရဲမှုစစ်ဆေးရာ၌ ယာဉ်သက် သေခံကတ် (၀ှီးတက်)၊ ယာဉ်မှတ် ပုံတင်စာအုပ်အပ်၍
အမှုထုတ်ယူ ရပြီး အမှုရှိ၍ ဒဏ်ကြေးငွေဆောင် ရာတွင်လည်းရုံးရှိယာဉ်ထိန်း ရဲများ
မှ အမြန်ဟူ၍ အကြောင်းပြချက် ဖြင့် ငွေများတောင်းခံကာ ကိုယ်
ကျိုးရှာလျက်ရှိနေသည်။ တရား ရုံးမှလည်း ကိုယ်တိုင်ကိုယ်ကျလိုက်
လံဆောင်ရွက်သောသူများအား ယာဉ်ပိုင်ဆိုင်မှုစာချုပ်၊ မှတ်ပုံတင်၊
သန်းခေါင်စာရင်းများတောင်း၍ ခက်ခဲကြန့်ကြာမှုများဖြစ်အော င် လုပ်လျက်ရှိကြောင်း သိရှိရသည်။
Hot News
“ကျွန်တော်တို့မော်တော်ယာဉ်
ထိုသို့သော နစ်နာမှုများ အျပင္ယာဥ္ပိုင္ရွင္မ်ားအေနျ
Hot News

No comments:
Post a Comment