Wednesday, 10 October 2012

နိုင်ငံတော်ရသုံးခန့်မှန်း ခြေငွေစာရင်းဆွေးနွေးပွဲ လို့ခေါ်တဲ့ ဘတ်ဂျတ်ဆွေးနွေးပွဲသင်တန်း




ကျွန်မတို့ အောက်တိုဘာလ ၈ ရက် နဲ့ ၉ ရက် နှစ်ရက်ကိုတော့ နိုင်ငံတော်ရသုံးခန့်မှန်း
ခြေငွေစာရင်းဆွေးနွေးပွဲ လို့ခေါ်တဲ့ ဘတ်ဂျတ်ဆွေးနွေးပွဲသင်တန်းလေးကို ကျွန်မတို့
NLD လွှတ်တော်ကိုယ်စားလှယ်များရယ်၊ တစ်ခြားတိုင်းရင်းသားပါတီတွေက ကိုယ်စား
လှယ်တွေရယ် ကျွန်မတို့ဖိတ်ပြီး သင်တန်းလေးတစ်ခုလုပ်ပါတယ်…

သင်တန်းကိုတော့ ဆရာဦးမျိုးမြင့် ရယ်၊ ကျန်းမာရေးဝန်ကြီးဌာနကနေ အငြိမ်းစားယူထား
တဲ့ ဆရာဦးအောင်ကြိုင် ရယ်၊ က ဦးဆောင်ပြီးတော့ ဒီသင်တန်းလေးကို သင်ကြားပေး
ပါတယ်…


သင်တန်းဆရာ ဦးမျိုးမြင့် နှင့် အတူ


ဘတ်ဂျတ်ဆိုတဲ့ အရာကို အမှန်တကယ်ပြောရရင်တော့ ကျွန်မတို့လွှတ်တော်ကိုယ်စား
လှယ်တွေဆိုတာ ဘတ်ဂျတ်ဆိုတဲ့ စကားလုံးကိုပဲသိပြီးတော့ နိုင်ငံတကာဘတ်ဂျတ်တွေ
ဘယ်လိုသုံးစွဲရမယ်၊ ဘယ်လိုခွဲဝေသုံးစွဲသင့်တယ်ဆိုတဲ့ဟာကို နားမလည်ပါဘူး…

ဒီသင်တန်းလေးကနေပြီးတော့ ကျွန်မတို့နားလည်ခဲ့ရပါတယ်… အဲ့ဒီအတွက် အခုလာ
မယ့် လွှတ်တော်မှာဆိုရင် တစ်ချို့လာမယ့် ဘတ်ဂျတ်ကို ဘယ်လိုမျိုးခွဲဝေသုံးစွဲမယ်ဆို
တာကို ပါဝင်ဆွေးနွေးဖို့ နားလည်လာပါပြီ…

တစ်ချို့ကထင်နေတာ ဘတ်ဂျတ်ဆိုရင် ဖြတ်လိုက်ရမယ်လို့ဘဲ သဘောထားတာ၊ အမှန်
မှန်တော့ ဘတ်ဂျတ်ဆိုတာ တကယ်တမ်းကျွန်မတို့ သင်လိုက်ရတဲ့ သင်တန်းလေးမှာ
ဌာနဆိုင်ရာဝန်ကြီးဌာနတွေအတွက် ဘယ်လောက်ပဲသုံးစွဲထားတယ်ဆိုတာ သိရပါတယ်…


ကျွန်မတို့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ သင်တန်းတက်နေစဉ်

အဲ့ဒီအတွက် ဘတ်ဂျတ်ကို ဖြတ်တော်နေမယ့်အစား ခွဲဝေထားတဲ့ ဘတ်ဂျတ်အပေါ်မှာ ဘယ်
လို သေသေချာချာသုံးစွဲသွားမလဲ၊ ထိထိရောက်ရောက်သုံးစွဲသွားမလဲဆိုတာ အရေးကြီးတဲ့ အ
ကြောင်း ကျွန်မသိခဲ့ရတယ်…

အဲ့ဒီလိုပဲ နိုင်ငံတော်ဘတ်ဂျတ်ဆိုတာ တိုင်းပြည်တစ်ခုလုံးရဲ့ အရေးအတွက် ဘယ်လောက်အ
ရေးကြီးတယ်ဆိုတာကိုလဲ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီသင်တန်းကနေတစ်ဆင့်
သိလာရတဲ့အတွက် အရမ်းကိုပဲ အကျိုးကျေးဇူးရှိပါတယ်…

ဘာဖြစ်လို့လဲဆိုတော့ ပထမတစ်နှစ်တုန်းက ကျွန်မတို့ လွှတ်တော်ထဲကို မရောက်ခဲ့သေးပါ
ဘူး… အဲ့ဒီမရောက်သေးတဲ့ အချိန်မှာပဲ ဘတ်ဂျတ်ဆိုတဲ့ အရာကိုနားမလည်ဘဲနဲ့ ဆွေးနွေး
ခဲ့ရတဲ့အခါမှာတော့ အခက်အခဲတွေ တွေ့ခဲ့ရတယ်ဆိုတာကိုတော့ ကျွန်မတို့ တွေ့ခဲ့ရပါတယ်…


ကျွန်မတို့ သင်တန်းခန်းမ ထဲမှာပါ

ကျွန်မတို့ အခုဆွေးနွေးတော့မယ့် အခုလာမယ့်စက်ရှင်မှာ ဘတ်ဂျတ်ဆိုတဲ့ အကြောင်းကို မ
ဆွေးနွေးခင် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အနေနဲ့ ထိရောက်
စွာ ဆွေးနွေးနိုင်ဖို့ ဒီသင်တန်းလေးကို ပေးခြင်း ဖြစ်ပါတယ်…

News and Photo ko Maw Pyay

No comments:

Post a Comment