"ကျွန်တော်တို့ က
အဲဒီတော့ ဂူထဲမှာရှိနေသေးတယ်"
အားနည်းချက်ဆိုရင်တော့ ကျွန်တော်တို့ ဟာ ဒီနေ့ ဒီအချိန်အထိ ဖွဲ့ စည်းပုံ
အခြေခံဥပဒေကို မပြင်နိုင်ဘူး။ စစ်အစိုးရတစ်ဖြစ်လဲ ဘောင်းဘီချွတ်ပြီး
ပုဆိုးဝတ်တဲ့လူတစ်စုရဲ့ အုပ်ချုပ်မှုကိုခံနေရပြီး ကျွန်တော်တ

ို့ ဘာမှမလုပ်နိုင်ဘူး။
NLD ရွေးကောက်ပွဲနိုင်တယ်ဆိုတာကလည်း ဒီလောက်ကလေး (လက်ဟန်
ခြေဟန်ဖြင့်ပြသည်)။ ၂၀၁၅ မှာ ဘာဖြစ်မယ်ဆိုတာလည်း ဘယ်သူမှမပြောနိုင်ဘူး။ ကျွန်တော်တို့ မှာ အတွေ့ အကြုံတွေ ရှိတယ်။ ၉၀ တုန်းကလည်းမဲအပြတ်အသတ်နဲ့ နိုင်တာဘဲ။ အာဏာလွှဲပြောင်းတာတွေဘာတွေ မရှိဘူး။
ဗမာပြည်မှာ စစ်တပ်ကလည်း ရှိနေသေးတယ်။ လွှတ်တော်မှာလည်းစစ်တပ်ကနေ ထွက်လာတဲ့လူတွေချည်းဘဲ လုပ်နေကြတာ။အစိုးရဆိုတာကလည်း ဦးတပ်တပ် ဗိုလ်တပ်တပ် ဒီလူတွေဘဲ။ပြောချင်တာက တိုင်းပြည်မှာ စစ်ဗိုလ်တွေအုပ်ချုပ်နေတုန်းဘဲ။ သူတို့ ကို တရားဝင်ဖြစ်အောင်လုပ်ပေးခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကလည်းအာဏာအချိန်မရွေး သိမ်းလို့ ရတယ်။ ကာ/လုံ ကောင်စီကလည်း စစ်ဗိုလ် ၆ ဦး
ပါတယ်။ စစ်ဝတ်စစ်စား ၀တ်ထားတဲ့စစ်ဗိုလ်။ အဲဒီအဖွဲ့ က တိုင်းပြည်မှာအရေးပေါ်အခြေအနေရှိရင် ဥပမာ ရခိုင်ကိစ္စလိုဟာမျိုးပေါ့။ သူတို့ လုပ်ချင်ရင်
တိုင်းပြည်အာဏာကို လွှဲပြောင်းယူလို့ ရတယ်။ အားနည်းချက်အနေနဲ့ ပြောရရင်
NLD ရဲ့ အားနည်းတာအဲ့ဒါဘဲ။တိုင်းပြည်ပြုပြင်ပြောင်းလဲအောင် ဘာမှမလုပ်နိုင်ဘူး။ လွှတ်တော်ထဲကို အခြေခံဥပဒေကို ပြင်ဖို့ သွားတယ်။ပြင်ဖို့ လမ်းစ မရှိသေးဘူး။ ပြင်လို့ လည်း မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းအထက်မှ
ဆိုတော့၊ စစ်တပ်က ၂၅ ရာခိုင်နှုန်းရှိနေသေးတော့ ဘယ်လိုလုပ်ပြီးတော့ကြံ့ဖွံ့ တွေကြားထဲမှာ ဘယ်လိုမှမရနိုင်ဘူး။
ဒီအတိုင်းဘဲ ကျွန်တော်တို့ ဂူထဲမှာဘဲရှိနေသေးတယ်။ အစိုးရကိုရော ဘာတွေလုပ်နိုင်သလဲလို့ သွားမေးကြည့်။ သူတို့ ဟာနဲ့ သူတို့ တောင် တိုက်ကြခိုက်ကြ
ပြောတုန်းဆိုတုန်း ရှိသေးတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆိုတာဘယ်လိုဖြစ်နေလဲ။ လယ်သမားကိစ္စတွေကြည့်၊ ရေကြီးတာတွေကြည့်၊
တချို့ အာဏာပိုင်တွေကဒါ ရေကြီးတာမဟုတ်ဘူးငြင်းလို့ မီဒီယာတွေကဓာတ်ပုံရိုက်ပြမှ လက်ခံသွားကြတယ်။
လူတွေဘယ်လောက်ဆင်းရဲဒုက္ခ\ရောက်နေလဲ။ အလုပ်သမားတွေ ဘယ်လောက်ဆင်းရဲနေသလဲ။
ကြေးနိတောင်တို့ ဘာတို့  ခင်ဗျားလည်း ကြားမှာပေါ့။ လယ်သမားတွေလက်လုပ်လက်စားတွေ ဘာဖြစ်လဲ။ ဘာမှ မဖြစ်သေးဘူး။ ကျွန်တော်တို့ ကအဲဒီတော့ ဂူထဲမှာရှိနေသေးတယ်လို့  ပြောရမှာဘဲ။
(သတင်းစာဆရာကြီး ဦးဝင်းတင်)
Ko Aungmyo Tun

No comments:
Post a Comment