Friday, 12 October 2012

ဒါလား ဒီမိုကရေစီ လမ်းကြောင်း

                                                          ဓါတ်ပုံ  အောင်နေမျိုး



မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင်အနီးရှိ သမိုင်းဝင် လယ်တီဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သောဘုရားနှင့် တရားအား ထုတ်ခဲ့သော လှိုင်ဂူအား မြန်မ
ာဦးပိုင် နှင့်တရုတ်တိုပူးပေါင်းလုပ်ဆောင်သော ကြေးနီစီမံကိန်းအတွက်9.10.2012 ရက်နေ့ တွင် သမိုင်းဝင် နေရာအား မိုင်းဖြင့်အလွယ်တကူဖျက်စီးပြစ်ခဲ့သည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး ခင်ဗျာ

၁.ဗမာလူမျိုးမဟုတ်လေသလော

၂.လယ်တီဆရာတော်ဘုရားကြီးအား မကြားဘူးတာလား မကြားဘူးချင်ယောင်ဆောင်တာလား

၃.မုံ၇ွာမြို့ က ဇာတိမြို့ မဟုတ်လေသလော

၎. မုံရွာမြို့ မှာ ကြီးပြင်တာမဟုတ်လေသလော

၅.၀န်ကြီးချုပ်ခင်ဗျား ပြည်သူလူထုဆန္ဒကို အလေးမထားလေသလော

သမ္မတကြီးဦးသိန်းစိန်ခင်ဗျာ


၁.အရင်ကိုလိုနီလက်ထက်မှာ ဘုရားကျောင်းကန်များကိုဖျက်စီးခြင်းမပြုဘူးပါ
သမ္မတကြီး လက်ထက်ကျမှ အခုလိုဖြစ်တာသမ္မတကြီးအနေနဲ့ ဘာမှမပြောတော့ဘူးလားခင်ဗျာ

၂.သမ္မတကြီး အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို အလေးထားစေချင်ပါတယ်ခင်ဗျာ

၃.အခုလို သမိုင်းဝင် နေရာဖျက်စီးခံလိုက်ရသော မုံရွာသူမုံရွာသား များ ရင်ထဲမှာ ဘယ်လိုဖြစ်မလဲ စုံစမ်းကြည့်ပါအုံးခင်ဗျာ ပြည်သူလူထုအနေနဲ့ မိမိအိမ် မှ ဘုရားစင်အား ဖျက်စီးခံလိုက်ရသလို ခံစားရပါတယ်

၎.သမ္မတကြီး မိန့် ခွန်းထဲမှာ ပါသော နောက်ပြန်လှည့် တဲ့သူများ အား ဖြုတ်ချန်မယ်ဆိုတဲ့စကားကို အထူးအားရမိပါကြောင်း အခုတော့ လုံးဝကိုအယုံအကြည်မရှိတော့ကြောင်း

၅.အခု သမ္မတကြီးပြောနေတဲ့ ဒီမိုကရေစီလမ်းကြောင်း ကိုကျွန်တော်တို့ နားလည်လို့ မရတော့ကြောင်း

၆.သမ္မတကြီးတို့ အထက်ပိုင်းကသာ ပြောင်းလဲရေးလမ်းပေါ်ရောက်နေ၍ အောက်ခြေတွင်ဖြစ်ချင်တိုင်းဖြစ်နေသည်ကို သမ္မတကြီးအနေနဲ့ သိရှိမည်ဟုထင်ပါကြောင်းအခြေအနေပိုဆိုးလာပါက ကျောင်းသားများသည်လဲ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း အသိပေးအပ်လိုက်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)
မူရင်း. ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ)

No comments:

Post a Comment