Wednesday, 3 October 2012

ပြိုင်ပွဲမှရရှိသည့် ငွေဖြင့် ကချင်ဒုက္ခသည်များကို ကူညီမည့် Aung La N Sang



ကချင်ဒုက္ခသည်များကို ကူညီရန် လာမည့် အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပမည့် ပြိုင်ပွဲမှရရှိသော ငွေဖြင့် ကူညီသွားမည်ဖြစ်ကြောင်း ကိုယ်ခံပညာ မျိုးစုံအသုံးပြု၍ ထိုးဝှေ့သတ်ပုတ်သည့် ကစားသမား (MMA - Mixed Martial Artist) တစ်ဦးဖြစ်သူ မြန်မာနိုင်ငံသား၊ ကချင်အမျိုးသား Aung La N Sang ၏ ကိုယ်ပိုင် အင်တာနက်စာမျက်နှာအရ သိရှိရသည်။



ကချင်ပြည်နယ်၊ မြစ်ကြီးနားဇာတိဖြစ်သူ Aung La N Sang သည် အမေရိကန် ပြည်ထောင်စု၊ မစ်ချီဂန်ပြည်နယ်၊ အင်ဒရူးတက္ကသိုလ်မှ စိုက်ပျိုးမွေးမြူရေး သိပ္ပံ ဘွဲ့ရရှိထားသူ တစ်ဦးဖြစ်ပြီး၊ ၂ဝဝ၄ ခုနှစ်တွင် Mixed Martial Art ကို သင်ကြားခဲ့ကာ၊ MMA လောကသားအဖြစ် ၂ဝဝ၇ ခုနှစ် နှောင်းပိုင်းတွင် ခြေစုံပစ် ဝင်ရောက်လာခဲ့သူ တစ်ဦးဖြစ်သည်။

သူ၏ အနာဂတ် ရည်မှန်းချက်ပန်းတိုင်သည် UFC (Ultimate Fighting Championship) အထိတက်လှမ်းနိုင်ရန်နှင့် မြစ်ကြီးနားတွင် Mixed Martial Art သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန် ဖြစ်သည်ဟု သိရသည်။

News Shwelone.com (ရွှေလုံး) | 
Myanmar Social Entertainment News Network

No comments:

Post a Comment