Apple မှ ဈေးနှုန်း သက်သက်သာသာနှင့် ထွက်ရှိမည့် iPad mini မီနီကို အများအပြား ထုတ်လုပ်မှု စတင်နေပြီ ဖြစ်ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။
ယင်းထုတ်လုပ်မှုကို ဘရာဇီးနိုင်ငံရှိ Foxconn စက်ရုံတွင် ပြုလုပ်လျက် ရှိကြောင်းလည်း ဂျပန် Apple ဝဘ်ဆိုဒ် တစ်ခုမှ ဖော်ပြသည်။ ၇.၈၅ လက်မသာ ရှိမည်ဖြစ်ပြီး ၉.၇ လက်မရှိသော The new iPad မျက်နှာပြင် ထက် ငယ်သည်။ မျက်နှာပြင်ကို Retina Diplay အမျိုးအစား အသုံးမပြုတော့ပဲ LCD ကိုသာ အသုံးပြုထားကြောင်း လည်း သိရသည်။ Display အတွက် လိုအပ်သော ကုန်ကြမ်းကို AU Optronics နှင့် LG စတဲ့ Apple ၏ Supplier များမှ ရယူထားကြောင်း သိရသည်။
Apple iPad မီနီနှင့် ပက်သက်သည့် သတင်းအချက်အလက်များ ကို လည်း အောက်တိုဘာလ ၁၀ ရက်တွင် ကြေညာသွားဖွယ်ရှိကြောင်း Cnet မှပြောဆိုထားသည်။ ယင်းကဲ့သို့ ဈေးနှုန်းသက်သာ iPad mini ထုတ်လုပ်မှု သည် Google, Samsung နှင့် Amazon တို့မှ ထုတ် သည့် ကျောက်သင်ပုန်း ကွန်ပျူတာများ၏ အဓိကပြိုင်ဘက် ဖြစ်လာနိုင် သည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။.
----
Ref: Cnet
Aung Kham (TSJ team)

No comments:
Post a Comment