Friday 28 September 2012

ဒီပဲယင်းသက်သေ ဆိုတာ ဒါဘဲ ဟေ့

အမေရိကန် ပြည်ထောင်စု ယေးတက္ကသိုလ်မှာ မြန်မာ့ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်းထဲမှ ဘာသာပြန် ။
Yale su depeyin 28.9.2012 soundcloud.com ကျမကိုယ်တိုင်ဖြစ်ခဲ့ တဲ့ အဖြစ်အပျက်ကတော့  ဒီပဲရင်းအရေးအခင်းပေါ့ လေ ၂၀၀၃ခုနှစ်ကပေါ့ မြန်မာပြည်မြောက်ပိုင်းမှာ စည်းရုံးရေးခရီးသွားနေတုန်းက အဖြစ်အပျက်လေး တစ်ခုပါ။ ပြည်သူတွေက စိတ်ဝင်တစားအားပေးမှုရှိတော့  ပိုပီး အဖွဲ့ အစည်းက ကြီးမားလာခဲ့ တာပေါ့ ။ အချိန်က ညနေပိုင်းရောက်ပီ ခရီးသွားနေရင်းဆိုတော့ တနေရာကနေတနေရာသွားနေရတာ။ အဲဒီမှာ ကျွန်မတို့ ကားတန်းကို ဘုန်းကြီးတပါးက တားတယ်။ တားပြီး မိန့် ခွန်း ပြောခိုင်းတယ်။ အချန်က နောက်ကျနေပီဖြစ်လို့ ကျမက ငြင်းတယ်။ ဒီလိုနေရာမျိုးမှာ
မိန့် ခွန်းပြောဘို့ စီစဉ်ထားတာလဲမရှိလို့ ကျမတို့  ခရီးဆက်ရဥိးမှာလဲရှိနေသေးလို့ ပါလို့ ပြေပါတယ်။ ဒါပေမဲ့ မရပါဘူး။ နောက်ထပ် ဘုန်းကြီးတွေ ဝိုင်းလာတယ်။ ဆက်သွားလို့ မရအောင်တားထားတယ်။ အဲဒီနောက် လူအုပ်စုတဖွဲ့ ကရပ်ထားတဲ့ ကားတွေနောက်ကနေ ပြေးလာပီး ကျမတို့ လူတွေကို ရိုက်နှက်ကြတယ်။ နောက်ကျောဖက်ကနေပေါ့ ။ ဒါဟာ ကျမရဲ့ ဒီပဲရင်းအရေးပေါ့ ။ ဘုန်းကြီးတွေလို့ သာပြောတာ လက်မောင်းမှာလဲ ဆင်တူလက်ပတ်အဖြူတွေ ပတ်ထားတယ်။ အဖွဲ့ ကတော်တော်ကိုကြီးတဲ့ အဖွဲ့ ပါ။ သူတို့  ဝိုင်းရိုက်တာ လူလေးယောက် ပွဲချင်းပြီး သေသွားတယ်။ ကျမကားရဲ့ လေကာမှန်တွေ ကိုလဲ ရိုက်ခွဲကြသေးတယ်။ ကျမရဲ့ ကားမောင်းသမားလေးက အတော်လေးကိုတော်တာပါ။ ကားကိုဆက်မောင်းလို့ လဲမရတော့  နောက်ကကားတွေကိုစောင့် ရင်းနဲ့ ပေါ့ ။အဲဒါနဲ့  ကျမရဲ့  ကားကို မောင်းတဲ့ သူက ရှေ့ မှာတားထားတဲ့ အတားအဆီးတွေကို ဖြတ်မောင်းလိုက်မယ်လို့  ပြောလာတယ်။ ဘာလို့ လဲဆိုတော့  ကျမတို့ ရဲ့ တခြားအဖွဲ့ တွေကို အဲဒီကနေတားဆီး ထားတာမို့ လို့ ဘဲတဲ့ ။ အဲလို ဖြတ်မောင်းလိုက်ရင် ကျမတို့ အဖွဲ့ တွေနဲ့  ဆုံမှာဘဲမို့ ပါ။ ကျနော် အတားအစီး တွေဖြတ်မောင်းလိုက်ရမလားတဲ့ .. မောင်းပေါ့ (ရီသံများ) ဟုတ်တယ်လေ ကျမဘယ်လိုလုပ်ရမလဲ။ ကျမမှာစိတ်ကလဲလှုပ်ရှားစရာ ကားထဲထိုင်ပီး အဲဒီ ပိတ်ထားတာကြီးကိုအတင်းဖြတ်ပြီး မောင်းတာ တသက်နဲ့ တကိုယ်တခါမှလဲ မလုပ်ဘူးဘူး။ အတားအစီးတွေကိုဖြတ်မောင်းပေမဲ့ လဲ ဟိုဘက်မှာကဘယ်သူမှမရှိကြဘူးလေ။ လမ်းပိတ်ထားတာ သက်သက်ပေါ့ ။ ဒီလိုနဲ့ မောင်းလို့ ရသလောက်မောင်းလာတာ။ နေက်ထပ် မြို့ ဝင်ဂိတ်ရောက်တော့ အဖမ်းခံရတာပဲ။ ကျမတို့ အနနဲ့  လက်သီးလက်မောင်းလေးတောင်မထောင်ခဲ့ ပါဘဲနဲ့ ကိုယ့်ကို လာရိုက်လို့  ထွက်ပြေးရတာကို အဖျက်သမားတွေလို့ စွတ်စွဲတာနဲ့ အဖမ်းခံရပြီး အကျယ်ချုပ် ၆နှစ် ပြစ်ဒဏ်ချတယ်။ နောက်တော့ အမေရိကန်တယောက် ရေကူးပြီး လာတွေ့ လို့  ၁နှစ်တိုးပြီး ၇နှစ်ဖြစ်တယ်။ အမေရိကားကလူတွေကိုယ်စား လာပြီးနှုတ်ခွန်းဆက်တာဖြစ်ပါလိမ့် မယ်။ ဘာသာပြန်သူ... ပီတီကေ မိတ်ဆွေများရွှင်လန်းချမ်းမြေ့ကြပါစေ ကိုထွန်းဝေ 28.9.2012

No comments:

Post a Comment