Saturday, 29 September 2012

ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ သမ္မတဦးသိန်းစိန်က ဖြေကြား


တရုတ်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးဦးပိုင်တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ ဒေသခံတောင်သူတချို့ကဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ စီမံကိန်းလုပ်လိုသူတွေကလည်း ဆက်ကိုလုပ်မယ်လို့ ပြောကြပါတယ်။ တချို့ကလည်း မြစ်ဆုံစီမံကိန်းလို သမ္မတက ၀င်ပါပြီး ဖြေရှင်းပေးနိုင်ရင် ကောင်းမယ်လို့ ယူဆကြပါတယ်။ သမ္မတဦးသိန်းစိန်ကိုယ်တိုင်ရဲ့ သဘောထားနဲ့ ဆောင်ရွက်ပေးမှုတွေကရော ဘယ်လိုရှိပါသလဲ။ စက်တင်ဘာ ၂၈ မှာ ဘီဘီစီက သမ္မတကို မေးခွင့်သာလို့ မေးကြည့်တဲ့အခါ သမ္မတဦးသိန်းစိန်က အခုလို ဖြေကြားထားပါတယ်။
ဘီဘီစီ

No comments:

Post a Comment