Friday, 28 September 2012

ပျောက်ဆုံးသွားသော ဘ၀တွေကို ပြန်ပေးပါ


အာဏာရှိခဲ့သူအချို့နှင့် ခရိုနီအချို့က စီမံကိန်းနှင့် အကြောင်းပြချက်စုံလင်စွာဖြင့် သိမ်းယူနေကြခြင်းများထဲတွင် မြန်မာနိုင်ငံအနှံအပြားတွင် ကျယ်ကျယ်တစ်မျိုး တိုးတိုးတိတ်တိတ်တစ်မျိုး အမျိုးမျိုး သံတူကြောင်းကွ
ဲ ပုံစံတူများဖြင့် ဖြစ်ပေါ်နေရာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတစ်ခု အပါအ၀င်ဖြစ်သည်။ ၃ နှစ်စာ သီးနှံလျော်ကြေားဟုဆိုကာ လယ်ဧက ၇၈၀၀ ကျော်ကို တစ်ဧက ငါးသိန်းနှစ်သောင်းကျပ်ပေးခဲ့သည်။ ယခုအခါကျမှ သီးနှံလျော်ကြေးမဟုတ်၊ မြေလျော်ကြေးဟု ဆိုသဖြင့် ပေါက်ကွဲထွက်ကုန်သည် စီမံကိန်းကြောင့် ယာလည်း စွန့်ရမည်။ ရွာလည်း စွန့်ရမည်။ သာသနာအမွေအနှစ်ဖြစ်သည့် ဘုန်းကြီးကျောင်းများ စေတီများ စာသင်ကျောင်းများ အထင်အရှားဆုံးမှာ လယ်တီဆရာတော်ဘုရား သီတင်းသုံး နေထိုင်ခဲ့သည့် ရှေးဟောင်းသာသနာ့အဆောက်အဦးနှင့် စေတီပါ ဆုံးရှုံးစွန့်လွတ်ကြရတော့မည်။ မည်သည့်စီမံကိန်းပဲဖြစ်ဖြစ် ပြည်သူတို့၏ ဘ၀တွေကို နင်းကျေ မဖျက်ဆီးသင့်ပေ။ အမှန်တကယ် နိုင်ငံအတွက် ပြည်သူအကျိုးအတွက် လုပ်ရမည်ဆိုလျှင်လည်း ကာလပေါက်ဈေး တန်ရာတန်ကြေးများ (ပေးလျှော်ခြင်းပုံစံထက် အရောင်းအ၀ယ်ပုံစံမျိုးဖြင့် သွားသင့်ပေသည်)။ နိုင်ငံတော် စီမံကိန်းဆိုလည်း နိုင်ငံသားဖြစ်သည့် လယ်သမားများရဲ့ဘ၀တွေကိုလည်း ပြန်ကြည့်သင့်ပေသည်။ ကျွန်တော်ကတော့ သူတို့ဘ၀တွေကို ပြန်တောင်းသည့်ဆန္ဒပြပွဲကို ထောက်ခံသည်။ သို့သော် ဆန္ဒပြပွဲများတိုင်းတွင် မင်းသားဝင်လုပ်သူ နာမည်ဝင်ယူသူများ၏ ပယောဂများကြောင့် မသိနားမလည်သည့် တောသူတောင်သားများ ဒေါသအလျှောက် ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်သွားမီမှာကို စိုးရိပ်မိပေသည်။
 
ကျေးဇူးတင်ပါတယ်။
 

No comments:

Post a Comment