
ဇရာအိုရွယ် ဝင်လာပေမယ့်
တိုင်းကျိုးအတွက် အမေဟာ
အပြုံးမပျက်ပဲ မငြီးမညူ သယ်ပိုးဆောင်ရွက်
ရည်ရွယ်ထားတဲ့ ယုံကြည်ရာခရီးကို
ကိုယ်ကျိုးမဖက်ပဲ ရှေ့ဆက်နေသူပါ။

ရွှေဆုလည်းမမက်မော ငွေဆုလည်းမမက်မော
ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက်ကိုပဲ
စိတ်အလျှင်စောနေတဲ့ အမေဟာ
ဘက်မလိုက်ပဲ မျှမျှတတ
ဆုံးဖြတ်တွေးခေါ်နိုင်စွမ်းတဲ့
လမ်းပြကောင်း ရှေ့ဆောင်တစ်ယောက်ပါပဲ။
မြန်မာနိုင်ငံ ဒီမိုကစီအရေးတွက်
အမြဲအစဉ် ထောက်ခံလာတဲ့
အမေရိကန်ပြည်ထောင်စုကို
ခွန်းနှုတ်ဆက်ကာ ကျေးဇူးတင်ကြောင်း
ဒီခရီးစဉ်မှာ ပြောကြားခဲ့တယ်။
လူမှန်နေရာမှန်နဲ့ လုပ်ပေးနိုင်တဲ့ အခြေအနေမရှိလို့ပါ...တဲ့
ကချင်အရေး နှုတ်မဆိတ်ပါ၊
ရခိုင်အရေး မေးမြန်းလာတဲ့ မီဒီယာကိုလည်း
ဒုတ်ကို ဒုတ်ခြင်း ဓါးကို ဓါးခြင်း ဖြေမရှင်းပဲ
အမုန်းတရားကို စွန့်ပစ်ဖယ်ရှား
ဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်ရေးအပေါ်
အလေးထားကာ
လေးစားလိုက်နာမှုရှိဖို့ သူမပြောကြားခဲ့တယ်။
တစ်မိပေါက် တစ်ယောက်ထွန်း
ဘမျိုး ဘိုးတူ
အဲဒီ- အမျိုးဂုဏ်ကိုထိမ်းသိမ်းရင်း
အများအကျိုး ထမ်းရွက်နေတော့
မလိုအမုန်းပွါးသူတွေ ဒီခရီးစဉ်မှာ
ဘယ်သူတွေ ဘယ်လိုပြောပြော
ဘယ်သူတွေ ဘယ်လိုဝေဖန်ကာ ထိုးနှက်ပြီးတိုက်ခိုက်ပါစေ
ကျနော်ကတော့ အမေ့လုပ်ရပ်အပေါ်
အမြဲအစဉ် ဂုဏ်ယူပြီး လေးစားနေလျှက်ပါ။
ခွင့်လွှတ်တရားနဲ့ ပြုသူအပေါ် အငြိုးမထားပဲ
အကြောက်တရားရဲ့ ဘေးထွက်ဆိုးကျိုးတွေကို
ဒီခရီးစဉ်မှာ ရှင်းပြနိုင်ခဲ့တယ်။
မောတယ်ပန်းတယ် စိတ်ဝယ်မထားပဲ
ဘယ်သူတွေ ဘာမေးမေး စိတ်ရှည်ရှည်နဲ့
သံဃာအရေးကို အကောင်းဆုံးအဖြေတွေပေးပြီး
ဆုများစွာနဲ့ အမေဟာ
သူချစ်တဲ့ပြည်သူတွေဆီ
ဘယ်နေရာ ဘယ်ကိုရောက်ရောက်
အရောက်လှမ်းကာ သွားလိုစိတ်က
အမေ့ရင်ထဲ ရှိနေပြန်တော့
ထူးခြားတဲ့ သူမရဲ့အရည်ချင်း
စစ်ခင်းလို့တော့မရတာ သေချာတယ်။
( ကိုဗလိုင် )
ဒေါ်အောင်ဆန်းစုကြည်ရဲ့
အမေရိကန်နိုင်ငံခရီးစဉ်ကို ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။

ကိုဗလိုင်
No comments:
Post a Comment