Saturday, 1 September 2012

ဒု- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ့်ပိုင်းခေါင်းဆောင်များထံ အကြံပြု အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း


by Ko Baloi on Saturday, September 1, 2012 at 6:03pm ·


သို့/.......

ဒု- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ့်ပိုင်းခေါင်းဆောင်များ

အကြောင်းအရာ ။ ။ ပြည်တွင်းစစ်နှင့် ပတ်သက်ပြီး အကြံပြုဆွေးနွေးတင်ပြလိုခြင်း။

အထက်ပါကိစ္စရပ်နဲ့ ပတ်သက်ပြီး၊ ယနေ့ဖြစ်ပေါ်ပြောင်းလဲနေသော    မြန်မာနိုင်ငံရေး
နှင့် ရှေ့မြန်မာနိုင်ငံ အနာဂတ်အတွက် ကျနော်အနေနဲ့    ဒု- ဗိုလ်ချုပ်မှူးကြီးကို အနည်း
ငယ် အကြံပြုတင်ပြဆွေးနွေးလိုပါတယ်။ ကနေ့ မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်း
လဲရေးမှာ တပ်မတော်ခေါင်းဆောင်တွေရဲ့   ပူးပေါင်းပါဝင်ပတ်သက်မှုဟာ    အင်မတန်
မှ အရေးကြီးသောကာလတခုထဲသို့ ရောက်ရှိလို့နေပါပြီ။

 ဒီကနေ့     ဒီအချိန်အခါမှာ အ
တိတ်ကကောင်းဆိုးနှစ်ထွေကို အတိတ်နံရံမှာပဲ   ချိတ်ဆွဲထားကြမယ့်     အပြုသဘော
ဆန်တဲ့ ဆွေးနွေးမှုတွေနဲ့ ရှေ့- မြန်မာနိုင်ငံရဲ့ အနာဂတ်ကောင်းကျိုးတွေကို  အတူတကွ
သယ်ပိုးထမ်းရွက်ကြရမယ့် အချိန်အခါသမယလည်းဖြစ်ပါတယ်။
ထို့အပြင်- ညှိုးနွမ်းနေတဲ့ မြန်မာ့နိုင်ငံရဲ့    တပ်မတော်ဂုဏ်သိက္ခာကိုလည်း     ပြန်လည်
ကောင်းမွန်လာစေရန် ပြုလုပ်လို့ရနိုင်တဲ့ အခွင့်ကောင်း အချိန်အခါလည်းဖြစ်ပါတယ်။
တပ်မတော်ရဲ့ ဂုဏ်ရောင်တခေတ်တခါကလို ပြန်လည်ထွန်းပြောင်လာစေဖို့ တပ်မတော်
နဲ့ ပြည်သူများမှာ တာဝန်တွေရှိသော်ငြားလည်း၊ အဓိက တာဝန်အရှိဆုံးသူများမှာ တပ်မ
တော် ထိပ့်ပိုင်းခေါင်းဆောင်တွေမှာ တာဝန်အပြည့်ရှိသည်ကို တပ်မတော်ထိပ့်ပိုင်းခေါင်း
ဆောင်များအား အထူးသိစေလိုပါတယ်။ အခုဆိုရင် စစ်တပ်အင်အား အလုံးရင်းသုံး
ပြီး တိုင်းရင်းသားဒေသအချို့တွေမှာ မလိုလားအပ်တဲ့ ထိုးစစ်တွေနဲ့ ပြည်တွင်းစစ်ဆင်နွဲ
နေခြင်းသည်၊ အပြစ်မဲ့ တိုင်းရင်းသားများအပေါ် ဆိုးကျိုးတွေသာဖြစ်ပေါ်စေပြီး ရှုံးရှုံးနိုင်
နိုင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးရလဒ်များသည် ဆိုးကျိုးများကိုသာ
ဖြစ်စေ၍ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို မဖြစ်မနေ ရပ်ကို ရပ်ဆိုင်းပစ်ရမယ့် အချိန်ကာ
လတခုသို့ ရောက်ရှိနေပြီဖြစ်တဲ့အကြောင်း ဦးစွာပထမ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နှင့် တပ်မတော်ထိပ့်ပိုင်းခေါင်းဆောင်များကို အလေးထား၍ သိစေအပ်ပါသည်။
တဖက်မှာလည်း ပြည်တွင်းစစ် ဖြစ်ပွါးနေရခြင်းသည် စစ်ဘက်ဆိုင်ရာကနေ အနားယူပြီး
သလိုလို၊ အနားမယူရသေးသလိုလို ဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ နောက်
ကွယ်က ဖိအားတွေကြောင့်လားဆိုတဲ့ သံသယစိတ်တွေလည်း ရှိနေဆဲပါပဲ။
ဘာပဲဖြစ်ဖြစ် အခုလိုအချိန်မျိုးမှာ ဒု- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ရော၊ တပ်မ
တော်ထိပ့်ပိုင်းခေါင်းဆောင်တွေ ပြည်သူ့ဘက်ကနေ ပြတ်ပြတ်သားသား   ရပ်တည်သင့်
ဖို့တော့လိုနေပါပြီ။ ဒါမှသာ ပြည်သူအများရဲ့ ထောက်ခံမှုတွေရရှိလာမှာဖြစ်ပါတယ်။ တိုင်း
ရင်းသားဒေသတွေကို ထိုးစစ်မရပ်စဲပဲ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဆက်ပြီးဖြစ်ပွါးနေဦး
မယ်ဆိုရင်၊ သူသူ- ငါငါ သမိုင်းရဲ့ ဒဏ်ပြုခြင်းကိုတော့ တနေ့တချိန်မှာ   မလွဲမသွေခံကြရ
ဆိုတာ သိထားကြရပါ့မယ်။
နောင်ဖြစ်ပေါ်လာမယ့် မိမိရဲ့ သမိုင်းကြောင်းကောင်းဆိုးနှစ်ထွေကို မိမိ၏ လုပ်ရပ်များကရေး
သားနေသည်ကို သတိချပ်ရပါ့မယ်။ ဥပမာတခုနဲ့ ရှင်ပြီ ဒု- ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်
နှင့် တပ်မတော်ထိပ့်တန်းခေါင်းဆောင်တွေကို  သိစေလိုသည်မှာ၊ လက်ရှိ- သမ္မတ ဦးသိန်း
စိန်သည် ကာလတခုမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့    အာဏာရှင်ဆန်ဆန် မှားယွင်း
တဲ့ အုပ်ချုပ်မှုစနစ်ဆိုးကြောင့် အမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့်၊ ကနေ့  ဦးသိန်းစိန်အစိုးရ
ရဲ့ ပြုပြင်ပြောင်းလဲလိုသော စိတ်ကြောင့်၊ အဆိုးထဲက အကောင်းတွေဖြစ်ပေါ်လာနေတဲ့ အ
တွက် ပြည်သူအများနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ချီးကျူးထောက်ခံမှုတွေ အထိုက်အ
လျှောက်ရရှိနေချိန်မှာ၊ တဖက်မှာ တပ်မတော်ကို ဦးစီးခေါင်းဆောင်မှုပြုနေတဲ့ ဒု- ဗိုလ်ချုပ်မှူး
ကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ့်ပိုင်းခေါင်းဆောင်များသည် ထိုးစစ်ဆင်နေသော
ပြည်တွင်းစစ်ကြောင့် အမည်ဆိုးနဲ့  ကျော်ကြားနေလျှက်ရှိနေခြင်းဟာ အဆိုးနဲ့ အကောင်း သဲ
သဲကွဲကွဲ ဖြစ်ပေါ်နေတဲ့   ကွာဟချက်တွေပါပဲ။ ILO အိုင်အလ်အိုအပေါ်     ကလေးစစ်သား ပ
ပျောက်မှုတွေမှာ   ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းကို ကြိုဆိုကြပေမယ့်၊ အနာဂတ်  မြန်မာ
နိုင်ငံ ပြုပြင်ပြောင်းလည်းရေးမှာ တပ်မတော်အနေနဲ့ အဓိက ပြုပြင်လုပ်ဆောင်ရမယ့်တာဝန်
တွေ အများကြီးကျန်ရှိနေသေးသည်ကို အလေးနက်ထား၍ ထပ်မံသိစေလိုပါသည်။
တိုင်းပြည်အပေါ် မိမိ တာဝန်ယူအုပ်ချုပ်စဉ်ကာလမှာ မိမိရဲ့ မှားယွင်းစွာ စီမန်ခန့်ခွဲအုပ်ချုပ်မှု
ကြောင့် ဆိုးကျိုးတွေသာဖြစ်ပေါ်လာလျှင်၊ ထို- ဆိုးမွေတွေကိုသင်တစ်ယောက်တည်း ခံစားရ
မည်မဟုတ်၊ သင်၏ သားစဉ်မျိုးဆက် ထိုဆိုးမွေကို အရှက်တကွဲ အကျိုးနဲ စွာခံစားရမည်ဖြစ်
သည်ကို အထူးအလေးထား၍ သိစေအပ်ပါသည်။ တိုင်းပြည်နဲ့ လူမျိုးအတွက်ဘာတခု
မှကောင်းကျိုးမပြုခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကဲ့သို့ အမှားများမပြုမိစေရန် အထူးတ
လှယ်အရေးကြီးပါသည်။ မိမိလက်ထဲတွင် အာဏာရှိစဉ်သာ    တိုင်းပြည်ရဲ့     ကောင်းကျိုးတွေ
ကို လုပ်စွမ်းနိုင်မည်ဖြစ်သည်။ အာဏာလက်မဲ့ ဘဝရောက်တော့မှ       ငါ- မလုပ်ခဲ့လေခြင်းဆို
တဲ့ အမှားနောင်တများ မရရှိစေလို။
ဒီနေရာမှာ နောက်ဆုံးအနေနဲ့ ဒု- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ့်တန်းခေါင်း
ဆောင်များအား အလေးထား၍ အသိပေး အကြံပြုပြောကြားလိုသည်မှာ    လက်ရှိ- တပ်မတော်
ခေါင်းဆောင်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးသားရန် စိတ်မဝင်စားနေသေး
သ၍၊ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်သ၍တော့၊ တပ်မတော်သည် ပြည်သူအများရဲ့ ယုံကြည်
ကိုးစားမှုကို မရရှိနိုင်သလို၊ တပ်မတော်နဲ့ တိုင်းရင်းသားပြည်သူအကြားမှာ ဘယ်တော့မှ ရေရှည်
ချစ်ကြည်ရင်းနှီးမှုများကို ရရှိတော့မည်မှာ မဟုတ်ဘူးဆိုတဲ့အကြောင်း၊ အခုချိန်ခါမှာ   တိုင်းပြည်
ငြိမ်းချမ်းတိုးတက်ဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုး
ဆက်များကို တပ်မတော်ထိပ့်တန်းခေါင်းဆောင်ပိုင်းများက ခေါ်ယူတွေ့ဆုံပြီး   အနာဂတ်မြန်မာ
နိုင်ငံရေးလုပ်ငန်းစဉ်များကို အပြုသဘောဘောင်အတွင်းမှနေ၍ ညှိ့နှိုင်းတိုင်ပင်ကာ   ရိုးသားပွင့်
လင်းစွာဆွေးနွေးကြရန် လိုအပ်နေသေးကြောင်း ဒု- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်     တပ်မ
တော် ထိပ့်ပိုင်းခေါင်းဆောင်များထံ အကြံပြုအိတ်ဖွင့်ပေးစာ ပေးပို့အပ်ပါသည်။

((( တပ်မတော်နဲ့ ပြည်သူ ချစ်ကြည်ဖြူမှ တိုင်းပြည်အမှန်တကယ် အေးချမ်းသာယာမည် )))

( ကိုဗလိုင် )

No comments:

Post a Comment