Saturday, September 29, 2012
မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်မည်ဆိုသော ဆ
ုံဖြတ်ချက်သည်
တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်မူတည်၍ ပြုပြင်မှုများ
ပြုလုပ်သွားဖွယ် ရှိသည်ဟု အမေရိကန်ပြည်ထောင်စု အာရှလူ့အဖွဲ့အစည်းတွင်
ကျင်းပသည့် တွေ့ဆုံပွဲတွင် သမ္မတကြီးက ပြောကြားသွားသည်။
“သက်တမ်းအားဖြင့်တော့ ကျွန်တော့်ရဲ့ ပင်ကိုယ်ဆန္ဒအရ
စောစောကပြောသလို One Term ပဲလုပ်ဖို့ ကျွန်တော်
မျှော်လင့်ထားပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့ အခြေအနေ၊
ပြည်သူတွေရဲ့ ဆန္ဒ၊ ဒီပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်က ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ဒီလို ထင်ပါတယ်။ သို့သော်လည်း ကျွန်တော်ရဲ့ မျှော်မှန်းချက်ကတော့ One Term ပဲလုပ်မယ်လို့ ဒီကနေ့အထိ ကျွန်တော်စိတ်ကူးထားပါတယ်” ဟု သမ္မတက ဆိုသည်။
မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ ဝန်ကြီးများသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ရှိသည့် Asia Society သို့ သွားရောက်ခဲ့ပြီး လက်ရှိအစိုးရ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားစဉ် သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်မည် ဆိုသည့် ဆုံးဖြတ်ချက်ကို ပြင်ရန်ရှိ မရှိ မေးခွန်းနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြန်လည်ဖြေကြားသွားခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်
အောက်တိုဘာ ၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်
ဖော်ပြထားပါသည်။
Khit Lu Nge

No comments:
Post a Comment