Saturday, 1 September 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရေဘေးသင့်ဒဏ်ခံခဲ့ရသော မြို့နယ်သို့ သွားရောက် -




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရေဘေးသင့်ဒဏ်ခံခဲ့ရသော မြို့နယ်သို့ သွားရောက် -

စက်တင်ဘာလ ၁ရက် ၂၀၁၂ စနေနေ့ / သတင်း - 7Day News Journal

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (စက်တင်ဘာ ၁ရက်) တွင် ရေဘေးသင့်ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်သို့ သွားရောက်ကာ ရပ်ကွက်တချို့အား အလှူငွေများပေးအပ် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၅ နာရီခွဲတွင်..
.
ရန်ကုန်မြို့မှ ထွက်ခွာလာပြီး ၉ နာရီ ၄၅ မိနစ်တွင် ပုသိမ်မြို့သို့ရောက်ရှိကာ အမှတ်(၁၂) ရပ်ကွက်နှင့် အမှတ်(၁၄) ရပ်ကွက်တို့သို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ပြီးနောက် အလှူငွေ ၁၀ သိန်းကျပ်စီကို ပေးအပ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှ လူထုအား ၁၀ မိနစ်ကြာ မိန့်ခွန်းပြော ကြားခဲ့သည်။ 
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရေကြည်ဦး ရပ်ကွက် နဲ့  အမှတ် ၁၄ ရပ်ကွက်ရှိ ရေဘေး သင့် ဒေသခံတွေကို သွားရောက်တွေ့ဆုံ ကာ ရပ်ကွက် တခုအတွက် အလှူငွေ ၁၀ သိန်းစီ စုစုပေါင်း သိန်း၂၀ ပေး အပ်ခဲ့ပါတယ်။
ဓာတ်ပုံ- ဥက္ကာကိုကို —
 သတင်း  infinity power


No comments:

Post a Comment