Sunday, 2 September 2012

ဒီမိုကရေစီဗုံသံတွေ

Laynuaye Mya
ဒီမိုကရေစီဗုံသံတွေ
တောလုံးညံပြီလား
ရှစ်ဆယ့်ရှစ်ဆိုတဲ့အသံဟာ
မိုးဦးကျအော်တဲ့ဖားသံတွေလိ
အော်လို့ရနေတဲ့နေ့
ဒါကို ဒို့အလဲလဲအကွဲကွဲ
မျှော်မှန်းခဲ့ကြတယ်.....။
အိပ်ပျော်သွားတဲ့ ရဲဘော်တွေကို
နိုးပြရတော့မယ်လား
အမျှဝေရတေှာ့မှာလား
ပျော်ပွဲခေါ်ရတော့မှာလား
ဗုံသံတွေ
လူ့ဖြစ်မှုရချင်ခဲ့တယ်
လူလိုသိတဲ့သူတွေနဲ့
တရေထဲသောက်ချင်ခဲ့တယ်
ဗုံသံတွေ
ဒို့ငတ်မွတ်ခဲ့တဲ့
လူ့အနံ့တွေ ရပြီလား.........။
ဒို့တွေ အကုန်တော့
ပြန်မဆုံနိုင်တော့ဘူး...

No comments:

Post a Comment