Saturday 1 September 2012

ရှေးကုသိုလ် နဲ့ ဒေါ်အောင်ဆန်းစုကြည်

ရှေးကုသိုလ် နဲ့ ဒေါ်အောင်ဆန်းစုကြည်

 ရှေးကုသိုလ် နဲ့ ဒေါ်အောင်ဆန်းစုကြည်

အထာမကိုင် အမေ့ အဆင်း
ရနံ့ အသင်းတာကိုလ၊
ရွှေအဟုန် စီးဆင်းလာပြီး
ဒီရင်မှာခတ်စဉ်က၊
ကဗျာဈာန် ရင်မှာတက်ရ ခဲ့တယ်။

အမေ့ သားတွေမို့၊
လေထဲမှာအရုပ်ရေးမယ့်ကျနော်
သည်ပန်းချီကို စုတ်တံနှင့်ရေးသော်လည်း
မေ့မရနိုင်စဖွယ်။

အမေလို့ တဆာဆာ စာတွေ ကွန့်နိုင်တဲ့၊
အမေ့နားသယ်က ဇရာတွေဖြူနေတာမို့ 
သာသနာမှာ ဦးခိုက်မိပါသော်မှ
မေတ္တာဓါတ်နဲ့ ကမ္ဘာပတ်ရသူမို့ 
အမေစုရဲ့ဂုဏ်ဒြပ်တွေကြောင့်
သိနေလို့ မပြီးသေးသူ
ဦးခိုက်ကြည်ညို။

သာသနာ ငါးထောင်
ဒီခေတ်မှာ ဖန်လာတာဖို့ အရေး
လက်မနှေးတဲ့ ဒို့ အမေ
နေခြည်မှာ ရွှေရောင်နီသန်းကွဲ့ မနှေး
အဖြူမှာ မေတ္တာတွေမြူးပါတဲ့
တို့ မေမေ ဒေါ်ဒေါ်စုလေးမှာကွယ်
ရှေးကုသိုလ်ထူး။ ။

ကိုထွန်းဝေ
1.9.2012 စနေနေ့ ။

No comments:

Post a Comment