Saturday, 18 August 2012

လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ...


Yan Aung shared Kachin Duwa's photo.
တကယ်မှန်ကန်တဲ့ အချက်တွေပါခင်ဗျား..။
War $ Peace ဖြစ်ပါတယ်..။
ဒါ ကချင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကချင်လက်နက်ကိုင်နဲ့ဖြစ်တဲ့ တိုက်ပွဲတစ်ခုကိုပဲ ရည်ညွှန်းတာပါ..။

အခြား လက်နက်ကိုင်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေ မပါသေးပါဘူး။

အဲဒီမှာ တစ်ခု သတိထားမိတာက တပ်မတော်က စစ်အသုံးစရိတ်ဘတ်ဂျက်ကို နှစ်စဉ်ထုတ်ပြီးပြီး တိုက်ပွဲတွေကို မျှောထားတာလား ဆိုတဲ့ Comment တွေထဲမှာပါတဲ့ အယူအဆပါတစ်ခု။

ဌာနပေါင်းစုံ အဆင့်ဆင့် လာဘ်စား စရိတ်တင်ထုတ်နေတဲ့အချိန်မှာ တပ်မတော် ကကော အဲဒီလို လုပ်လို့ရပါသလား..။
...See More
ကျည်ဆံတထောင့်ဟာ မြန်မာကျပ်ငွေ ငါးရာမှတစ်ထောင်ဝန်းကျင်ရှိပါတယ်... စစ်သား တယောက်မှာ ကျည် ၃၀၀ လောက် ပါသွားတယ်ဆိုရင် သုံးသိန်းဖိုး... တခါ တိုက်ပွဲဖြစ်ရင် အားလုံးကုန်တဲ့ အပြင် ထပ်ဖြည့်ရတယ်...

သေနတ်တလက် ၅သိန်းမှ ၁၀သိန်းကြား အသီးသီးရှိ တယ်...

တပ်ရင်းတရင်း လူ ၂၀၀ လောက် ခရီးထွက်ရင်.. သွားလာ စရိတ်... စားစရိတ်... ထောက်ပို့... လစာ... ဆေးဝါး... သယ်ယူပို့ဆောင်ရေးယဉ်... ဆက်သွယ်ရေးစက်ကိရိယာ... စက်ဆီကအစ... စစ်အ၀တ်အစား... အရာရှိများအသုံးစရိတ်... အားလုံးပေါင်း .. တပတ်အတွင်း သိန်းထောင်ကြီးပိုင
်းကုန်တယ်....

အခု KIA ကိုထိုးစစ်ဆင်နေတဲ့ တပ်ရင်း တစ်ရာကျော်တယ်...

ဗုံးဆန်တလုံး အနဲဆုံး သိန်းကဏန်းရှိတယ်....

တိုက်လေယဉ်တခါထွက်ရင် သိန်းထောင်ပိုင်း ထည့်သွားရတယ် .... လေယဉ်ပေါ် တပ်ဆင်တဲ့ ဗုံးဆန်တလုံးဟာ အနဲဆုံး သိန်းနှစ်ရာကျော်တန်များ ဖြစ်တယ်။ လေယဉ်ဆီ ဂါလံ ၂၀၀ လောက်ကို မိနစ်ပိုင်းနဲ့ စားသွားတယ်....

KIA ဖက်ကတွက်တာတော့ KIA စစ်သားတစ်ယောက်အတွက် စစ်တန်ဆာ တန်ဖိုးက သိန်း ၇၀ ခန့်ရှိတယ်....

အခု KIA နဲ့ အစိုးရ စစ်တပ် တိုက်ခိုက်နေတဲ့ တစ်နှစ်ကျော်ကာလ စုစုပေါင်း ကုန်ကျစရိတ်ဟာ.. မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာန နဲ့ ကျန်းမာရေး ၀န်ကြီးဌာန နှစ်ခုပေါင်း ရဲ့ ငါးနှစ်စာ အသုံးစရိတ်ဖြစ်ပါတယ်။

ကချင် စစ်ပြေးများရဲ့ အသက်အိုးအိမ်နဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ အချိန်... သူတို့ကို ကျွေးမွေးစရိတ် မပါသေးဘူး... နိုင်ငံတကာလို သူတို့ကိုလဲ မြန်မာနိုင်ငံသားအနေနဲ့ မြန်မာနိုင်ငံရဲ့ GDP ထဲထည့်တွက်ရင်တော့... ဟုမ့်.....

လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ...

နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှ အစစ်အမှန် ငြိမ်းချမ်းရေး ရမည်။

မဟုတ်ရင်တော့ ထာဝရ ငမွဲစာရင်းမှာ ဆက်ရှိနေမယ်....

No comments:

Post a Comment