Saturday, 18 August 2012

မြန်မာ့ဒီမိုကရေစီရဲ့ အန္တရာယ်များ

Ko Win Naing shared a status.
လမ်းသွားတတ်ခါစ ကလေးတစ်ယောက် ဘောက်ဆတ်ဘောက်ဆတ်နဲ့ လမ်းလျှောက်တာကို လူတိုင်းတွေ့ဖူးကြမှာပါ။
သူ့ကိုယ်သူမလဲအောင်အတော်ကိုကြိုးစားလျှောက်လှမ်းနေတာကို တစ်ယောက်ယောက်က အားနည်းနည်းလေးနဲ့ ထိလိုက် တွန်းလိုက်ရင်တော့ ဒီကလေးလဲကျသွားမှာ အမှန်ပါပဲ။
ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးဟာ လမ်းလျှောက်သင်ခါစ ကလေးငယ်တစ်ယောက်လို ပြိုလွယ် လဲလွယ် အခြေအနေမှာ ရှိနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မ
ရပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ခုတစ်လော အသံတွေညံလာတဲ့ အားနှစ်မျိုးက တွန်းတွန်းတိုက်တိုက်လုပ်လာတာ တွေ့လာရပါတယ်။ နီးနီးရောက်နေတဲ့ အားနဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ အား နှစ်ခုပါ။
လောလောဆယ်တွန်းတိုက်လာတဲ့ အားကတော့ ဒီကနေ့ လွှတ်တော်ပေါ်မှာ အသံတွေ ကြားနေရတဲ့ “ပြည်ထောင်စု” ဆိုတဲ့ကိစ္စပါ။ဖွဲ့စည်းပုံအခြေခံဥပဒေကအတိအလင်းပြဋ္ဌာန်းထားတာကို လေးစားလိုက်နာရမယ့်အစား ခုံရုံးတစ်ဖွဲ့လုံး နှုတ်ထွက်စေအောင် ဖိအားတွေ ပေးလာတာကတော့ ဒီမိုကရေစီကို အသုံးချပြီး အနိုင်ကျင့်တဲ့ ဖြစ်စဉ်တစ်ခုပါပဲ။
လွှတ်တော်ကော်မတီတွေကို ပြည်ထောင်စု အဆင့်သတ်မှတ်လာစေရေးမှာ အမေဒေါ်အောင်ဆန်းစုကြည်ကိုတောင် ကမန်းကတန်း ကော်မတီသစ်မှာ ဥက္ကဋ္ဌ(စားပွဲပေါ်မှာသူတို့ရေးထားက ဥက္ကဌ) ပေးပြီး ဒီပြဿနာထဲကို ဆွဲသွင်းလာကြတာ သိသာလွန်းလှပါတယ်။လွှတ်တော်မှာ အင်အားတောင့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ့်အစား ဒီလွှတ်တော်ကနေတာဝန်ပေးထားတဲ့ ခုံရုံးအဖွဲ့ဝင်တွေကို လိုချင်တာမရရင် ဖြုတ်ဆိုတာကြီးက အရုပ်ဆိုးလွန်းပါတယ်။
မီးထွက်ခါစမြန်မာ့ဒီမိုကရေစီကို အရောင်တင်နေကြတာလား ကြံ့ဖွံ့ အမတ်တို့ရယ်။
နောက်လာမယ့် ခပ်လှမ်းလှမ်းက အားတစ်ခုကတော့ ခမောက်ဆရာတို့ ဖက်က လှည့်တင်လာတဲ့ PR(အချိုးကျကိုယ်စားပြု)စံနစ် ကိစ္စပါ။ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲဆန္ဒပြုပုံကို ကိုယ်စားလှယ်ငါးယောက်လောက်ပါတဲ့ မဲစာရွက်နမူနာနဲ့ တစ်အိမ်တက်ဆင်း လိုက်သရုပ်ပြတာတောင် တကယ်မဲထည့်ကြတဲ့အခါမှာ ပယ်မဲတွေ အများကြီးဖြစ်ခဲ့ရတာကြည့်ခြင်းအားဖြင့်၊တစ်နိုင်ငံလုံးမဲဆန္ဒပေးသူ ရာခိုင်နှုန်းကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပညာရေချိန် ဘယ်လောက်နိမ့်ကျနေသလဲဆိုတာ သိသာပါတယ်။ဒီမိုကရေစီအလေ့အကျင့်တွေနဲ့ မနီးစပ်နိုင်အောင် နှစ်ပေါင်းများစွာ ဖန်တီးထားခဲ့တာကြောင့် ပြည်သူတွေမှာ ဒီမိုကရေစီနိုင်ငံရေးနဲ့ ဝေးကွာခဲ့ရလို့ ခုမှ ပြန်လေ့ကျင့်ခါစရှိသေးတယ် ၊ လာပြန်ပါပြီ PRတဲ့။ သဘောရိုးနဲ့ ဖြစ်ဖြစ် သဘောဆန်းနဲ့ ဖြစ်ဖြစ် ခုလိုအချိန်မှာ ဒီကိစ္စကိုဖော်ထုတ်လာတာ သံသယ၀င်စရာတွေ အများကြီးပါ။မြန်မာ့ဒီမိုကရေစီနုနုကလေးအတွက် အန္တရာယ်တွေကို သယ်ဆောင်လာခြင်းပါ။ ဒီကိစ္စကို များမကြာမီမှာ ရှေ့တန်းတင်လာကြပါတော့မယ်။ ပြည်ထောင်စုကိစ္စလို လွှတ်တော်ပေါ်မှာ လူများများနဲ့ အနိုင်ကျင့်ပြဌာန်းလာနိုင်ပါတယ်။ ပစ်တိုင်းထောင်ရုပ်ကလေးကို ကြိုးရှုပ်အောင်လုပ်ကြပါတော့မယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီရေး အတွက် ဒုတိယအန္တရာယ်ပါ ။ ပြည်သူတွေ သတိရှိဖို့ ၊ မျက်ခြေမပြတ်ဖို့ လိုပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ လမ်းလျှောက်တတ်ခါစ ဒီမိုကရေစီကလေးငယ်ကို တစ်ခြားက၀င်မတိုက်မိအောင် ၊ လဲမသွားအောင် ၀ိုင်းထိန်းကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။

No comments:

Post a Comment