Friday 10 August 2012

ချိန်ခွင်လျှာ ဥပဒေ

by Victor Tan on Friday, August 10, 2012 at 12:06pm · ပည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မှာ ဆွေးနွေးညှိနှိုင်းကာ သက်ဆိုင်သူတွေကို တာဝန်တွေခွဲဝေပေးခဲ့တယ်လို့ သိရပါတယ်။ ချိန်ခွင်လျှာ ဥပဒေ ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို နအဖ ဘေးတော်လက်ထက်ကတည်းက အရေးမလျှော် ဘေးချော်အောင် ပြေးကလော်ခံ့တာ ကြာပါပြီ…။ အရာမရောက် ဆီယိုပေါက်တွေနဲ့ ဆင်တော်နဲ့ခလောက်ဖြစ်အောင် အမြင်မလျှော်ဘဲ မှောက်ခဲ့ရတယ်…။ ဥပဒေထုတ်သူက ဥပဒေကို မလိုက်နာ ဥပဒေမှာ မျက်နှာနှစ်မျိုး အခြေနေဆိုးခဲ့ရတယ်…။ ယခုမှာမူ လူမှန်နေရာမှန် အမှန်အကန်နဲ့ လမ်းမှန်တဲ့ဥပဒေကိုရေးဆွဲဖို့ ခုမသွေ တာဝန်တရပ် ဒေါ်စုအားလွှဲအပ်လိုက်ပါပြီ…။ အစကောင်းမှ အနှောင်းသေချာမှာမို့ ချိန်ခွင်လျှာ ဥပဒေဖြစ်အောင် စည်းစနစ်ကျကျ တရားမျှတမှုရှိရှိနဲ့ အသိတရား သတိပွားပြီး အဓိကထား ရေးသွားပါတော့မည်…။ ဥပဒေအထက်..မည်သူမျှ ကျော်မတက်ရ အထက်က သမ္မတအစ အောက်ခြေကပြည်သူအဆုံး အားလုံးတညီတညွတ် အကွန့်အတက်မရှိ ဥပဒေစွန်းငြိခဲ့ပါလျှင် ထိုက်သင့်တဲ့အပြစ်ဒဏ် အတူတူအပေးခံရပါမည်…။ ချိန်ခွင်လျှာဥပဒေ ရိုသေစွာလိုက်နာကြပါလျှင် ပြည်တခွင် အမှန်ပမနှေး ရပ်ရွာအေးချမ်းရေးလဲ ဘေးမသန်း အေးချမ်းလာပါမည်…။ လူခင်ရင် မူပြင်ပြီး လူမုန်းရင် မူသုံးတာမျိုး လုံးလုံးကွယ်ပျောက် ကြောက်စရာ့လာဘ်စားမှုလဲ ထပ်ခါအားမပြုနိုင်အောင် ဥပဒေဘောင်က မယောင်မလပ် ဘောင်ခတ်ပေးသွားပါမည်…။ ပြည်သူကိုယ်စား တအားတက် အများအတွက်လုပ်ပေးသွားမယ့်အမေစုကိုလဲ အလေးပြု အရေးထား လေးစားရပါမည်…။ တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေး မနှေးအမြန်ပေါ်ထွန်းလာနိုင်ပါစေ…။ တက္ကသိုလ်ဘုန်းကြွယ် (သြဂုတ် ၉ ၂၀၁၂)

No comments:

Post a Comment