by Hero Mann
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ပြန်ကြားရေး အရာရှိကြီးများအား ELEVEN MEDIA CEO ဦးသန်းထွဋ်အောင်က လာဘ်ထိုးစည်းရုံးမှုများ ပြုလုပ်ခဲ့မြန်မာမီဒီယာလောကတွင် ရှိသမျှမီဒီယာများကို လိုက်လံအပုတ်ချပြီး တစ်ဦးတည်း တစ်ယောက်တည်း အင်ပါယာတည်ထောင်ရန် ကြိုးစားနေသည့် အလဲဗင်း မီဒီယာ စီအီးအို ဦးသန်းထွဋ်အောင်သည် အမှန်တ ကယ်အားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းအား လာဘ်ထိုးင်္ပြီး အထူးအခွင့်အရေးများ ခံစားလာခဲ့ သူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
“သူတို့က သူရဲကောင်းအယောင်ဆောင်နေတာပါ။ လူတွေကလည်း အဟုတ်ထင်နေကြတယ်၊ ဦးကျော်ဆန်း မိသားစု နိုင်ငံခြားထွက်တာနဲ့ အလည်ပဲထွက်ထွက်၊ဆေးကုဖို့ပဲထွက်ထွက် CEO သန်းထွဋ်အောင်က သူခိုင်းသမျှလုပ်ရတဲ့ ဒေါက်တာသိန်းမြင့်ကို ဒေါ်လာထုပ်ချိုင်းကြားညှပ်ပြီး နိုင်ငံခြား ထိလိုက် ခိုင်း တာ အတွင်း သိတွေအားလုံးမေးကြည့်ရင်သိနိုင်ပါတယ်” ဟု အမည်မဖော်လိုသူ သန်းထွဋ်အောင်နှင့် နီးစပ်သည့် သူတစ်ဦးက ပြောသည်။ ထို့အပြင် ပြန်ကြားရေးမှ အရာရှိကြီးများ နိုင်ငံခြားသွားမည် ဆိုသည်နှင့် သန်းထွဋ်အောင်က ဒေါ်လာများကိုစာအိတ်တွင်ထည့်ပြီး မုန့်ဖိုးအမြဲပေးနေကြောင်း ၊ ယခုတိုင်ဖြစ်ကြောင်း လည်း စုံစမ်းသိရှိရသည်။
ထို့အပြင် ယခင်စစ်အစိုးရလက်ထက်တွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကိုယ်ရေးလက်ထောက် ဗိုလ်မှူးကြီး စိုးရှိန်ကို ရှယ်ယာပေးခဲ့ကြောင်း လည်း သိရှိရသည်။
“ကျွန်တော်တို့တွေက သူ့သတင်းတစ်ခုခုအရေးယူမယ်ကြံရင် သူက ကိုစိုးရှိန်ဆီပြေးပြီး ဖုန်းဆက်ပြီ။ ဟိုကဖုန်းဝင်လာပြီး
ဖိအားပေးရော။ ပြီးခဲ့တဲ့ တပ်မတော် အစိုးရကာလတစ်လျောက်လုံးမှာ အပေါ်ပိုင်းကနေ ဖိအားပေးပြီး ထင်ရာစိုင်းတာ အလဲဗင်းတစ်ခုပဲရှိတယ်” ဟု စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ အကြီးတန်း အရာရှိကြီးတစ်ဦးက ပြောသည်။
“အလဲဗင်း မီဒီယာသမိုင်းကြောင်းက အရှင်းကြီးပါ ၊ ဘောလုံးဂျာနယ်ထုတ်ဖို့အဲဒီတုန်းက မီးရထားဝန်ကြီး သားမက် အကူအညီနဲ့ ထောက်လှမ်းရေးတပ်နဲ့ပေါင်းပြီး ထုတ်ဝေခွင့်ရယူခဲ့တယ်၊ တစ်လျှောက်လုံး မှာ ထောက်လှမ်းရေးနဲ့ အတွင်းပေါင်း ပေါင်းခဲ့တာ သန်းထွဋ်အောင်ပဲဖြစ်တယ် ။ ဂျာနယ်တစ်စောင် ကနေပြီး နောက်တစ်စောင်လဲ ထောက်လှမ်းရေးနဲ့ပေါင်းပြီး ထုတ်ဝေခွင့် ရခဲ့တယ်။ အဲဒီတုန်းက ထောက်လှမ်းရေး ဒုညွှန်မှူး ဗိုလ်ချုပ် ကျော်ဝင်းကို သူတို့ရုံးရှိရာ ယုဇနတာဝါမှာ အခန်းတစ်ခန်း လာဘ်ထိုးပေးခဲ့တယ်။ ဒါပေမယ့်ဗိုလ်ချုပ်ကျော်ဝင်းလည်း နားသွားရော အဲဒီအခန်းချက်ချင်း ပြန်တောင်းတယ်။ သန်းထွဋ်အောင်က အဲသလိုလူမျိုး” ဟု သူနှင့် အနီးကပ်လက် တွဲလုပ်ခဲ့ဖူး သည့် ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးကပြောသည်။
“အဲဒီတုန်းက စာပေစိစစ်ရေးညွှန်မှူးဖြစ်လာတဲ့ ဗိုလ်မှူးတင့်ဆွေက အလဲဗင်းမှာ စာရေးနေတာ။ ဗိုလ်မှူးတင့်ဆွေကို စာပေစိစစ်ညွှန်မှူး မဖြစ်ဖြစ်အောင် လျာထားတဲ့ လူတစ်ဦးကို အတင်းဖယ်ပြီး ရအောင်လုပ်ပေးခဲ့တာလဲ သန်းထွဋ်အောင်ပဲ ဖြစ်ပါတယ်။ အလဲဗင်းကို သတင်းဂျာနယ်တွေ ချပေးတာ အခုလိုအထူးအခွင့်အရေးတွေရအောင်လုပ်ပေးခဲ့တာ ဦးကျော်ဆန်းနှင့် ဦးတင့်ဆွေတို့က နောက်ပိုင်းမှာ အဓိကဇာတ်ကောင် ဖြစ်လာတယ်။ သူ့ထုံးစံအတိုင်းနောက်ပိုင်းမှာ အာဏာရှိသူတွေကို ရှယ်ယာပေးတဲ့ပုံစံနဲ့ ပဲစည်းရုံးခဲ့တာ ဖြစ်တယ်။ အလဲဗင်းကို သူတို့အရေးမယူရဲတာလည်း သန်းထွဋ်အောင်က သူတို့ကို blackmail လုပ်ထားတယ်” ဟု သန်းထွဋ်အောင်၏ လူယုံဖြစ်ခဲ့ဖူးသူတစ်ဦးကပြောသည်။
“တကယ်တမ်းပြောရရင် စာပေနယ်မှာ တော်တော်များများက ရိုးရိုးသားသားလုပ်ကိုင်စားနေသူတွေပါ။ သန်းထွဋ်အောင်က သူတစ်ဦးတည်း အင်ပါယာတည်ထောင်ချင်တာနဲ့ပဲ ပြိုင်ဘက်တွေကို တိုက်ခိုက်၊ မဟုတ်တာတွေ နဲ့ အပုတ်ချ၊တကယ်ဖောက်ပြန်ခဲ့တဲ့ သူ့ဇာတိရုပ်ကိုဖုံးကွယ်နေခဲ့တာ” ဟု ယင်းကဆက်လက်ပြောကြားသည်။
အလဲဗင်းမီဒီယာ၏ ငွေကြေးများအား မက်(စ်)ကုမ္ပဏီမှ ဦးဇော်ဇော်က ထောက်ပံ့ထည့်ဝင်ထားကြောင်း ၊ အာဏာရှိသူများကို ရှိစဉ်အခိုက်ရှယ်ယာထည့်ပေးပြီး အာဏာလက်လွတ်ဖြစ်ချိန်တွင် မျက်နှာပြောင်တိုက်ရှယ် ယာပြန်ရုတ်သိမ်းနေသူ အလဲဗင်း မီဒီယာ စီအီးအို ဦးသန်းထွဋ်အောင်၏ လုပ်ရပ်များအပေါ် ရှယ်ယာ ရုတ်သိမ်းခံရသူများ က အောင့်သီးအောင့်သက်ဖြစ်နေကြောင်း သိရှိရသည်။
(မဟုတ်မမှန်ဝါဒဖြန့်ချင်း မဟုတ်ပါ။ အားလုံးအတိအကျ အမှန်အကန်ဖြစ်ကြောင်း တာဝန်ယူပါသည်။ မင်းသားခေါင်းဆောင်း ထားသော ဘီလူးကြီးတစ်ကောင်၏ တကယ့်ဇာတ်ရုပ်ကို ပြည်သူအများအပြား သိရှိစေရန်သာ ရည်ရွယ်ပါသည်။)
No comments:
Post a Comment