by Yangon Press International on Tuesday, August 21, 2012 at 12:12am ·
သြဂုတ်၊ ၂၀၊ ၂၀၁၂၊ YPI
ရခိုင်ပြည်နယ်တွင်းပဋိပက္ခများအားစုံစမ်းရန်နိုင်ငံတော်သမ္မတကဖွဲ့စည်းပေးလိုက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ပါအဖွဲ့ဝင်နှစ်ဦးကိုစစ်တွေ ဒေသခံအချို့ကလက်မှတ်ရေးထိုး ကန့်ကွက်ရန် စီစဉ်နေသည်ဟု စစ်တွေဒေသခံတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း လူစုလူဝေးနှင့်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အစိုးရ၀န်ထမ်း မဟုတ်သည့် ပုဂ္ဂိုလ် ၂၇ ဦးပါဝင်သည့် ကော်မရှင် တရပ်ကို နိုင်ငံတော် သမ္မတ အမိန့်ဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ ယင်းကော်မရှင်တွင် ပါဝင်သည့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ နှစ်ဦးအားကန့်ကွက်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ဦးမှာ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးနှင့် အချက်အလက်မှန်များရရှိရေးတွင် သံသယရှိသည့်အတွက် စုပေါင်းလက်မှတ်ရေးထိုးကန့်ကွက်ရခြင်းဖြစ်ကြောင်းစစ်တွေမြို့၊အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။“ကန့်ကွက်စာကိုနိုင်ငံတော်သမ္မတဆီကိုပို့မှာပါ”ဟု ၎င်းက ပြောသည်။
ယင်းဒေသခံက “ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ ရခိုင်တိုးတက်ရေးပါတီက ပါဝင်ပတ်သက်မှုတွေ အများကြီးရှိတယ်။ စစ်တွေတွင်ဇွန် ၃ ရက် က (ဈေးကောက်ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေအမှတ် ၁ ရဲစခန်းအား လူစုလူဝေးဖြင့် ဖျက်ဆီးမှု) ဖြစ်ခဲ့တဲ့ကိစ္စက ရခိုင်တိုးတက်ရေးပါတီဝင်တွေကြောင့် စဖြစ်ခဲ့တာ။ ဦးကိုကိုကြီးဆိုရင်လည်း ရခိုင်သမိုင်းနဲ့ ဒေသခံတွေ အပေါ်မှာ အမှန်တရားကို မသိဘူးလို့ယူဆပါတယ်” ဟု YPI သို့ပြောသည်။
မြောက်ဦးမြို့နယ်တွင် လွန်ခဲ့သည့် ဇူလိုင်လက တပ်အတွက်စပါးကြိတ်နေသည့် ဆန်စက်ကို ခိုင်တိုးတက်ရေးပါတီဒုတိယ မြို့နယ်ဥက္ကဋ္ဌက ဘင်္ဂါလီများအတွက် စပါးကြိတ်မပေးရန် သွားရောက်ပြောဆိုခဲ့သဖြင့် ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရသည်။
ထိုကဲ့သို့ အောက်ခြေပါတီဝင်များ ကိုယ်တိုင်ပါဝင်ပတ်သက်နေသည့်ပါတီခေါင်းဆောင် အနေဖြင့် အမှန်တရားကိုတိကျစွာဖော်ထုတ်ပေးလိမ့်မည်ဟု မယုံကြည်ကြောင်း စစ်တွေဒေသခံက ဆိုသည်။
“နိုင်ငံတော်သမ္မတကအကောင်းဆုံးလုပ်ပေးတာကို ၀မ်းသာပါတယ်။ ဒါပေမယ့် သူတို့မပါဘူးဆိုရင် ပိုပြီးပြည့်စုံတဲ့ အချက်တွေရနိုင်တယ်” ဟု ၎င်းက ပြောသည်။
အမျိုးသားအကျိုးစီးပွားတိုးတက်ရေး အကြံပြုရန်အတွက် အငြိမ်းစား သာသနာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့် ခေါင်းဆောင် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ မူဆလင်ဘာသာရေး လူမှုရေး ခေါင်းဆောင်များ၊ သိက္ခာတော်ရ ခရစ်ယာန် ဘုန်းတော်ကြီးများ၊ အနုပညာရှင်၊ စာရေးဆရာများ ပါဝင်သည်ကို တွေ့ရသည်။
ကော်မရှင်မှ စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လာမည့် နိုဝင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထားကာ သမ္မတထံ တိုက်ရိုက် အစီရင်ခံ တင်ပြရမည်ဟု ဖေါ်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်းမေလနှင့် ဇွန်လတွင်ဖြစ်ပေါ်ခဲ့သောဖြစ်စဉ်များအား ဖော်ထုတ်ရန်အတွက် ပြည်ထဲရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စု ဒုဝန်ကြီးနှင့် အစိုးရ အာဏာပိုင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ဖွဲ့စည်းကာ သမ္မတထံ ဇွန်လ ၃၀ ရက်ထက် နောက်မကျစေပဲ တိုက်ရိုက် အစီရင်ခံရန် ညွှန်ကြားခဲ့သည်။
ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ နောက်တွင် ယခုဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဒုတိယမြောက် ကော်မရှင်ဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ်ကျော်က တူရကီ နိုင်ငံခြားရေး ၀န်ကြီး ဦးဆောင်သည့် အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ မြန်မာနိုင်ငံလာရောက်ကာ သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံပြီးနောက် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက် ခဲ့သည်။
မကြာသေးမီကာလများအတွင်း ပြည်ပ သတင်းမီဒီယာ အချို့တွင် နိုင်ငံမဲ့ လူနည်းစု ရိုဟင်ဂျာများအား အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များက နှိပ်စက်သတ်ဖြတ်လျှက်ရှိသည် ဆိုသည့် သတင်းဖေါ်ပြမှုများ ရှိခဲ့သည်။

ရခိုင်အရေးနှင့် ပတ်သက်၍ှဆန္ဒထုတ်ဖေါ်ကြသူ တချို့ကို ရန်ကုန်မြို့ ရှင်စောပု လမ်းမပေါ်တွင် သြဂုတ် ၁၉ ရက်နေ့က တွေ့ရစဉ်၊
ထို့ပြင် ရခိုင်ပြည်နယ်တွင်းမေလနှင့် ဇွန်လတွင်ဖြစ်ပေါ်ခဲ့သောဖြစ်စဉ်များအား ဖော်ထုတ်ရန်အတွက် ပြည်ထဲရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စု ဒုဝန်ကြီးနှင့် အစိုးရ အာဏာပိုင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ဖွဲ့စည်းကာ သမ္မတထံ ဇွန်လ ၃၀ ရက်ထက် နောက်မကျစေပဲ တိုက်ရိုက် အစီရင်ခံရန် ညွှန်ကြားခဲ့သည်။
ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ နောက်တွင် ယခုဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဒုတိယမြောက် ကော်မရှင်ဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ်ကျော်က တူရကီ နိုင်ငံခြားရေး ၀န်ကြီး ဦးဆောင်သည့် အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ မြန်မာနိုင်ငံလာရောက်ကာ သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံပြီးနောက် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက် ခဲ့သည်။
မကြာသေးမီကာလများအတွင်း ပြည်ပ သတင်းမီဒီယာ အချို့တွင် နိုင်ငံမဲ့ လူနည်းစု ရိုဟင်ဂျာများအား အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များက နှိပ်စက်သတ်ဖြတ်လျှက်ရှိသည် ဆိုသည့် သတင်းဖေါ်ပြမှုများ ရှိခဲ့သည်။
No comments:
Post a Comment