၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ ဆရာ့ကို မွေးဖွားခဲ့ပါတယ်။ ဒီကနေ့ဟာ ဆရာ့မွေးနေ့ပါ။ ဆရာမရှိတော့ပေမဲ့ ဆရာ့ကို ကျွန်တော်တို့ သတိတရ ရှိနေပါတယ်။
ကဗျာဖြင့်. . ကဗျာအားဖြင့် . . . (မိုးဝေး)
သတိရတယ်
အချိန်တွေ စက္ကူပန်းရုံလေးတွေကို တိုးရှဲရင်း
ကျွန်တော် ရောက် ရောက် သွားတတ်တယ်
ရောက်တတ်ရာရာ စကားတွေ။
ယုံသော်လည်း မယုံနိုင်အောင် ယုံခဲ့ရတဲ့ ခွဲခွာခြင်း
ဆရာနဲ့ငါ အမှတ်ရစရာ ငါးရာတန် စာအုပ်လေးများ
ဆရာပြောတဲ့ သူတို့ငယ်ငယ်က ပြားခြောက်ဆယ်တန် စာအုပ်များ။
ဒီနေ့ပဲ သူ့အသုဘကို လိုက်ပို့ခဲ့တယ်
ဒီနေ့ပဲ သူ့ဖေ့စ်ဘုတ်ကို ဖွင့်ကြည့်မိတယ်
အဲဒီမှာ မိသားစုနဲ့ထပ်တူး(
အဲဒီမှာ It's too early, Ba Ba :(
အဲဒီမှာ အရင်တုန်းက ဆရာလူထုစိန်ဝင်း( ၁၉၄၀- ) ပေါ့လေ
အခုတော့ (၁၉၄၀-၂၀၁၂) လို့ ဖြည့်လိုက်ရပြီ။ နှမြောလိုက်တာဆရာရယ်
အဲဒီမှာ May you rest in peace sayar gyi....with my deep condolences.
အဲဒီမှာ so sad to see this photo...we'll miss your great articles.
လေးစားပါတယ် ဆရာ။ ကောင်းရာသုဂတိရောက်ပါစေ။
ဇွန်လ ၁၈ ရက်နေ့။
ညပိုင်းမှာတော့ ဆရာ ထိုင်နေကျ နေရာလေးမှာ
ပန်းခြင်းတွေနဲ့ ပန်းခင်းတန်းလေး ဖြစ်နေပါတယ်။
နှင်းဆီပန်းရနံ့တွေက လေထဲမှာ ပျံ့လွင့်နေကြတယ်။
ပြုသမျှ ကုသိုလ်အဖို့ကိုလည်း အမျှဝေပါတယ်ဆရာ
အဲဒီမှာ အရင်းစစ်တော့ စနစ်တစ်ခုလုံးပြင်ရမှာ
အဲဒီမှာ နေရာထက် သိက္ခာက အရေးကြီးပါတယ်
အဲဒီမှာ ယုံတာ-မယုံတာ အသာထား
ကိုယ့်အလုပ်ကိုယ်တော့ တာဝန်ကျေအောင်လုပ်ရမှာပဲ
အဲဒီမှာ အရမ်းကို share သင့်တဲ့ဆရာရဲ့အဖိုးမဖြတ်နိုင်တဲ
စာပေရတနာတွေထဲက တစ်ခု ပြီး တစ်ခု။
ဇွန်လ ၁၉ ရက်နေ့။
ဒီနေ့ဆိုတာ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့လည်း ဖြစ်တယ်
ဖေ့စ်ဘုတ် တပြင်လုံး ဒေါ်လေးရဲ့ပြုံးပန်းတွေ
အဲဒီပြုံးပန်းတွေမှာ အကွက် အကွက် ဆရာ့နာရေးသတင်းက
ဆင်ခြင်စရာ ရက်ဖေါက်လို့ သူ့ဟန်အတိုင်း။
ကားဆရာ
သုံးဆယ့်ကိုးလမ်းနဲ့ ကုန်သည်လမ်းထောင့်
ဟုတ်ကဲ့ တစ်ယောက်ထဲပါပဲ ဘယ်လောက်ပေးရမလဲ
ဟုတ်ကဲ့ ကမ်းနားလမ်းဘက်ကတော့ ၀င်လို့မရဘူးဆရာ
ခုထက်ထိ ပိတ်ထားတုန်းပါပဲ။
ဆရာ့ကို လွမ်းပါ၏
ဆရာ့အိမ်ရှေ့လမ်းတစ်ဖက်ကနေ ဖြတ်ဖြတ်လျှောက်
ဆရာ မရှိတော့တဲ့ ပိတောက်ကိုင်းကြားက ပြတင်းဆီ ငေး
လေအေးပေးစက်တွေနဲ့ ပိတ်ထားခဲ့ပြီဖြစ်တဲ့ ပြတင်းတစ်ကွက်
ငါ့ခေါင်းထဲ ခိုအုပ်တွေ တဖျတ်ဖျတ် ထပျံကြတယ်။
မိုးဝေး
၂၀၁၂
လူထုစိန်ဝင်း ပညာသင်ဆုအတွက် သြဂုတ်လ ၁၅
ရက်နေ့အထိ အလှူငွေ လက်ခံရရှိမှုမှာ ငွေကျပ် ၁၄,၀၇၈,၇၀၀ တိတိ (ကျပ်
သိန်းတစ်ရာ့လေးဆယ် ခုနှစ်သောင်း ရှစ်ထောင့် ခုနှစ်ရာကျပ်) ဖြစ်ပါသည်။
No comments:
Post a Comment