ဒီနေ့ နဲ့ မနက်ဖြန်
တက်လိုက်ဆင်းလိုက်နဲ့ 
သဘက်ခါလဲ မသေချာ
ရေရာတာတွေ ပြန်တွေး
ရတက်မအေးတာ
ပြည်သူများအတွက်ရယ်မို့ 
ဆွေးနွေးနေတာအခါခါ
လွှတ်တော်မှာ ချွတ်ချော်လေရဲ့ 
အပျက်အပျက်တွေကများ
လွှတ်တော် ထဲမှာလည်းစံပြ
ဟန်ပန်မရှိတဲ့ ဒို့ အမေစု
လွှတ်တော်အမတ်တွေ ရဲ့ အလယ်
ခေါင်းဆောင်ပီသပါပေတယ်
ပညာကကြွယ်
စေတနာက မှန်တာမို့ 
အလင်းရောင်တွေ အမြဲဖော် ဆောင်ပေး
အမှောင်ခွင်းတဲ့ဒို့ခေါင်းဆောင်
မိသားစုကို တကယ်ခွဲခွာ
ပေးဆပ်ခြင်းများစွာနဲ့
လူထုအရေး ဦးစားပေးပြီး
အသက်ပေးဆောင်ရွက်သူမို့ 
ပတ္တ့မြား မှန်လျင်နွံမနစ်ပါဘူး ရယ်မို့ 
လွှတ်တော်ထဲမှအမေ့ ကို ထောက်ခံ
အားပေးလိုက်ကြစို့ လေး။ ။
အားပေးကြသူများကို အထူးလေးစားချစ်ခင်လျက်
ကိုထွန်းဝေ ။
No comments:
Post a Comment