ဧရာဝတီတိုင်းမြို့တော်
ပုသိမ်မြို့မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး
င၀န်မြစ်ရေတက်မှုကြောင့် ရပ်ကွက် ၁၀ခု ကျော်မှာ ရေလွှမ်းမိုးနေတဲ့ အတွက်
ဒုက္ခသည်ပေါင်း ၂သောင်းကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့
သိရပါတယ်။
ပုသိမ်မြို့ဝန်းကျင်က ရေဘေးဒုက္ခသည်တွေကို မိမိတို့ပါတီက ဖွဲ့စည်းထားတဲ့
ရေဘေးကယ်ဆယ်ရေးအဖွဲ့နဲ့အတူ ပွင့်လင်းလူ့အဖွဲ့အစည်း၊ မေတ္တာရိပ် ကျန်းမာရေးကူညီစောင့်ရှောက်မှုအသင်း၊ သဒ္ဒါဖြူသွေးလှုရှင်အဖွဲ့၊ လင်းရောင်ခြည်ဖောင်ဒေးရှင်း တို့က ပူးပေါင်းပြီး ကူညီထောက်ပံ့ရေး
လုပ်ငန်းတွေဆောင်ရွက်ပေးနေတယ်လို့ ပုသိမ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင် ကိုအောင်တင်ဦးက RFA ကိုပြောပါတယ်။
မိုးပြင်းထန်စွာ ၂ ပတ် နီးပါးဆက်တိုက်ရွာခဲ့တဲ့အတွက် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကူးစက်ရောဂါတွေဖြစ်ပွါးနိုင်တဲ့ အလားအလာ
ရှိတယ်လို့လည်း သိရပါတယ်။
ရေဘေးကြောင့် ပုသိမ်ခရိုင်အတွင်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၄၀၀၀ ကျော်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားရတယ်လို့ ဧရာဝတီတိုင်း အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။ လယ်ဧက ၂ သိန်း ၂သောင်းကျော် ရေနစ်မြုတ်နေပြီး ရေဘေးကြောင့် ဒုက္ခရောက်နေသူ ၂ သိန်းကျော်ရှိ တယ်လို့ သိရပါတယ်။
(ဓာတ်ပုံ - Golden Pathein Facebook မှ ရယူဖော်ပြပါသည်။) — Wall Photos

No comments:
Post a Comment