Saturday, 18 August 2012

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ အစီရင်ခံစာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘာသာရေးလွတ်လပ်ခွင့်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်လျက်ရှိသည်။ ဆော်ဒီအာရေဗျီးယားနိုင်ငံ၏ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ (၂၀၁၁ ခုနှစ်) မှ ကောက်နုတ်ချက် အချို့ကို အောက်တွင် ဖော်ပြအပ်ပါသည်။

----

ဥပဒေနှင့် ပေါ်လစီများသည် ဘာသာရေးလွတ်လပ်ခွင့်ကို အသိအမှတ်မပြုသည့်အပြင် ဘာသာမတူကိုးကွယ်မှုများကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်သည်။ ၁၉၉၂ အခြေခံဥပဒေ (19
92 Basic Law) အရ စူနီအစ္စလာမ်သည် နိုင်ငံ၏ တရားဝင်ဘာသာဖြစ်ပြီး နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကုရအာန် ကျမ်းစာ နှင့် ဆုနာ (တမန်တော် မိုဟာမက်၏ ပြောစကားနှင့် ထုံးနည်းစဉ်လာ) ဖြစ်သည်။

ပြည်သူပိုင်နေရာများတွင် အစ္စလာမ်ဘာသာမှအပ တခြားဘာသာရေးဆိုင်ရာ ကိုးကွယ်မှုများနှင့် လုပ်ဆောင်မှုများအားလုံးကို တားမြစ်သည်။

အစိုးရနှင့်ပြည်သူ နှစ်ရပ်လုံးက နိုင်ငံရေးနှင့် ဘာသာရေး အဆောက်အအုံးကြီးနှစ်ခု ဒွန်တွဲနေခြင်းကို လိုလားကြပြီး ခွဲခြားမှုပြုခြင်းကို ဆန့်ကျင်သည်။

အစိုးရ၏ အစ္စလာမ်ဘာသာရေးဆိုင်ရာ ကျင့်ထုံးများကို မွတ်စလင်များကိုယ်တိုင်က မလိုက်နာပါက နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ ဘာသာရေး စသည့် ကဏ္ဍရပ်များတွင် အကြီးအကျယ် ခွဲခြားဆက်ဆံခြင်းကို ခံကြရသည်။ အလုပ်အကိုင် အခွင့်အရေးများ၊ ပညာရေးအခွင့်အရေးများ၊ အစိုးရဌာနများတွင် ပါဝင်နိုင်ခြင်းများ ဆုံးရှုံးကြရသည်။ (စကားချပ် - မြန်မာနိုင်ငံအပါအ၀င် တခြားနိုင်ငံများတွင် လူနည်းစုများ၊ အစ္စလာမ်ဘာသာဝင်များကို ဖိနှိပ်နေသည်ဟု ဟစ်အော်နေသော OIC သည် ၄င်း၏ ဗဟိုရုံးချုပ်ကြီးစိုက်ရာ ဆော်ဒီအာရေဗျီးယားနိုင်ငံတွင် အစ္စလာမ်ဘာသာမ၀င်သူများသာမက အစ္စလာမ်ဘာသာဝင်ဖြစ်သော ရှီးယားမွတ်စလင်များပင် ခွဲခြားဖိနှိပ်မှုများကိုမူ ရေငုံနှုတ်ပိတ်နေသည်။)

ယခုနှစ် (၂၀၁၁) အတွင်း လူပုဂ္ဂိုလ်တချို့အား “စုန်းကဝေနှင့် အောက်လမ်းပညာများ”ကို အသုံးပြုသည် တံဆိပ်တပ်ကာ သေဒဏ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

"စရိုက်ကောင်းထွန်းကားရေးနှင့် မကောင်းဆိုးဝါးတားဆီးရေး ကော်မရှင်" (Commission for the Promotion of Virtue and Prevention of Vice) နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ လုံခြုံရေးဝန်ထမ်းများသည် မွတ်စလင်မဟုတ်သော တခြားဘာသာရေး စုဝေးမှုများကို ရှောင်တခင်စီးနင်းဝင်ရောက်မှုများ ပြုလုပ်ခဲ့ပြီး ၄င်းတို့၏ ဘာသာရေး အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့သည်။ အနိုင်ကျင့်စော်ကားမှုများ၊ နှောင့်ယှက်ဒုက္ခပေးခြင်းများကို CPVPV က ပြုလုပ်ခဲ့သည်။ တခြား CPVPV နှင့် တရားဝင်ဆက်စပ်ခြင်းမရှိပဲ သီးခြားရပ်တည်နေသော အစ္စလာမ်ဘာသာစောင့်ကြပ်ရေး ဗိုလမ်တီယာများ၊ အလွတ်အဖွဲ့ဝင်များ နိုင်ငံတ၀ှမ်းတွင် ရှိနေပြီး နိုင်ငံသားများနှင့် နိုင်ငံခြားသားများကို ကိုယ်ထိလက်ရောက် စော်ကားမှုများ၊ နိုင်ထက်စီးနင်းပြုမှုများကို လုပ်ဆောင်နေကြသည်။

မွတ်စလင် ဖခင်မှ မွေးဖွားလာသော ကလေးငယ်များကို ဥပဒေအရ မွတ်စလင်အဖြစ် အလိုအလျောက်သတ်မှတ်ထားပြီး အစ္စလာမ်ဘာသာမှ တခြားဘာသာသို့ ကူးပြောင်းပါက ၄င်းအား ဘာသာရေးဖောက်ပြန်သူဟု သတ်မှတ်ကာ ကွပ်မျက်ခြင်းပြစ်ဒဏ်ချမှတ်ခြင်း ခံရနိုင်သည်။

ဆူနီအစ္စလာမ်ကို စော်ကားမှုပြုလုပ်ပါကလည်း ကွပ်မျက်ခံရနိုင်သည်။

အစိုးရမှ နိုင်ငံသားမဟုတ်သူများကို “မွတ်စလင်” (သို့) “တခြားဘာသာ” ဟူသော ဘာသာရေးအချက်အလက်ပါသော ID ကဒ်များကို ကိုင်ဆောင်ခိုင်းသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ဆူနီဗလီများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းများအတွက် လိုအပ်သော ငွေးကြေးထောက်ပံ့ခြင်းများ၊ ဘာသာရေးခေါင်းဆောင်များအား လစာပေးခြင်းများကို ဆောင်ရွက်သည်။ ၂၀၁၀ ခုနှစ်စာရင်းများအရ ပြည်ထဲရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့ထားသော ဆူနီဗလီပေါင်း ၇၅၀၀၀ ရှိသည်။ သို့သော် ရှီးယားမွတ်စလင်များမှာကား ယင်းကဲ့သို့ ထောက်ပံ့ခြင်းများကို မခံစားကြရပေ။

အစ္စလာမ်ဘာသာကို မကိုးကွယ်သော်ငြားလည်း ပြည်သူပိုင်ကျောင်းများတွင် အစ္စလာမ်ဘာသာအကြောင်းကို မသင်မနေရ သင်ကြားကြရသည်။ အာရေဗျ နှင့် ဘာသာရေး ကျောင်းသုံးစာအုပ်များတွင် ဂျူးနှင့် ခရစ်ယာန်ဘာသာဝင် မုန်းတီးရေးစာများ၊ ရှီးယား နှင့် ဆူဖီ မွတ်စလင်နှင့် တခြားဘာသာဝင်အုပ်စုများကို ရှုတ်ချရေးသားမှုများ စသည့် ဘာသာရေးမုန်းတီးမှုပြန့်ပွားခြင်းများကို ဖော်ပြနေဆဲဖြစ်သည်။

No comments:

Post a Comment