Showing posts with label သတင်း ဘာသာရေး. Show all posts
Showing posts with label သတင်း ဘာသာရေး. Show all posts

Monday, 25 February 2013

'ဗုဒ္ဓဝင်အကျဉ်းမှတ်ရန်'

ဂေါတမဘုရား၏ မှတ်တမ်းမှတ်ရာ များကိုလက်လှမ်းမှီသလောက် ဖော်ပြအပ်ပါတယ်။

'ဗုဒ္ဓဝင်အကျဉ်းမှတ်ရန်'

၁။ လူအမည် = သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ = ဂေါတမ
၃။ မိဘအမည် = သူဒ္ဓေါဒနမင်းနှင့် မာယာဒေဝီ
၎။ ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ)
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေဝဒတ်
၇။ မိထွေးတော် = ဂေါတမီ
၈။ နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား)
၁၀။ နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ)
၁၁။ နိမိတ်ကြီးများ = သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓာရသေံဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ(၉၇ မှ ၁၀၃အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း

Friday, 2 November 2012

ကိုးန၀င်း မိုးလင်းမှသိမယ်




ကျနော်၏မိတ်ဆွေများသို့ စောစောစီးစီိး ကျက်သရေမင်္ဂလာတိုးစေရန် ရည်ရွယ်ပြီး ဓမ္မဒါနအဖြစ်ဝေမျှပါတယ်..

၁။ ဂုဏ်တော်ကိုးပါးဖြင့် လောကီအကျိုးစီိးပွားအောင်မြင်ဖြစ်ထွန်းစေသာ အဓိဌာန် ဖြစ်သည်။

၂။အဓိဌာန် အဆင့် ၉ ဆင့်ပါရှိပါသည်။ တဆင့်လျှင် (၉)ရက်နှုန်းဖြင့် (၈၁)ရက် ၀င်ရမည့်အဓိဌာန် ဖြစ်ပါသည် ။တစ်ဆင့်လျင် သင်၏အရေးကြီးဆုံး ကိစ္စတစ်ခုကို ဆုတောင်းနိုင်ပါတယ် ။

၃။ အဓိဌာန် အဆင့် (၉)ဆင့်အောင်မြင်နေချိန် တွင် သင်၏ဆုတောင်းများ အံ့သြဖွယ်ရာ ပြည့်ဝနေလိမ့်မည်ဟု ရဲရဲကြီး ယုံကြည်ပါ.။
သင်လည်းဝင်ဖြစ်အောင်ဝင်ပါ။ သင့်မိသားစုကိုလည်း ၀င်ရန်တိုက်တွန်းပါ။

၎။ဖော်ပြထားသော ဂုဏ်တော်အမှတ်စဉ်အတိုင်းစိပ်ပါ ။
ပုတီးပတ်မှာလည်း ဂုဏ်တော်အမှတ်စဉ်အတိုင်း(၁) ကျလျှင် ၁ပတ်စိပ် ပြီး (၂)ကျလျှင် နှစ်ပတ်စိပ်သွားရန်ဖြစ်ပါတယ်။

၅။ မည်သည့်နေ့ တွင်မွေးဖွားသောသားသမီးမဆို တနင်္လာနေ့ မှစပြီး အဓိဌာန် ဖြင့် ၀င်ရောက်ရပါမည်။

၆။ [[]] ကာလာအရောင်ဖြင့် ဒီလိုပုံစံပြထားသောအကွက်သည် သတ်သတ်လွတ်စားရမည့် နေ့ ဖြစ်ပါတယ်။

ဒီ အဓိဌာန် ဖြင့် ရွှေငွေစီးပွား တိုးတက်အောင်မြင်ကြပါစေ လို့ ဆန္ဒပြုရင်း မျှဝေလိုက်ရပါတယ်။
မည်သူမဆိုလွတ်လပ်စွာ ကူးယူနိုင်ပါတယ်။

ကိုထွန်းဝေ 2.11.2012

Sunday, 21 October 2012

ဆင်းတုကိုးကွယ်နေလို့  ဘာအကျိုးရှိမှာလဲတဲ့လား

ဂါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲဒါတွေကအခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

Monday, 15 October 2012

မြန်မာနိုင်ငံတွင် OIC ရုံးများ အခြေစိုက်ခွင့် မပြုရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မည်

“ကျွန်တော်တို့နိုင်ငံက OIC အ ဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာ ကိုးကွယ်သူအများကြီးရှိတဲ့ နိုင်ငံလည်း မဟုတ်ပါဘူး။ အဲဒါကို OIC က ကျွန်တော်တို့နိုင်ငံ မှာ ဘာလာလုပ်မှာလဲ။ ယာယီပဲဖြစ်ဖြစ်၊ အမြဲတမ်းပဲဖြစ်ဖြစ် ဘာရုံးမှ အခြေစိုက်စရာမလိုပါဘူး။ ကူညီပေး စရာရှိရင် ဒီမှာရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အန်ဂျီအိုတွေကတစ်ဆင့် ကူညီပေါ့။ ရခိုင် လူမျိုးနဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခကနေ တစ်နိုင်ငံလုံးအ
တိုင်းအတာနဲ့ ပဋိပက္ခတွေဖြစ်ပွားအောင် ဖိတ်ခေါ်သလိုဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါလုံးဝမလုပ်သင့်ဘူး။ လုံးဝလက်မခံနိုင်ပါဘူး။

နိုင်ငံ ရေးပါတီတွေနဲ့ တပ်မတော်အနေ နဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ တွေးမြင်သင့်တယ်။ ကျွန်တော်ထိုင်းနိုင်ငံကိုသွားပြီး ထိုင်း-မြန်မာနယ်စပ်မောတောင်ဖက်သွားဖို့ Tour ကုမ္ပဏီတစ်ခုနဲ့ စကားပြောတော့ သူက ဒီတစ်နှစ် နှစ်နှစ်အတွင်း မှာ ထိုင်း-မြန်မာနယ်စပ်ကို ဆော်ဒီ သူဌေးတွေကို ခဏခဏပို့ပေးရတယ် လို့ ပြောတယ်။ အဲဒီမှာ မွတ်ဆလင် သူပုန်တွေရှိတယ်လို့လည်း ကြားတယ်။ ဆော်ဒီဆိုတာ OIC ရှိတဲ့နိုင်ငံ၊ ဆော်ဒီသူဌေးတွေဟာ အစွန်းရောက်တွေကို ထောက်ပံ့လေ့ရှိတယ်။ အစိုးရအနေနဲ့ ဒီအချက်ကို ပြန်စဉ်းစားဖို့သင့်တယ်။ သီပေါမင်းပါတော်မူကာနီးမှာ ဗြိတိသျှနယ်ချဲ့တွေက ဘုရင့်ရှေ့မှာ ဖိနပ်စီးခွင့်အနိုင်ကျင့် ပြီး တောင်းသလိုမျိုး ခံစားရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်တာကို ထောက်ခံပါတယ်”
ဒေါက်တာသန်းထွဋ်အောင် (Eleven Media Group ၏ CEO)