Friday 2 November 2012

ကိုးန၀င်း မိုးလင်းမှသိမယ်




ကျနော်၏မိတ်ဆွေများသို့ စောစောစီးစီိး ကျက်သရေမင်္ဂလာတိုးစေရန် ရည်ရွယ်ပြီး ဓမ္မဒါနအဖြစ်ဝေမျှပါတယ်..

၁။ ဂုဏ်တော်ကိုးပါးဖြင့် လောကီအကျိုးစီိးပွားအောင်မြင်ဖြစ်ထွန်းစေသာ အဓိဌာန် ဖြစ်သည်။

၂။အဓိဌာန် အဆင့် ၉ ဆင့်ပါရှိပါသည်။ တဆင့်လျှင် (၉)ရက်နှုန်းဖြင့် (၈၁)ရက် ၀င်ရမည့်အဓိဌာန် ဖြစ်ပါသည် ။တစ်ဆင့်လျင် သင်၏အရေးကြီးဆုံး ကိစ္စတစ်ခုကို ဆုတောင်းနိုင်ပါတယ် ။

၃။ အဓိဌာန် အဆင့် (၉)ဆင့်အောင်မြင်နေချိန် တွင် သင်၏ဆုတောင်းများ အံ့သြဖွယ်ရာ ပြည့်ဝနေလိမ့်မည်ဟု ရဲရဲကြီး ယုံကြည်ပါ.။
သင်လည်းဝင်ဖြစ်အောင်ဝင်ပါ။ သင့်မိသားစုကိုလည်း ၀င်ရန်တိုက်တွန်းပါ။

၎။ဖော်ပြထားသော ဂုဏ်တော်အမှတ်စဉ်အတိုင်းစိပ်ပါ ။
ပုတီးပတ်မှာလည်း ဂုဏ်တော်အမှတ်စဉ်အတိုင်း(၁) ကျလျှင် ၁ပတ်စိပ် ပြီး (၂)ကျလျှင် နှစ်ပတ်စိပ်သွားရန်ဖြစ်ပါတယ်။

၅။ မည်သည့်နေ့ တွင်မွေးဖွားသောသားသမီးမဆို တနင်္လာနေ့ မှစပြီး အဓိဌာန် ဖြင့် ၀င်ရောက်ရပါမည်။

၆။ [[]] ကာလာအရောင်ဖြင့် ဒီလိုပုံစံပြထားသောအကွက်သည် သတ်သတ်လွတ်စားရမည့် နေ့ ဖြစ်ပါတယ်။

ဒီ အဓိဌာန် ဖြင့် ရွှေငွေစီးပွား တိုးတက်အောင်မြင်ကြပါစေ လို့ ဆန္ဒပြုရင်း မျှဝေလိုက်ရပါတယ်။
မည်သူမဆိုလွတ်လပ်စွာ ကူးယူနိုင်ပါတယ်။

ကိုထွန်းဝေ 2.11.2012

No comments:

Post a Comment