Showing posts with label ထူးဆန်းသတင်း. Show all posts
Showing posts with label ထူးဆန်းသတင်း. Show all posts

Saturday, 19 April 2014

နံ့သာကုန်းမိုးကုတ်ဝိပသနာဓမ္မရိပ်သာကျောင်းကောင်းကင်ထက်မှရဟန္တာတစ်ပါး

နံ့သာကုန်းမိုးကုတ်ဝိပသနာဓမ္မရိပ်သာကျောင်းကောင်းကင်ထက်မှရဟန္တာတစ်ပါးဖူးမျှော်ရပါသည် လို့  15.4.2014 နေ့က ပုသိမ်မြို့ မှာဖူးမျှော်ခဲ့ရသူ ကာယကံရှင်နဲ့  ကျနော် စကားစမည်ပြောဖြစ်ပါတယ်။ MaLei...... ကောင်းမြတ်သောနှစ်သစ်မှာ အေးချမ်းပျော်ရွင်မှု့ များစွာဖြင့်ဘဝကိုဖြတ်သန်းနိုင်ပါစေ ကျနော်....အမမေးစရာရှိလို့ ပါ

 MaLei.....ဟုတ် ကျနော် ....ဘုန်းကြီးရဟန္တာတစ်ပါး ကြွသွားတာ ကိုယ်တိုင်မြင်ရတာလား? MaLei......ဟုတ်ပါတယ် တကယ်သေသေချာချာမြင်လိုက်ရလို့ တခါမှမကြုံဘူးတဲ့ ဝမ်းနည်းသလို ဝမ်းသာသလိုခံစားရပါတယ် နောက်စိတ်ထဲမှာ အဲလိုမျိုး အဲဒါကြောင့်မျှဝေခံစားစေချင်တာပါ။
ကျနော်.... အဲဒီအချိန်ထဲမှာ ပေါ့ အမေစိတ်တွေဘယ်လိုမျိုးဖြစ်ပေါ်ပါသေးလဲ? MaLei.....အင်း ပြောရရင် အများကြီးဘဲ ကျနော်.... ပြောပါသိချင်လို့ ပါ။ MaLei....ကျမ အဲလောက်ထိသီလ သမာဓိ မပြည့်စုံသေးပါဘူး။ ကျနော်.... သိသလောက်ပေါ့။ MaLei....ဒါပေမဲ့ ဒီလိုဖူးလိုက်ရတော့ ငါ့ဘဝ မှာလိုအပ်တာတွေအများကြီးဘဲ ကောင်းတာတွေလုပ်ဖို့ လိုပါသေးလားပေါ့။ ကျနော်....သာသနာမှာတော်တော်လေး ပေါ့ပဌန်းဆက်ပါတယ်လို့ ဆိုရပါမယ်။ MaLei....အဓိကတော့ ဗုဒ္ဓဘာသာဟာ ဘယ်လောက်ထိမြင့်မြတ်ပြီး ကိုယ်လုပ်မှကိုယ်ခန္တာ ငြိမ်းချမ်းမယ်ဆိုတာတွေ မပြောပြတက်လောက်အောင်ဘဲ နောက်ပြီးဘာတွေပြောချင်သေးလဲအမ အရင်က ရိပ်သာတို့ ဝိပဿဘာနာကိုပုံမှန်လောက်ဘဲလုပ်ခဲ့တာ ကျနော်....ဟုတ်ကဲ့ပါ အခုကျနော်တင်လိုက်ပါ့မယ်
 MaLei.....အခု ဒီရက်တွေစူးစူးစိုက်စိုက် လုပ်ခဲ့တယ် အဲဒီကောင်းတာတွေလုပ်ခဲ့လို့  ဖူးခွင့်ရတာလားဆိုပြီး အားတက်မိတယ် ကျမတို့ ကမိရိုးဖလာဗုဒ္ဓဘာသာကိုးကွယ်သလိုဖြစ်နေတာလေ အခုတော့ သေချာတာတော့ ကိုယ်လုပ်မှ ကိုယ်ခန္တာငြိမ်းချမ်းမယ် သံသရာဆိုတာလည်းဖြတ်နိုင်မယ်ဆိုတာပါ ဒီပုံရိပ်က ကျမကိုအများကြီး ကောင်းအောင်ကြိုးစားဖို့ သတိပေးသလိုခံစားရတယ် တကယ်တော့ သံသရာကရှည်လွန်းတယ်လေ ဖြတ်နိုင်ဖို့ ခတ်ခဲပေမဲ့ ကြိုးစားပြီးလုပ်ပါ့မယ် ရိပ်သာကဆရာတော်လည်း သင်ပေးတာအရမ်းကောင်းတယ် မျှဝေခံစားစေချင်တာပါ ****************************************************
ကျနော် ရဟန္တာ သတင်းတင်ကို တင်ဖို့ အတွက်မူရင်းပိုင်ရှင်နဲ့  အားလုံးစကားပြောတာလေး ပြန်လည်မျှဝေတာပါ မိမိတို့ အတွက်ကျနော့်မိတ်ဆွေတွေ အားလုံးအတွက်ဖြစ်ပါစေလို့ ကျနော်ဆုတောင်းပေးလိုက်ပါတယ်။
 လေးစားလျက်
ကိုထွန်းဝေ
18.4.2014



Friday, 15 February 2013

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက် (ရုပ်/သံ)




ရုရှားနိုင်ငံတွင် ကောင်းကင်ယံမှ ဥက္ကာခဲများ မီးလောင်ပေါက်ကွဲကာ ကျဆင်းလာမှုကြောင့် လူပေါင်း ၉၀၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့ နံနက်အစောပိုင်း ရုရှားနိုင်ငံရှိ နေရာ ၃ နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။
  http://www.planet.com.mm/news/read.cfm/id/21001

Sunday, 13 January 2013

ထန်းတပင်တွင် ရဟန္တာ တစ်ပါး ထွက်ပေါ်



ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြော င် ကျေးရွာရှိ သိမ်ကျောင်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တ အာဒိစ္စ၀ံသ၊ သက်တော် (၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည် ပျံလွန်တော်မူသွားသည်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက် ရှိလာသော်လည်း ရုပ်ကလာပ်မှာ ပုပ်ပွပျက်စီးခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွား သကဲ့သို့ ရုပ်ပြောင်းလဲမှု များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ဆရာတော်ဘုရာကြီးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၁ ရက် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ ညေ န ၆ နာရီ ၅၀ မိနစ်တွင် တောင်ငူမြို့ ကေတုအထူးကုဆေးခန်းတွင် ပျံလွန်တော်မူ သွားခဲ့ပြီး ရုပ်ကလာပ်အား သီတင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။

ရုပ်ကလာပ်အား သင်္ဂြိုဟ်မည့် ရက်ကာလတွင် ဆရာတော်၏ ဘယ်ဘက်မျက်လုံးတော်ဘက်မှ မှိုကဲ့သို့ေ သာ ပွင့်ဖတ်ဖြူဖြူပုံစံများ ပေါ်ပေါက်နေသည်ကို သတိထားမိရာမှ သိမ်ကျောင်းဂေါပက လူကြီးများနှင့် ရွာသူရွာသားများက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌထံသို့ တင်ပြ လျှောက်ထားကြပြီး ရုပ်ကလာပ်ခန္ဓာ ကိုယ်အား ဆေးထိုးထားခြင်း မရှိကြောင်းနှင့် ရွာသူရွာသားများကလည်း မီးသင်္ဂြိုဟ်ရန် ဆန္ဒမရှိသေးဘဲ ရုပ်ကလာပ်အား ဆက်လက်ထားရှိရန် ခွင့်ပန်ကြသဖြင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်းမရှိပဲ မှန်းခေါင်းအ တွင်း ထားရှိရာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက်ရှိပြီဖြစ်ကြောင်း ကြိမ်တောမြောင် သိမ်ေ ကျာင်း ဂေါပကအဖွဲ့ဝင် ဦးချစ်လှိုင်က ပြောကြားသည်။

“သင်္ဂြိုဟ်မယ့်နေ့က ရုပ်ကလာပ်ကို မယူလိုက်တော့ ခန္ဓာကိုယ်က ပျော့ပျောင်းနေတယ်၊ အေးပြီးတော င့်နေ တာမျိုး မရှိဘူး၊ ၁၅ ရက် လောက်ကြာပြီး ခန္ဓာက သိသိသာသာ ရုပ်ပြောင်းလဲလာတဲ့ အချိန်မှာ ကိုင်ကြည့်တော့ ကျောက်ဖြစ်သွားသလို မာတောင့်နေတယ်။ အနံ့အသက်လည်း လုံးဝမထွက်ပါဘူး” ဟု ဆရာတော်၏ ခန္ဓာကို ကိုယ်တိုင်မယူ ထိတွေ့ခဲ့ သူ ကိုမောင်မောင်းစိန်က ပြောကြားသည်။

ဆရာတော်ဘုရားကြီးသည် ကြိမ်တောမြောင်ကျေးရွာနေ ခမည်းတော် ဦးခိုင်လေး၊ မယ်တော်ဒေါ်ေ ထွးညို တို့ မှ ဖွားမြင်ကာ မွေးချင်း ၇ ယောက်အနက် သုံးယောက်မြောက် သားဖြစ်ပြီး ငယ်နာမည်မှာ မောင်ဟန် တင်ဖြစ်သည်။ ဖူးမြော်ကြည်ညိုလိုပါက တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့စိုးမြစ်ဆိပ်သို့သွားရာ အရှေ့ ဘက် ကျောက်လမ်းကြမ်းအတိုင်း ၄ မိုင်ခန့်၊ စစ်တောင်းမြစ်အနီး မြစ်ကမ်းပါး အတိုင်း တောင်ဘက်ေ တာင် သာရွာ သို့ ဆိုင်ကယ်ဖြင့် ၂၅ မိနစ်ခန့် မောင်းနှင်ရပြီး ထိုမှမြစ်ကို စက်လှေဖြင့်ကူးကာ တောင် ဘက်သို့ ငါးမိနစ်ခန့် ဆိုင်ကယ်မောင်းလျှင် ဆရာတော်ကြီး၏ ရုပ်ကလာပ်ရှိရာ ကြိမ်တောမြောင် ကျေးရွာ သိမ်ကျောင်းတော်သို့ ရောက်ရှိကြောင်း သိရှိရသည်။

Tuesday, 25 December 2012

အဲပုဂံလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အစိုးရ ပြန်ကြားရေးဌာနမှ တရားဝင်ထုတ်ပြန်ချက်



အဲပုဂံလေကြောင်းခရီးစဉ်အမှတ် W9-011 လေယာဉ်အမှတ် XY-AGC ဖော်ကာ F - 100 အမျိုး အစားလေယာဉ်မှာ လေယာဉ်အမှုထမ်း ၆ ဦး၊ လုံခြုံရေး ၂ ဦး၊ နိုင်ငံခြားသား ၅၁ ဦးအပါအ၀င် ခရီးသည် ၆၃ ဦး စုစုပေါင်း ၇၁ ဦးလိုက်ပါလာပါတယ်။

ယနေ့နံနက် ၀၈၅၅ နာရီအချိန်မှာ လေဆိပ်အဆင်း မြူနှင်းများကြောင့် ပြေးလမ်းဘေး လယ်ကွင်း အတွင်းသို့ မှားယွင်းဆင်းသက်ခဲ့တဲ့အတွက် လေယာဉ်အမြီးပိုင်းကျိုးပြီးမီးလောင်သွားခဲ့ပါတယ်။

Tuesday, 20 November 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှို့ ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှို့ ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ ကို ရှာဖွေပေးထားပါတယ်။Burma-Newselite မှ ကူးယူဖော်ပြအပ်ပါတယ်။
တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်။ နိုဝင်ဘာလ ၂၀

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကနေ အင်တာနက်ကိုကျနော်ကြိုးစားပမ်းစားသုံးနေရပါတယ်။ အခုရေးနေတဲ့ စာကြောင်းတွေထဲမှာ မယုံနိုင်စရာ အဆန်းတကျယ်ဖြစ်ရပ်တွေအများကြီးပါဝင်နေပါတယ်။
တကယ်ကို ထူးဆန်းတဲ့ ဒီနိုင်ငံထဲမှာ ကျနော်ရောက်နေတာပါ။

ဒီနိုင်ငံက မတရားမှုတွေဖိနှိပ်မှုတွေသတင်းရေးခဲ့ တဲ့အတွက် ကျနော့် ကိုနှစ်ကြိမ် တိုင် တိုင် ပြည်နှင်ဒဏ်ပေးခဲ့ ပါတယ်။

ဟော အခုကျတော့ လည်း အမေရီကန်သမ္မတအိမ်ဖြူတော်က သတင်းစာ အဖွဲ့ အနေ နဲ့ ကျနော် ဖိတ်ကြားခြင်းခံရပြီး ပြန်ရောက်လိုက်ပါပြီ။ ဒါကျနော် ရဲ့ မလိမ်မိုးမလိမ္မာ တာတွေကို မေ့ သွားကြပြီ ဆိုတော့ သဘောပေါ့..။

ဒီလို ကမ္ဘာမှာအကျော်ကြားဆုံးခြံဝင်းထဲမှာ ကျနော်ရောက်နေတာဟာ အံမခန်းစရာ အပြောင်း အလဲ ပါ။.

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချူပ် ကျနေတုန်းက အဖြစ်အပျက်တွေကို ကျနော်ပြန် လည်မြင်
ယောင်မိ ပါတယ်။ အဲဒိတုန်းကဆိုရင် ထောက်လှမ်းရေးတွေ က ဒီခြံပေါက်ဝကို စောင့်ကြည့် နေပြီး အနောက်နိုင်ငံသားတွေအပြည့် ပါတဲ့  ကားတစီးစီးများ ဒီခြံနားကပ်လာတယ်ဆိုရင် စကားပြော စက်တွေနဲ့ တိုးတိုးတိုးတိုးသတင်းပို့ ကြတော့တာဘဲ။

အဲဒိအချိန်တွေကများ ဒေါ်အောင်ဆန်းစုကြညိရဲ့ ခြံထဲမပြောနဲ့ ဟောဒီတက္ကသိုလ်ရိပ်သာလမ်းကြီးရဲ့ ဘယ်နားကို မှကားရပ်လို့ မရဘူး။

အခုတော့လည်းဒီခြံထဲမှာဘဲ ဒေါ်စုဆီလာတဲ့ ဧည့် သည်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့  အမေရီကန်သမ္မတအိုဘားမား လာရောက်တွေ့ ဆုံမှာကို ကျနော်စောင့်မျှော်နေရပါပြီ။

ဒါဟာ သုံးနှစ်ကြာ ခက်ခဲနက်နဲတဲ့ သံတမန်ရေးရာဆောင်ရွက်မှုတွေရဲ့  ရာဇဝင်တင် တဲ့ ဖြစ်ရပ်ပါ။

အမေရီကန်အစိုးရ စီးပွားရေးပိတ်ဆို့ မှုဟာမြန်မာ ပြည်သူပြည်သားတွေကိုသာ ထိခိုက်စေခဲ့ပြီး အုပ်ချုပ်သူလူတန်းစားတွေကို တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ သယံဇာတအရင်းအမြစ်တွေကို လုပ်ချင်သ လို လုပ်ခွင့် ပေးလိုက်သလို ဖြစ်စေခဲ့ တာကြောင့် မအောင်မြင်ခဲ့ ပါဘူး။

၂ဝဝ၉ ခုနှစ် မှာတော့ အမေရီကန်အစိုးရဟာ. ဘာမား လို့ ခေါ်တွင်နေဆဲဖြစ် တဲ့  မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ မူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပါတယ် ။

ရရှိလာတဲ့ အဖြေကတော့ မြန်မာအပေါ်ထားတဲ့ သဘောထားကို သိသိသာသာပြောင်းလဲဖို့ ပါဘဲ။ ဒါပေမဲ့ ဒီစေ့စပ်ညှိုနှိုင်းမှုကို အားလုံးက စောင့်ကြည့်နေကြပြီးဘယ်လို မြန်မြန်ဆန်ဆန်အကောင်
အထည်ဖော်သွားမလဲဆိုတာ အသေအချာမခန့်မှန်းနိုင်ခဲ့ ပါဘူး။

အခုဒီခြံထဲမှာရှိတဲ့ အရာရှိကြီးတွေကတော့ ဒီလိုပြောင်းလဲမှုတွေအတွက် သူတို့ အံသြဝမ်းသာရ တာကို ပွင့်ပွင်းလင်းလင်းကိုထုတ်ပြောကြပါတယ်.။

ဒေါ်အောင်ဆန်းစုကြည်အကျယ်ချူပ်ကလွတ်တာ နှစ်နှစ်လောက်ဘဲရှိသေးတာနဲ့  ဒီမိုကရေစီကို သွားရာလမ်းကြောင်းကလည်းတလွှဲကြီးဖြစ်နေတာကို မမေ့ သင့်ဘူးဆိုတာကိုပါ။

အခုတော့ဒေါ်စုဟာ လွတ်မြောက်ရုံသာမက ကမ္ဘာအရပ်ရပ် ကခေါင်းဆောင်တွေ နဲ့ ပါတွေ့ ဆုံနေ ပါပြီ။.

သူဟာလွှတ်တော်အမတ်တယောက်ဖြစ်နေပြီး သမ္မတဦးသိန်းစိန် ကတောာင် ဒေါ်စုဟာ တနေ့  မှာခေါင်းဆောင်တယောက်ဖြစ်လာနိုင်တယ်လို့ ပြောကြားနေပါတယ်။

ဒါပေမဲ့ ဒီရလာဒ်တွေပျောက်ပျက်မသွားဖို့ အရေးကြီးပါတယိ၊ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကလည်း အခြေအနေအတော်ဆိုးနေပါတယ်။ နိုင်ငံရဲ့ ၂၅ရာခိုင်နှုန်းလောက်မီးမရသလို၊ကျန်းမာရေးစောင့်
ရှောက်မှု ကလည်းအတော်နိမ့်ကျနေပါတယ်။ လူမျိုးစုပြသာနာတွေကလည်း ရှိနေပြီးနိုင်ငံမြောက် ပိုင်းက ကချင်ပြည်နယ်နဲ့ အနောက်ပိုင်း က ရိုဟင်၈ျာတွေ ရဲ့ ပြသာနာတွေ ဆက်လက် ဖြစ်ပွားနေ ဆဲပါ။

စစ်တပ်က နိုင်ငံရေးနဲ့ လူမှုရေးတွေကို ထိန်းချုပ်ထားဆဲဖြစ်သလို. ရာပေါင်းများ စွာသော နိုင်ငံရေး အကျဉ်းသားတွေလည်း သံတိုင်တွေနောက်မှာ ရှိနေဆဲ ပါ။။

ဒါပေမဲ့ အရင်တုန်းကဘယ်တုန်းကမှမရှိခဲ့ တဲ့ မျှော်လင့်ချက်တရားတွေတော့ ဒီနိုင်ငံမှာရှိလာပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥယျာဉ်ထဲက နှင်းဆီပန်းရနံတွေလည်း လေထဲမှာ သင်းပျံလာပါတယ်၊ နှင်းဆီနံ့ တွေနဲ့ အတူဒီလေထုထဲမှာ ရနေတဲ့ အရာတခုလည်းရှိပါသေးတယ်။
ဒါကတော့ အင်တာနက်ပါ။

မြန်မာနိုင်ငံလို အင်တာနက်သုံးရတာ နှေးကွေးဈေးကြီးရုံတင်မက ကန့် သတ်ချက်တွေများ တဲ့ တိုင်းပြည်တခုမှာ အခုလို ပန်းခြံထဲကနေကြိုးမဲ့ အင်တာနက်သုံးပြီး အီးမေးလ်တွေစာတွေ ပို့ နေရတာ တကယ့် ကို မယုံနိုင်စရာကြီးပါ။

မယုံရင်လည်းပုံပြင်လို့ သာမှတ်လိုက်ပါတော့။ ထပ်ပြောရအုန်းမယ်။ ကျနော်ဒေါ်အောင်ဆန်းစုကြည် ခြံထဲကနေ အင်တာနက်သုံးနေပါတယ်။

CNN သတင်းထောက် Dan Rivers, CNN ၏ Miracles in Suu Kyi's secret garden ဆောင်းပါးကိုဘာသာပြန်ဆိုပါသည်။


"photo Bun Ny

Monday, 29 October 2012

သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပြုစုရအောင်

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအဖွဲ့၏ ၀ါလကင်းလွတ် သီတင်းကျွတ် မှာ ကန်တော့ပန်းဆင်ကြစို့ဆောင်းပါးပါပုံလေးပါ အတုယူ
ကြည်ညိုဖွယ်လေးပါ ခေတ်လူငယ်များအားလုံး အတုယူနိုင်ကြပါစေကြောင်း
ဆုတောင်းပေးပါတယ်

အပြည့်အစုံဖတ်ချင်ရင်တော့---http:
//savetheaged.ning.com/profiles/blogs/4762429:BlogPost:78290
မှာပုံတွေနဲ့ဖတ်လို့ရပါတယ်

ညီမ အေးချမ်းမွန် ဆီမှ ကူးယူဖော်ပြပါတယ်
ညီမငယ်မအေးချမ်းမွန် ကျမ်းမာချမ်းသာပါစေဗျာ
ကျေးဇူးလည်းတင်ပါတယ်

Sunday, 28 October 2012

၃ နှစ်သား ပါရမီရှင်လေး


 ၃ နှစ်သား ပါရမီရှင်လေးSunday, October 28, 2012  အိမ့်သံစဉ် 
 ၃ နှစ်သား ပါရမီရှင်ကလေး၏ တရားဟောနေဟန်၊ Cho Yee's Facebook မှ ဖြစ်ပါတယ်။
 အသက် ၃ နှစ်ကျော် ယောင်္ကျားလေး တဦးဟာ ထူးခြားတဲ့ ပါရမီ ရှင်လေးဖြစ်မယ်လို့ ပြောနေကြပါတယ်။
အသက် ၃ နှစ်တာ ကလေးငယ်တဦးက ရဟန်းတော်ကြီးတပါးလို တရားတွေဟော၊ သီလတွေ ပေးပြီး တကယ့် မထေရ်ကြီးလို ဟောပြောနေတာကို Cho Yee ရဲ့ အင်တာနက်ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထား တာ လူကြိုက်အလွန်များလျှက် ရှိပါတယ်။

တချို့ မှတ်ချက်ရေးသူတွေကလည်း မထေရ် တပါးပါး လူပြန်ဝင်စားတာလားလို့ ရေးသားထားကြပါတယ်။

 ဘာပဲ ပြောပြော ဒီ ဗီဒီယို ရုပ်မြင်သံကြားကို ကြည့်ပြီး ပင်ပန်းနွမ်းနယ်မှုတွေ ပြေလျော့သွားမယ်လို့ ယုံကြည်လို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

Tuesday, 23 October 2012

ဂျင် ကလိထိမှန်တဲ့ ရခိုင်လူငယ် တစ်ဦး























5:12 နာရီ မင်းပြားမြို့ သတင်း
သာစည်ကျေးရွာတွင် ရခိုင်များ ဖမ်းပြီးရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာစည်ကျေးရွာ

 အရေးအခင်းတွင် ရခိုင်သားလူအယောက် (၂၀) ကျော်လောက်အဖမ်းခံရတယ်လို့ သိရရှိခဲ့ပါသည်။ မင်းပြားမြို့ရှိ ထွေအုပ်ရုံးရှေ့တွင် အဖမ်းခံရသူများကို လွတ်ပေးဖို့အတွက် မင်းပြားမြို့မှ မိန်မထောင်ကျော် သွားရောက် ဆန္ဒထုတ်ဖော်လျှက်ရှိပါသည်။


6း15 နာရီ မြောက်ဦးသတင်း
မြောက်ဦးမြို့ဆေးရုံတွင်ဒါဏ်ရာဖြင့်ရောက်ရှိနေသော လူနာနှစ်ဦးမှာ ဒါဏ်ရာအခြေအနေပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ယနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှစတင်ပြီး စစ်တွေဆေးရုံသို့ရေလမ်းခရီးဖြင့် ပို့ဆောင်ပေးရန် စီစဉ်နေပြီဖြစ်ကြောင်းမြောက်ဦးမြိ့ RSV သတင်းထောက်မှပေးပို့ပါသည်။ ယနေ့နံနက်ပိုင်း 1 နာရီကျော်တွင် ရောက်ရှိခဲ့သော လူနာသုံးဦးအနက် တစ်ဦးမှာ စိုးရိမ်ရဖွယ်ရှိကြောင်းလည်း သိရသည်။





ဓါတ်ပုံ ထွန်းလင်း

ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကိုမမေ့ကြနဲ. ( ဇော်သက်ထွေး )


ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကိုမမေ့ကြနဲ.တဲ့ ထိုစာလေးကိုဖတ်ပြီး ကျွန်တော်ရင်ထဲမှာနာကျင်သွားခဲ့ရပါတယ်။ ဘာလို.လဲဆိုတော့ လင်္ကျာထွန်းကို စွပ်စွဲခဲ့တဲ့ ပုဒ်မမျိုးနဲ. ကျွန်တော်လည်းသေဒဏ်ကျခဲ့ဖူးလို့ပါပဲ။

ဒါပေမယ့် ခုကျွန်တော်ကအပြင်မှာ ၀ါသနာပါတဲ့ အလုပ်တွေကို မမောတမ်းလုပ်ကိုင်နေတဲ့အချိန် လင်္ကျာထွန်းကတော့ သာယာဝတီထောင်ထဲမှာအချိန်ကာလတွေကိုအထီးကျန်ဖြတ်သန်းလျက်ရှိပါတယ်။ကိုယ်ချင်းစာနာစိတ်နဲ.လင်္ကျာထွန်းအကြောင်းတွေးမိတဲ့ အခါ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံကြီးမှာသူပါဝင်လှုပ်ရှားခဲ့တဲ့ ပုံရိပ်တွေကို ပြန်ပြီးမြင်ယောင်လာပါတယ်။

နန်းခင်ဇေယျာရဲ့ ယနေ့ အပြန်ခရီး မြင်ကွင်းများ


 အောင်မြင်မှုတွေအတူ အပြုံးပန်းတွေနဲ့ ပြန်လာတဲ့ နိုင်ငံ ဂုဏ်ဆောင် နန်းခင်ဇေယျာ၊ ဓာတ်ပုံ- နန်းဆိုင်နွမ်/ ဧရာဝတီ

အမိမြေကို နိုင်ငံဂုဏ်ဆောင်ပြီး ပြန်လာခဲ့တဲ့ နန်းခင်ဇေယျာရဲ့ ရန်ကုန် လေဆိပ် အပြန် ခရီးကြိုဆိုသူတွေ နဲ့ မြင်ကွင်းတွေပါ။ 

Thursday, 18 October 2012

နေပြည်တော်၊ Air Force One ၊Aircraft Carrier နှစ်စင်း နှင့် သမိုင်းဝင်မည့် နေ့စွဲများ




ပြီးခဲ့သည့် ရက်သတ္တပါတ် နှစ်ပါတ်ခန့်အတွင်းက အမေရိကန်ရေတပ်မှ USS George Washington နှင့် USS John C.Stennis လေယာဉ်တင်သင်္ဘောနှစ်စင်း သည် အကြောင်းတိုက်ဆိုင်စွာ
ပင် အရှေ့တောင်အာရှဒေသရှိ မလေးရှားနိုင်ငံ Port Klang ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံ Phuket ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိလာခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂျပန်ငြိမ်းချမ်းရေးဆု




မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင် ဆုတစ်ဆု ချီးမြှင့်မယ့်အကြောင်း ဂျပန်နိုင်ငံက ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေး တိုးတက်ထွန်းကားစေဖို့ ဆောင်ရွက်သူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်တဲ့ တတိယအကြိမ်မြောက် Sakai ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၂၅ ရက်နေ့မှာ Sakai မြို့တော်မှာ ချီးမြှင့်ပေးအပ်ဖို့ ရှိပါတယ်။ ဂျပန်နိုင်ငံ Osacaနယ် Sakai မြို့အုပ်ချုပ်ရေးအဖွဲ့ က နှစ်နှစ် တစ်ကြိမ် ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆုပေးပွဲကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး ဆုလက်ခံယူနိုင်မှာတော့ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၄၀ အရွယ် ၁၉၈၅ ခုနှစ်က သားငယ်ဖြစ်သူနဲ့အတူ ဂျပန်နိုင်ငံ မှာ ခေတ္တနေထိုင်ခဲ့ပါတယ်။ မြန်မာ့လွပ်လပ်ရေး ကြိုးပမ်းမှုသမိုင်း သုတေသနလုပ်ငန်းအတွက် Kyoto တက္ကသိုလ်က အရှေ့တောင်အာရှလေ့လာရေးစင်တာမှာ ကိုးလ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗွီအိုအေ ။
ဓါတ်ပုံ  အဘလေး ဥက္ကာ ကိုကို

Monday, 15 October 2012

ငြိမ်းချမ်းရေးနိုဗယ်ဆု နှင့် ဆုရခဲ့သူများ




၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဥရောပသမဂ္ဂနိုင်ငံများ(EU)ကရရှိသွားပြီဖြစ်သည်။

ဥရောပနိုင်ငံများတွင် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက်
...နှစ်ပေါင်း ၆၀ကျော် ဆောင်ရွက်ခဲ့ခြင်းများအတွက်ချီးမြှင့်
လိုက်ခြင်းဖြစ်သည်။

Saturday, 13 October 2012

ရခိုင်ရဟန်းတော် သီရိလင်္ကာနိုင်ငံတွင် ပါရဂူဘွဲ့ ရရှိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှရဟန်းတော် တပါးဖြစ်သော အသျှင်
ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို ကေလဏိယတက္ကသိုလ်မှပါရဂူဘွဲ့ ကို ရရှိခဲ့သည်ဟု သတင်း  ရရှိသည်။
အဆိုပါ ပါရဂူဘွဲ့အား ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ က ရရှိခဲ့သည်။
အသျှင်ဉာဏုတ္တရသည် ၂၀၀၆-ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ ဗုဒ္ဓစာပေများကို လေ့လာသင်ယူခဲ့  ရာ သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ် (University of

Thursday, 11 October 2012

မှတ်သားလောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား
*********************
တပ်မတော်ဟာ ကျမတို့ ပြည်သူတွေနဲ့ တသားထည်း ဖြစ်သွားပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒဟာ တပ်မတော်ရဲ့ ဆန္ဒပဲ၊ တပ်မတော်ရဲ့ ဆန္ဒဟာ ပြည်သူတွေရဲ့ ဆန္ဒပါပဲ ဆိုတဲ့ အခြေအနေ ရောက်သွားမှသာလျှင် ကျမတို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုဟာ စိတ်ချရပြီလို့ ကျမတို့ ပြောမှာပါ။
ကိုထွန်းဝေ စာမျက်နှာ

Wednesday, 10 October 2012

အမေရိကန်ကို မြောက်ကိုရီယားက ဒုံးကျည်ဖြင့် ခြိမ်းခြောက်


အမေရိကန်ကို မြောက်ကိုရီယားက ဒုံးကျည်ဖြင့် ခြိမ်းခြောက်


မြောက်ကိုရီယားနိုင်ငံက သူတို့မှာ အမေရိကန်ပြည်ထောင်စု ကုန်းတွင်းပိုင်းအထိ ပစ်ခတ်နိုင်တဲ့ မဟာဗျူဟာမြောက် ဒုံးကျဉ်တွေ ပိုင်ဆိုင်ထားတယ်လို့ ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ က ပြောလိုက်ပါတယ်တဲ့။

ကိုရီယား ဗဟို သတင်းအေဂျင်စီရဲ့ သတင်းလွှာတခုမှာ အမျိုးသား ကာကွယ်ရေး ကော်မရှင် ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားတာမှာ

“မဟာဗျူဟာမြောက် ဒုံးကျဉ်တွေဟာ ပစ်မှတ်ထဲမှာ ကိုရီယားကျွန်းဆွယ်ပေါ်က အမေရိကန် စစ် အခြေစိုက် စခန်းတွေကိုသာမက ဂျပန်၊ ဂူအမ် (အမေရိကန်ပိုင်ကျွန်း)နဲ့ အမေရိကန် ပြည်ထောင်စု ကုန်းတွင်းပိုင်းထိ ရောက်တယ်” လို့ ပြောထားတာကို AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Wednesday, 3 October 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ဒီမိုကရေစီအကူးအပြောင်းများကို ချီးကျူးဂုဏ်ပြုရင်း အမေရိကခရီးစဉ်ကို အဆုံးသတ်



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အရှေ့ဥရောပ၊ တောင်အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများ၏ ဒီမိုကရက်တစ်အကူးအပြောင်းပုံစံများကို ချီးကျူးဂုဏ်ပြုရင်း ၄င်း၏ ၁၇ ရက်ကြာမြင့်သည့် အမေရိကခရီးစဉ်ကို အဆုံးသတ်လိုက်ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင် ဒီမိုကရေစီပုံစံ ဖြစ်ပေါ်လာအောင် ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့်

Tuesday, 2 October 2012

~ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ ~ ( လော့စ်အိန်ဂျလိစ်မြို့ | အမေရိကန်နိုင်ငံ )




~ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ ~ ( လော့စ်အိန်ဂျလိစ်မြို့ | အမေရိကန်နိုင်ငံ )

နေ့ ရက်။ ။ အောက်တိုဘာလ ၂ ရက်၊ ၂၀၁၂ (အင်္ဂါနေ့ )

အချိန်။ ။ မွန်းလွဲ ၂ နာရီ မှ ၃ နာရီခွဲထိ

နေရာ။ ။ Los Angeles Convention Center
South Wing Hall G, 1201 South Figueroa Street,
Los Angeles, CA 90015.
ကိုမျိုး

အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်

အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်
************************************

လတိုင်း၊ လတိုင်း၏ စက်တင်ဘာလ ၂၅
*************************
ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ်အမေရိကန်နိုင်ငံ၊အင်ဒီယား
*********************************************
နားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henry
**********************************

ကသတ်မှတ်ခဲ့ကြောင်းသိရသည်။
*********************

Friday, 28 September 2012

စစ်တွေမြို့တွင် ကလေး အလောင်းခုထိ မရသေး28.9.2012 ည ၁၀နာရီ သတင်း


ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရေခဲချောင်းရောင်းသော ကလေးတစ်ဦးသည် စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့ ရေခဲချောင်းသွားရောင်းရာမှ ပြန်ထွက်မလာသဖြင့်