Showing posts with label ဓာတ်ပုံသတင်း. Show all posts
Showing posts with label ဓာတ်ပုံသတင်း. Show all posts

Sunday, 23 December 2012

အဖော်အချွတ်တော့ ရတယ်၊ ပန်းချီပြပွဲကတော့ .... အင်း....



~
ရွက်စိမ်း ~

Sithu Linn
 
စကပ်တိုတိုနဲ့အမျိုးသမီးပုံ စာနယ်ဇင်းမှာ ဖော်ပြချင်သလား၊ လုပ်လိုက်လေ။
အ၀တ်အစား ခွာချတော့မယ့်  အမျိုးသမီးပုံလား၊ ဒါလည်း လုပ်လိုက်ပါ။
ပန်းချီပြပွဲ?
အင်း .... ဒါကတော့ .....

    ဒီကနေ့မြန်မာပန်းချီလောကရဲ့ လွတ်လပ်စွာဖန်တီးနိုင်မှု၊ ပန်းချီဆရာတွေရဲ့ ရပ်တည်မှုနဲ့ အခြေအနေ တချို့ အကြောင်းကို အလံပြဘုရားလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် မှာဖွင့်ထားတဲ့ MYANMAR INK Art Gallery  ပြခန်း တာဝန်ခံဖြစ်တဲ့ ကိုစိုးနှင်းအောင်(SNA) က ဧရာဝတီ ဘလော့ကို ယခုလိုပြောကြားခဲ့ပါတယ် ။ 

“ပန်းချီအတွက်တော့ လွတ်လပ်မှုက လုံးဝ မရှိသေးဘူး၊ စိစစ်ရေး (ဌာန) ကို အခုထိ တင်နေရတုန်းပဲ။
 မြန်မာတပြည်လုံးကို ပြန့်သွားနိုင်တဲ့ဂျာနယ်၊ မဂ္ဂဇင်းတချို့ မှာတော့ အဖော်အချွတ်တွေကို ခွင့်ပြုထားပြီးတော့
လူ ၅၀၊ ၁၀၀ လောက် လာကြည့်တဲ့ ပန်းချီပြပွဲအတွက်တော့ စိစစ်ရေးကရှိနေတုန်းပဲ” လို့ ပန်းချီပြပွဲများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ကန့်သတ်မှုတွေ လုပ်နေသေးတဲ့အပေါ်မှာ သူ့အမြင်ကို ပြောကြားခဲ့ပါတယ်။

မြန်မာပြည်မှာပန်းချီဆရာတစ်ယောက်၊ အနုပညာသမားတစ်ယောက်အဖြစ် ရပ်တည်ရတာဟာ အနုပညာရှင်အများစုအတွက် အင်မတန် ခက်ခဲပါတယ်။
ဒီလိုရပ်တည်ဖို့ခက်ခဲတဲ့ အခြေအနေတွေ ကြားမှာပဲ မြန်မာပန်းချီဆရာတွေဟာ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကို ကြိုးစား အားထုတ်နေကြရတာလည်းဖြစ်ပါတယ်။ 

ဝေဖန်ရေး နည်းတယ်၊
ပြပွဲကို စိစစ်နေတယ်၊

ပန်းချီ အနု ပညာရပ်ကို ဖန်တီးနေကြတဲ့ ပန်းချီဆရာတွေမှာ အခက်အခဲတွေ ရှိကြသလို စီးပွားရေးချွတ်ခြုံကြပြီး တစ်ချိန်က အာဏာရှင် အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ စားဝတ်နေရေးအတွက်သာလုံး ပန်းနေရှာတဲ့ မြန်မာပြည်သူတွေဟာလည်း အနုပညာရပ်တွေကို ခံစားနိုင်ဖို့ ဒီကနေ့အထိ အခြေအနေ မပေးသေး၊ အဆင်သင့် မဖြစ်သေးပါဘူး။

 
ပန်းချီပြပွဲများမှာ ပန်းချီဆရာနဲ့ နီးစပ်သူတွေ၊ အနုပညာ အသိုင်းအ၀န်းက ပုဂိုလ်တွေ နဲ့ စိတ်ပါဝင်စားသူ တချို့ကိုသာ တွေ့ရတတ်တာပါ။ 

ပန်းချီလောက ဖွံ့ဖြိုးဖို့အတွက် နိုင်ငံတကာစံနူန်းအရ 
ဖန်တီးသူအနုပညာရှင် (ပန်းချီဆရာ)၊
အနုပညာ ဝေဖန်ရေးဆရာများ၊
အနုပညာပစ္စည်း ၀ယ်ယူစုဆောင်းသူများ၊
 ပြပွဲစီစဉ်သူများ၊
ပြခန်းများ၊ ပြတိုက်များ စသဖြင့် လိုအပ်ပါတယ်။

 မြန်မာပြည်မှာ အခုနောက်ပိုင်း အနုပညာပစ္စည်းတွေကို ၀ယ်ယူစု ဆောင်းသူတွေ ယခင်ကထက် ပိုများလာပါပြီ။ ပြခန်းတွေလည်း ပိုများလာပါတယ်။
ဒါပေမယ့် အနုပညာနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားတာနဲ့ အနုပညာစာစောင်တွေ အားနည်းနေသေးတယ်လို့ ပန်းချီလောကသားတဦးဖြစ်တဲ့ ကိုစိုးနှင်းအောင်က ပြောပါတယ်။


ကိုစိုးနှင်းအောင်ဟာ MYANMAR INK Gallery ရဲ့ ပြခန်းတာဝန်ခံအဖြစ် ဆောင်ရွက်နေပြီး ကမ်းနားလမ်းဟိုတယ်က  ဂီတသမား (Classical Guitar Player) လည်း ဖြစ်ပါတယ်။ 

 မီဒီယာတွေမှာ ပန်းချီပြပွဲသတင်းတွေ ပါနေပေမဲ့ ပွဲလုပ်ပြီးခါမှ ရေးသားဖော်ပြကြတာ ဆိုရင် ပြပွဲအတွက် ထိ ရောက်တဲ့သတင်း မဟုတ်ဘူးလို့ သူကပဲ ပြောပါတယ်။



 
ပန်းချီဆရာတွေဟာ ငွေကြေးထက် အနုပညာကိုသာ   ဖန်တီးပြီး ပျော်မွေ့သူတွေပါ။ လူထုနဲ့အနုပညာရပ်တွေ ပိုမို နီးစပ်မှုရှိလာဖို့ မီဒီယာတွေက အခုထက်ပိုပြီး အားစိုက်ထုတ်သင့်တဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

ပန်းချီအစည်းအရုံး ရှိပေမဲ့လည်း ပန်းချီလောက ဖွံ့ဖြိုးဖို့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မရှိသေးတဲ့အပေါ်မှာ -
“အစည်းအရုံးကနေလုပ်ရမှာက ပန်းချီလောက ဖွံ့ဖြိုးဖို့ အတွက်ပဲ၊ ဒါကို အားလုံး ပါဝင် စဉ်းစားရမှာဖြစ်ပါတယ်။ ယခင်အစည်းအရုံး သက်တမ်း တလျှောက်မှာ ရှိခဲ့တဲ့ အားနည်းချက်တွေ အပေါ်မှာလည်း ပြန်လည် သုံးသပ်သင့်ပါတယ်။  နိုင်ငံတကာ အနုပညာရှင်တွေနဲ့ ပြည်တွင်းက အနုပညာရှင်တွေနဲ့ ထိတွေ့နိုင်အောင် ဖန်တီးပေးတာမျိုးတွေကိုလည်း လုပ်သင့်ပါတယ်။ ပြီးတော့ ပြတိုက် ဖြစ်ပေါ်လာအောင်လို့ ပန်းချီ အစည်းအရုံး အနေနဲ့ လုပ်ဆောင်သင့်တယ်” လို့ ကိုစိုးနှင်းအောင်ကပြောပါတယ်။

Monday, 17 December 2012

ရန်ကုန် ညကို သိမ်းပိုက်တဲ့ ပွဲ


ဓာတ်ပုံ - ဂျေပိုင်

ကမ္ဘာကျော် အဆိုတော် Jason Mraz က ဦးဆောင်ပြီး မြန်မာအဆိုတော်တွေ ဖြစ်တဲ့ ဖြူဖြူကျော်သိန်း၊ လင်းလင်း၊ R ဇာနည်တို့ပါ ပူးပေါင်းကာ လူကုန်ကူးမှု အန္တရာယ် အသိပညာပေး MTV EXIT တေးဂီတ 
ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာဒီဇင်ဘာလ ၁၆ ရက်နေ့ ညက စည်ကားစွာ ကျင်းပခဲ့ပါတယ်။

Thursday, 13 December 2012

ဒေါ်အောင်ဆန်းစုကြည် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်(ရန်ကုန်) အစည်းအဝေးပွဲသို့  တက်ရောက်


၁၃-၁၂-၂၀၁၂ (ကြာသာပတေးနေ့) နံနက် ၁၀း၀၀နာရီတွင် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်(ရန်ကုန်) ၀ိဇ္ဇာခမ်းမ အစည်းဝေးခမ်းမတွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ တင်ပြခြင်း အစည်းအဝေးပွဲသို့  တက်ရောက်ခဲ့ပါတယ်...
ယင်းအစည်းဝေးပွဲသို့  ဒေါ်အောင်ဆန်ဒစုကြည်၊ ဒေါက်တာ မောင်မောင်ဝင့်၊ဒေါက်တာ တင်ထွန်း၊ ဦးဖော်ဌေး၊ ဒေါက်တာ အောင်ကျော်၊ ဒေါက်တာ ခင်စောငွေ၊ ဒေါက်တာ မြင့်ဖူးမင်းတို့တက်ရောက်ကြပါတယ်...
ပြီးနောက် ပင်းယဆောင်၊ စစ်ကိုင်းဆောင် နှင့် ဘွဲ့နှင်းသဘင် ခမ်းမတို့ကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်...

သတင်း  ဘာမားဗွီဂျေ 
ဓါတ်ပုံ ကိုဆင်ပေါက် 



Sunday, 2 December 2012

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြမှုအား အစိုးရကအကြမ်းဖက် ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့ကြသည့် ရဟန်းသံဃာတော်များအား ကြည့်ရှုအားပေး..




မုံရွာမြို့ကိုရောက်ရှိနေကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ဌေးကြွယ်၊မြအေး၊ ဂျင်မီတို့ ပါဝင်သော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ဒီဇင်ဘာလ ၁ ရက်၊ မွန်းလွဲ ၂း၁၅နာရီတွင် မုံရွာမြို့ရှိ မဟာ ဇောတိကာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်သို့သွားရောက်ကာ အဆိုပါကျောင်းတိုက်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုအား အစိုးရကအကြမ်းဖက် ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့ကြသည့် ရဟန်းသံဃာတော်များအား အားပေးကြည့်ရှုခဲ့ကြသည်။

Sunday, 4 November 2012

ရန်ကုန်တွင် ကားပြိုင်မောင်းသူများ ကိုးရက်အတွင်း သုံးကြိမ်ဆက်တိုက် ပြစ်မှုကျူးလွန်



ရန်ကုန်မြို့ တော် လမ်းမကြီးများပေါ်၌ ညဉ့်နက်ပိုင်း အချိန်များတွင်

...ကားပြိုင်မောင်းနေကြသော လူငယ်တစ်စုက ကိုးရက်အတွင်း မင်းမဲ့
စရိုက်ဆန်စွာ ပြစ်မှုကျူးလွန်မှုသုံးကြိမ်ကျူးလွန်ခဲ့ရာ အမျိုးသားတစ်ဦး
သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့
မှူးရုံးထံမှ သိရသည် -

  Myanmar Online News

NLDလူငယ်များ ဒေါ်အောင်ဆန်းစုကြည်အား ဂါရ၀ပြုကန်တော့

 "Photo Burma VJ

Monday, 29 October 2012

မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းအတွင်းမှ ရခိုင်ဒုက္ခသည်စခန်းအတွင်းပိုင်း မြင်ကွင်း

 
မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းအတွင်းမှ ရခိုင်ဒုက္ခသည်စခန်းအတွင်းပိုင်း မြင်ကွင်း
များဖြစ်ပါတယ်။
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day News Journal


Thursday, 18 October 2012

တရုတ်ကျောင်းတွင် ရည်းစား လုံးဝမထားရ




အရှေ့တရုတ်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် အငြင်းပွားဖွယ်ရာဖြစ်သော ရည်းစား လုံးဝမထားရဆိုသည့် အမိန့်ကို ချမှတ်လိုက်သည်။

ယူကင်းယူကိုင်ကျောင်း၏ ထုတ်ပြန်ချက်ထဲတွင် လူငယ်ကျောင်းသားများအနေဖြင့် ဆန့်ကျင်ဖက်လ

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး


ယနေ့ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့အခမ်းအနားအစီအစဉ်တွင် ထူးခြားသည့်အစီအစဉ်များပါဝင်ခြင်းမရှိကြောင်း 7Day News သတင်းထောက်ကသတင်းပေးပို့သည်။ စတုတ္ထအကြိမ်နှင့်

Wednesday, 17 October 2012

မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း


မကွေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါ တီဝင်များ ၂၀၁၀အငြင်းပွား ဖွယ် ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပါတီကူးပြောင်းပွဲအခမ်းအနားကို မကွေးမြို့ နယ် ဒေါင်းနေကျေးရွာ တွင်ပြုလုပ်ခဲ့ပြီးယင်းအခမ်းအနား သို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ
တက်ရောက်ခဲ့ကြောင်း သိရသည်။“မကွေးတိုင်းက NLD ပါတီဝင် တော်တော်များများ
 ကြံ့ခိုင်ရေးပါတီကို ကူးပြောင်းသွား ကြပါတယ်။ ဒီပါတီကူးပြောင်းတဲ့အခမ်းအနားကိုလည်း လုပ်ပြီးသွားပါပြီ။

Sunday, 14 October 2012

♥ ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ဆီသို့ ♥


♥ ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ဆီသို့ ♥

“ပန်းခရမ်းပြာ၏အိမ်မက်များ”

နေ့ရက်။ ။ အောက်တိုဘာလ ၂၈ ရက်(တနင်္ဂနွေနေ့)၊ ၂၀၁၂ ခုနှစ်
အချိန် ။ ။ နံနက် ၁၁ နာရီမှ နေ့လည် ၁နာရီအထိ
ရန်ပုံငွေ ရိုးရာအစားအစာမျိုးစုံဈေးရောင်းပွဲ

Saturday, 13 October 2012

မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ



မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ သို့ တက်ရောက်လာသော သရုပ်ဆောင် အကယ်ဒမီ မြင့်မြင့်ခင် အားတွေ့ရစဉ်

 မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ သို့ တက်ရောက်လာသော သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်

Friday, 12 October 2012

" ပြုံးချိုဖတ်ဖို့ ကဗျာ

 ယနေ့ အောက်တိုဘာလ ၁၂ ရက် မွန်းလွဲ ၁း၀၀နာရီက ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ HOME ခန်းမတွင် ကောက်နွယ်ကနောင် ရေးဖွဲ့သော " ပြုံးချိုဖတ်ဖို့ ကဗျာ" အမည်ရှိ ရှစ်လေးလုံးအရေးတော်ပုံ အမှတ်တရ ကဗျာစာအုပ် မိတ်ဆက်ပွဲကို ကျင်းပရာ တက်ရောက်လာကြသူများကို တွေ့ရစဉ်။
88 Generation Students

Wednesday, 10 October 2012

ကျွန်တော်တို.ရဲ. (ကိုမင်းကိုနိုင်) မွေးနေ.ပွဲကျင်းပမည်

ကျွန်တော်တို.ရဲ. (ကိုမင်းကိုနိုင်) မွေးနေ.ပွဲကျင်းပမည်

ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် ရဲ့ နှစ် ၅၀ ပြည့်မွေးနေ့ပွဲကို ယုဇနဥယာဉ်မြိုတော်ရှိ ထိန်လင်း အခမဲ့ ဆေးကုခန်း အောက်တုဘာလ ၁၈ ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်းသိရှိ၇သည်။ထိုနေ့တွင် ပန်းချီကားများပြသခြင်း စာကြည့်တိုက်အတွက် စာအုပ်များလှုဒါန်းခြင်း ကွန်ပျုတာ လှုဒါန်းပြီး သင်ကြားပေးနိုင်၇န် စီစဉ်ဆောင်ရွက်များ ပြုလုပ်သွားမည်ဟု သတင်းရရှိပါသည်။ 

News from : The Street View


Saturday, 6 October 2012

မူဆယ်တွင် စစ်တပ်မှ အရာရှိဟန်ဆောင်ပြီး သေနတ် အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ

 ရှမ်းပြည်နယ်မြောက်ပိုင်း၊  မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် တွင်နေထိုင် သူ ဒေါ်နန်းစောရင် ၏ နေအိမ် သို့ သေနတ် အတုဖြင့် စစ်တပ်မှအရာရှိ

ဟန်ဆောင်ကာ ကားနှင့်ငွေလိမ်လည်တောင်းသူအားဖမ်းမိခဲ့ကြောင်း သိရပါတယ်။

ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီးအမှုရင်ဆိုင်နေရတဲ့ တရားလိုတစ်ဦးဖြစ်ပါတယ်။
 ခင်ပွန်း သည်ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်အနီးရှိဝိန်းပိုင်ရွာတွင်အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။