Pages

Monday, 24 December 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြောကြားသောမိန့်ခွန်း ကောက်နှုတ်ချက်တချို့



ဓါတ်ပုံ ကိုမောပြေ

“ဒီနိုင်ငံဟာဒီလောက်တောင်မှ သဘာဝသယံဇာတတွေပေါများနေရက်နဲ့ ကျမတို့ပြည်သူပြည်သားတွေက ၀၀လင်လင်မစားရဘူးဆိုလို့ရှိရင်တော့ ဒီစနစ်ကမှားနေပြီလို့ ကျမတို့ပြောရမှာပါပဲ။ တကယ်တော့တစ်ခု မဟုတ်ဘူး အများကြီးမှားနေပြီလို့တောင်ပြောလို့ရပါတယ်။”

“အခုတလောပေါ့နော် ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့နေရာမှာ ကျမသတင်းထောက်တွေနဲ့တွေ့ရင် အထူးသဖြင့် နိုင်ငံခြားကသတင်းထောက်တွေကမေးတယ်။ ၂၀၁၅ ကျရင် သမ္မတဖြစ်ချင်လားလို့မေးတယ်။ ကျမကလည်းဖြစ်ချင်တယ်လို့။ ဖြစ်မှပဲ ကိုယ်လုပ်ချင်တာလုပ်လို့ရမှာလို့။ ဟေး(ပရိတ်သတ်အသံ)
ဒီတော့ ဟိုတလောက တစ်ရက် နှစ်ရက်လောက်ကလည်း သတင်းထောက်တစ်ယောက်နိုင်ငံခြားကသတင်းထောက် တစ်ယောက်ကမေးတယ်။ ကျမကိုနိုင်ငံ့ အာဏာလိုချင်လားတဲ့။ လိုချင်တယ်လို့ကျမကပြောလိုက်တယ်။ ဟေး(ပရိတ်သတ်အသံ)။

လိုချင်တယ်ဆိုတော့ သူကဘယ်လိုပြောလဲဆိုတော့။ သူကနိုင်ငံခြားသတင်းထောက် အင်မတန်မှဝါရင့်တဲ့သတင်းထောက်ဆိုတော့ နိုင်ငံအသီးသီးက နိုင်ငံရေးသမားတွေကို ဗျူးဖူးတယ်။ သူပြောတယ်။ သူဒီလောက်အများကြီး နိုင်ငံရေးသမားပေါ့နော်။ လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံက နိုင်ငံရေးသမား အများကြီးကို ဒီမေးခွန်းမေးခဲ့ဖူးတယ်တဲ့။ တစ်ယောက်ကမှ အာဏာလိုချင်ပါတယ်လို့ မ၀န်ခံခဲ့ဘူးတဲ့။ ကျမတစ်ယောက်ထဲ အာဏာလိုချင်တယ်လို့ပြောတယ်။

ဒီတော့ ကျမကပြောလိုက်တယ်။ ဟုတ်တယ်။ ကျမကအာဏာလိုချင်တယ်။ နိုင်ငံရေးအာဏာရမှ အစိုးရအာဏာရမှ ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကိုနိုင်ငံ အတွက် လုပ်ပေးနိုင်မှာမို့လို့လိုချင်တယ်လို့ပြောတာ။ တခြားနိုင်ငံရေးသမားတွေက အာဏာမလိုချင်ဘူးလို့မေးလိုက်တော့ သူကပြောတယ်လိုချင်တယ်တဲ့။ ဒါပေမယ့် သူတို့ကဘယ်တော့ မှမှန်မှန်ကန်မ၀န်ခံဘူးတဲ့။ အာဏာလိုချင်လို့မဟုတ်ပါဘူး။ ပြည်သူလူထုအတွက်ပါ အစသဖြင့် အဲလိုပြောတယ်တဲ့။

အဲ့တော့ ကျမရှင်းရှင်းလင်းလင်းပြောပါရစေ။ ပြည်သူလူထုအတွက်လုပ်နိုင်ဖို့ ကျမ အာဏာကိုလိုချင်ပါတယ်လို့ပြောပါရစေ။”
23-12-2012

No comments:

Post a Comment