Pages

Monday, 24 December 2012

သမ္မတအဖြစ် တာဝန်ထမ်းဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

သမ္မတအဖြစ် တာဝန်ထမ်းဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်သူလူထု ကောင်းစားရေးအတွက် လုပ်ပေးချင်တဲ့ ဆန္ဒရှိတာကြောင့် မိမိအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် သမ္မတဖြစ်ချင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၂၃ ရက်နေ့ ဒီကနေ့ ပြောလိုက်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တနင်္သာရီတိုင်း ခရီးစဉ်နောက်ဆုံး မြို့ဖြစ်တဲ့ ကျွန်းစုမြို့ အမှတ် ၄ ရပ်ကွက် မြို့သစ်အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ တာဖြစ်ပါတယ်။

အဲဒီ ဟောပြောပွဲမှာ ပညာရေး ကျန်းမာရေးကဏ္ဍတွေမှာ တိုးတက်လာဖို့ ကြိုးပမ်းရမယ်လို့ ပြောခဲ့သလို တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံဟာ သယံဇာတတွေ ပေါကြွယ်ဝနေပေမယ့် ပြည်သူတွေ အကျိုးရလဒ် မခံစားရတာဟာ မှားယွင်းနေတဲ့ စနစ်ကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီတိုင်းကို ၂ ရက်ကြာရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကော့သောင်း နဲ့ မြိတ်မြို့တွေမှာ ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပြီး၊မနက်ဖြန်မှာ မြိတ်မြို့ကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

Rfa 

No comments:

Post a Comment