Pages

Thursday, 1 November 2012

မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ်နှံထားဟုဆို


ပြည်ပ ဘဏ်များတွင် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အနည်းဆုံး ဘဏ် စာရင်းငါးခုဖြင့် အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံ အပ်နှံထားကြောင်း ၀ါရှင်တန် အခြေစိုက် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများ စောင့်ကြည့် နေသည့်အဖွဲ့ (BIC)မှ မန်နေဂျာ Jelson Garcia ကပြောကြားသည်။

''စာရင်းဖွင့်ထားတာတော့ အမှန်ပဲ။ ဘယ်လောက်ဆိုတာ တိတိကျကျပြောဖို့ မလွယ်ဘူး။ ဒီထက်တော့မကနိုင်ဘူး''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းကပြောသည်။

ပြည်ပ၌ ငွေစာရင်းဖွင့်လှစ်ရခြင်းမှာ ပြည်တွင်းမှ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊အစိုးရ၏ ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းကဆိုသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများပြုလုပ်နေသည့် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ စသည့်နိုင်ငံများရှိဘဏ်များတွင် ဖွင့်လှစ်ထား ခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

7Day News Journal

No comments:

Post a Comment