Pages

Thursday, 1 November 2012

မိုးဟေကို ရဲ့နေအိမ်ပိုင်ဆိုင်မှု သူ့ချစ်သူရဲ့ ကြေညာချက်ထွက်ပေါ်


ဗဟန်းမြို့နယ်၊ သံလွင်လမ်းက မိုးဟေကို နေအိမ်၊ ဓာတ်ပုံ- Myanmar Celebrity.com

အာက်တိုဘာလ (၃၁) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ သံလွင်လမ်းရှိ မိုးဟေကိုရဲ့ နေအိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ကန့်ကွတ်တဲ့ မိုးဟေကိုရဲ့ ချစ်သူ ညီညီထွန်း ရဲ့ ကြေညာချက် ထွက်ပေါ်လာပါ တယ်။ 

မော်ဒယ် မိုးဟေကိုရဲ့ ရည်စား ဖြစ်သူ ညီညီထွန်းဟာ မိုးဟေကို လက်ရှိတွင်နေထိုင်နေတဲ့ ရန်ကုန်မြို့ သံလွင်လမ်းရှိ အမှတ် (၇၄/ဘီ) အိမ်နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှု ကြေငြာချက်ကို ကြေးမုံသတင်းစာမှာ
ကြေငြာခဲ့ပါတယ်။

ထိုကြေငြာချက်အရ ညီညီထွန်းနဲ့ လက်ရှိ သံလွင်လမ်း အမှတ် ၇၄/ဘီ ပိုင်ဆိုင်သူ မအေးအေးခိုင် (မော်ဒယ် မိုးဟေကိုလို့ ယူဆနိုင်သူ) တို့ဟာ ၂၀၀၈ခုနှစ် ဧပြီလကတည်းက တရားဝင်လက်ထပ်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ မအေးအေးခိုင် နာမည်နဲ့ သံလွင်လမ်းရှိ အမှတ်၇၄/ဘီ အိမ်ကို ညီညီထွန်းက မအေးအေးခိုင် နာမည်ဖြင့် ၀ယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။


လက်ရှိ အိမ်ထောင်ရေး အဆင်မပြေတာကြောင့် ညီညီထွန်းရဲ့ ခွင့်ပြုချက်မရဘဲ အထက်ပါနေအိမ်ကို မအေးအေးခိုင်အနေနဲ့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း မပြုလုပ်ပါရန် ညီညီထွန်း ရဲ့ ရှေ့နေဖြစ်သူ ဒေါ်ကျော့ကျာ့လှိုင်က ကြေငြာချက်ထုတ်ခဲ့တာဖြစ်ပါတယ်။

မိုးဟေကို အနေနဲ့ ဒီအိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခုလို လူသိရှင်ကြားသတင်းစာတွေထဲ ထည့်ကြော်ငြာ ရတဲ့အဖြစ်ဆိုတော့ ဘယ်လို အခြေအနေတွေ ရှိမလဲ ဆိုတာ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိကြမှာ ဖြစ် ပါတယ်။ 

မိုးဟေကို ရဲ့ အနုပညာပရိတ်သတ်များကို သိစေချင်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။ ညီညီထွန်းဟာ တချိန်က မိုးဟေကို ရဲ့ချစ်သူဖြစ်ခဲ့သလို ပရိတ်သတ်များ အကြားမှာလည်း ပေါ်ပေါ်ထင်ထင် တွဲခဲ့ဖူးပါ တယ်။ ညီညီထွန်းဆိုတာ လက်ရှိ စင်ကာပူနိုင်ငံမှာ နေထိုင်နေသူလည်းဖြစ်ပါတယ်။





ဓာတ်ပုံ-Myanmar celebrity.com

No comments:

Post a Comment