Pages

Saturday, 27 October 2012

ရခိုင်တွင် လတ်တလော ပဋိပက္ခအတွင်း ၆၇ ဦး သေ၊ ၉၅ ဦး ဒဏ်ရာ ရ


ရခိုင်ပြည်နယ် ကျော်တော်ဒေသမှ ဒဏ်ရာရရှိလာသူများကို အောက်တိုဘာ၂၆ရက်နေ့တွင် စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံ တွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

လတ်တလောဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က တိုက်ခိုက်အကြမ်းဖက်မှု တွေကြောင့် သေကြေ၊ ဒဏ်ရာရ သူများ စာရင်း၊ ပျက်ဆီးဆုံးရှုံးမှုတွေကို နိုင်ငံပိုင် သတင်းစဉ်တွေက ယမန်နေ့ည ၈ နာရီက ကြေညာ ထုတ်ပြန်ခဲ့ပြီး ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ သတင်းစာတွင် အသိပေး ဖော်ပြထားပါတယ်။





အဆိုပါ ဖော်ပြပါရှိချက်အရ ယခု နောက်ဆုံး ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ အတွင်း သေဆုံးသူပေါင်း ၆၇ ဦးနှင့် ဒဏ်ရာ ရသူ ၉၅ ဦးရှိကြောင်း၊ အိမ်ခြေ ၂၈၁၈ နှင့် ဘာသာရေး အဆောက်အအုံ ၁၈ ခု မီးလောင် ပျက်ဆီး ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

အောက်တိုဘာလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်၊ ကျောက်တော်၊ ကျောက်ဖြူနဲ့ ပေါက်တော မြို့နယ်တွေမှာ လူစုလူဝေးတွေနဲ့ မီးရှို့ တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် လူ ၁၀ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာ ရပြီး အိမ်ခြေ ၃၈၅ မီးလောင်ပျက်ဆီး ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

No comments:

Post a Comment