Pages

Saturday, 27 October 2012

ရမ်းဗြဲမြို့တွင် မီးဆက်လက် လောင်နေဆဲ



ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် မွတ်ဆလင်များ ရှို့ခဲ့သော မီးမှာ အခုညနေ အချိန်ထိ လောင်ကျွမ်းနေကြောင်း သိရသည်။
“ အိမ်က ၁၅ လုံး၊ ၂၀ ခန့် လောင်သွားပါပြီ။ အခုအချိန်ထိ မငြိမ်းသေးပါဘူး။ ဟိုနား တကွက် ဒီနား တ

ကွက် လောင်နေပါတယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက ပြောသည်။

အာဏာပိုင်များမှ မီးမရှို့ရန် မွတ်ဆလင် (ကမန်) မိသားစုများအား မေတ္တာရပ်ခံထားသည့်ကြားက ယနေ့ နေ့လည် ၁၂ နာရီကျော်တွင် အိမ်များကို မီးရှို့ပြီး ထွက်ပြေးသွားကြသည်ဟု သူက ဆက်ပြောသည်။

“ အာဏာပိုင်တွေက မီးမရှို့နဲ့လို့ ပြောတဲ့ကြားက မီးရှို့ပြီး ထွက်ပြေးတော့ အခု အာဏာပိုင်တွေလည်း ဘာမှ မတတ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒေသခံ ရခိုင်တွေက မီးတွေကို လိုက်ငြိမ်းနေရပါတယ်။ ရခိုင်အိမ်တွေလည်း လောင်နေပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ မီးရှို့မူ ဖြစ်ပွားသော်လည်း ရခိုင်နှင့် မွတ်ဆလင်များအကြား တစ်စုံတစ်ရာ တိုက်ခိုက်မူ မရှိကြောင်း သူက ဆိုသည်။

“ ရခိုင်တွေက ဘာမှ မလုပ်ပါ။ မွတ်ဆလင် ယောင်္ကျားတွေက အကုန်လုံး တောင်ပေါ်ကို တက်ပြေးသွားတယ်။ အမျိုးသမီးတွေက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ခိုလုံနေကြပါတယ်။ အပြန်အလှန် တိုက်ခိုက်တာ တွေ မရှိပါဘူး” ဟု ဆိုသည်။
မွတ်ဆလင် အများစုမှာ မြို့စွန်ရပ်ကွက်များတွင် ရခိုင်များနှင့် ရောနှော နေထိုင်ကြပြီး ယခုကဲ့သို့ မီးရှို့ခြင်းမှာ ရမ်းဗြဲမြို့ တစ်ခုလုံးကို ပြာကျသွားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း သူက ကောက်ချက်ချ ပြောကြားသည်။
( မြန်မာ စံတော်ချိန် ည ၅ နာရီတွင် မေးမြန်းထားသည်)
ရမ်းဗြဲမြို့နယ်မှ ကျေးရွာ တစ်ရွာ (ဓါတ်ပုံ- နိရဉ္စရာ)
  Narinjara

No comments:

Post a Comment