Pages

Saturday, 27 October 2012

ကေအိုင်အေ၊ တပ်မဟာ(၄)အဖွဲ့များ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား


၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသတွင် ကေအိုင်အေ၊ တပ်မဟာ(၄)လက်အောက်ခံ ရင်း(၃၆)မှ အဖွဲ့များသည် ဓါးပြတ
ိုက်၊ ဆက်ကြေးကောက်ရာမှ ရရ
ှိသည့်ငွေများအား ဝေစုခွဲရာ တွင် အဝေမတည့်သဖြင့် အချင်းချင်း ပစ်ခတ်ရာမှ တပ်ခွဲမှူး လကျွေးဆိုသူ သေဆုံးသွားကြောင်း မုံးကိုးအနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံများမှ သတင်းရရှိသည်။

တပ်မဟာ(၄)မှ အဖွဲ့များသည် ငွေကြေးကိစ္စများနှင့်ပတ်ကသ်၍ အုပ်စုငယ်များ ကွဲပြားနေပြီး အလင်းဝင်သူ၊ ထွက်ပြေးသူများ တစ်နေ့ထက်တစ်နေ့ များပြားလာသည်ဟု ဒေသခံရွာသားများမှတဆင့် သတင်းရရှိသည်။

မြ၀တီ
www. myawady.net.mm

No comments:

Post a Comment