Monday 17 September 2012

စိန်ခေါ် ထိုးသတ်မည့်သူမှ မြန်မာ့ စပါးကြီးမြွေ

~ အင်ဆန်အောင်လ နှင့် ထိုးသတ်မည့်သူ ဂျေဆင်လောက်ခ် ဖြစ်သည်ဟု Cage Fury Fighting Championships 17 ပွဲစဉ် စာရင်းများ ထွက်ပေါ်လာ ~

by Ko Thar Ngel on Tuesday, September 18, 2012 at 12:29am ·

ယမန်နေ့က ကြေညာသော CFFC ကြော်ညာ ~

လက်ရှိ ဝေါလ်တာဝိတ်တန်း ချန်ပီယံ ဂျော့ရှ်ဆူလီဗန် အား နောက်ပွဲ၌ စိန်ခေါ် ထိုးသတ်မည့်သူမှာ မြန်မာ့ စပါးကြီးမြွေ ဖြစ်နိုင်သည် ဟု ယခင်အပါတ် MMA လေ့လာ သုံးသပ်သူများက ခန့်မှန်းသော်လည်း ၊ ယခုအခါ အင်ဆန်အောင်လ  နှင့် ထိုးသတ် မည့်သူ ဂျေဆင်လောက်ခ် ဖြစ်သည်ဟု  Cage Fury Fighting Championships 17 ပွဲစဉ် ကြီးကြပ်သူများက ယမန်နေ့ က ကြေညာလိုက်သည်။

အောင်လ မှာ ယခင် မေလလယ်က Bellator Fighting Championships - 68 ဝေါလ်တာဝိတ်တန်း ပွဲစဉ်တွင် ပြိုင်ဖက် Jesus Martinez { ဂျီးဆက်မာတီနက်ဇ် } အား ပထမအချီ၌ ၃၆စက္ကန့်နှင့် ပြိုင်ဖက်အား ဒိုင်ပွဲရပ် နောက်ကောက်ကျ ထိုးသတ်နိုင်ခဲ့သူ ဖြစ်ပြီး။  နိုင်ငံတကာ ကြေးစား စံချိန်နှုန်းထား မှတ်တမ်းများအရ အင်ဆန်အောင်လ မှာ 13-8-0 (Win-Loss-Draw) အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး၊ လုံးတူ ဒေါက်တူ ဂျေဆင် လောက်ခ် ၏ မှတ်တမ်းမှာ 16-9-0  (Win-Loss-Draw) ဖြစ်သည်ဟု သိရှိရသည်။

အင်အားသုံး တိုက်ခိုက်နည်းစုံ အသုံးပြု ထိုးသတ်ရသော MMA ပွဲစဉ်များအား  ပြိုင်ပွဲဝင် ကြေးစားများမှာ ယေဘူယျအားဖြင့် တနှစ်တာ အတွင်း ၃လ တကြိမ်၊ တနှစ် ၄ကြိမ် ထိုးသတ်ခွင့်ရကြပြီး မေလ ကတည်းက ပွဲစဉ်  စောင့်ဆိုင်းနေသူ အင်ဆန်အောင်လ အား ယခင်အပါတ်က ဖုန်းဆက် မေးမြန်းရာတွင် ~ ကျနော် ထိုးသတ်မဲ့ ပွဲစဉ် ရက်တွေတော့ သိရပြီ၊ စိန်ခေါ်ဖက် သို့မဟုတ် ထိုးသတ်မဲ့ ပြိုင်ဖက်ကိုတော့ မသိရှိရသေးကြောင်း ပြန်လည် ဖြေကြားပါသည်။ အောင်လ၏ ပထမပွဲမှာ အောက်တိုဘာ ၁၃ရက်နေ့၌ ဖြစ်ကြောင်း၊ နောက်တပွဲမှာ နိုဝင်ဘာ ၃ရက်နေ့တွင် ဖြစ်ကြောင်း သိရှိရကာ၊ သွားရောက် ထိုးသတ်မည့်မြို့များမှာ ဒလဝလ်ယာ နှင့်  အတ္တလန်တစ်စီးတီး တို့တွင် ဖြစ်နိုင်ကြောင်း ဖြေဆိုသည်။

ယခု ပွဲစဉ်နားနေသော ကာလတွင် မိခင် ကလပ်အသင်း ဖြစ်သော ( Crazy 88 Brazilian Jiu-Jitsu ကလပ် ) ၌ နည်းပြ လုပ်ရင်း ၁ရက် ၅နာရီကြာ ထရိန်နင်ဆင်း လေ့ကျင့်နေသော အောင်လမှာ ယခင်လက ဘော်စတွန် အိုးပင်း ဂျူဂျစ်ဆု ပြိုင်ပွဲတွင် ၁၉၅ ဝိတ်တန်း၌ ငွေတံဆိပ် တခုရရှိထားပြီး၊ ဝိတ်တန်းပေါင်းစုံတွင် ကြေးတံဆိပ် တခု ဆွတ်ခူး ရရှိသည်ဟု သူ၏ ပရိတ်သတ်များအား သိစေသော အလို့ငှါ ပြန်လည်ဖြေကြား ခဲ့ပါသည်။

ယခု ၂၀၁၂ ခုနှစ်တွင် ၄ပွဲ ထိုးသတ်မည်ဟု ဆိုသော အင်ဆန်အောင်လ မှာ  ၂၀၁၂ ခုနှစ် မတ်ခ်ျလ - ၁၆ ရက်နေ့က Matrix Fights 5 ပွဲ၌ ဆမ်အိုရိုပီဇာ အား ရှုံးနိမ့် ထားပြီး၊  ၂၀၁၂ - မေ - ၁၁ ရက်နေ့ Bellator - 68 ပွဲစဉ်၌ ဂျီးဆက်မာတီနက်ဇ် ဒိုင်ပွဲရပ်အနိုင် ရှိထားသူ ဖြစ်ကာ ၁ပွဲနိုင် ၁ပွဲရှုံး ထားသူဖြစ်၏။ ယခုအခါ အောင်လမှာ နောက်ပွဲစဉ်အတွက်  ခရေဇီ အိတ်တီအိတ် မိခင်ကလပ်၌ ထရိန်နာ အပြောင်းအလဲ မရှိပဲ လက်ဝှေ့ အဓိကထား လေ့ကျင့်နေကြောင်း သိရှိရသည်။

Burmese Python ဘွဲ့ခံ အင်ဆန်အောင်လ သည် ၊ CFFC ပွဲစဉ် (၁၇)အား အောက်တိုဘာလ ၁၃ရက်နေ့ အမေရိကန် အရှေ့ဖျားစံတော်ချိန် ညနေ ၆နာရီတွင် အမှတ် - ၁၁၃၁ မြောက်, ဒူပွန့်ဟိုင်းဝေး အရပ် ၊ Dover Downs Casino  ဒိုဗာမြို့၊ ဒလာဝယ်ယာ ၌ ထိုးသတ်မည်ဖြစ်ပြီး၊ ပွဲစဉ်လက်မှတ်များအား ယခုအခါ အွန်လိုင်းမှ ဝယ်ယူနိုင်ပြီး၊ ၅၅ ဒေါ်လာမှ ၁၂၅ဒေါ်လာ အထိ တန်ကြေးရှိသည်ဟု သိရှိရသည်။


ဒူကဘာ
အော်ရီဂန်

No comments:

Post a Comment