Tuesday, 12 February 2013

ကျွန်တော့်ကို ဒေါက်တာဆိတ်ဖွားလားလို့ မေးတဲ့အတွက် အခုလိုဖြေခဲ့ပါတယ်။



11 February 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်ကမူ ဒေါက်တာဆိတ်ဖွားသည် မိမိဟု စွပ်စွဲမှုများရှိကြောင်း၊ မိမိအနေဖြင့်သော်...လည်းကောင်း၊ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့်သော်လည်း ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါ ဖြစ်ကြောင်းဖော်ထုတ်ပေးရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဧရာဝတီသို့ပြောသည်။

“ကော်မရှင်က တာဝန်ပေးလာရင် ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ရှိတာပေါ့။ သူတို့က ဘာတာဝန်ပေးမလဲဆိုတာ အခုထက်ထိ ကျနော်တို့ကို ပြောတာမရှိသေးပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနကို ပြောတာလည်း မရှိသေးဘူး။ တာဝန်ပေးလာရင်တော့ တာဝန်ပေးတဲ့အတိုင်း ဆောင်ရွက်ဖို့ပဲရှိတာပေါ့။ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကျနော်အနေနဲ့ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲဆိုတာကို စုံစမ်းရေး ကော်မရှင်က ဖော်ထုတ်နိုင်ဖို့ ပိုပြီး ကူညီချင်ပါတယ်။ ဒါမှလဲ တကယ်လို့ လူအမှန်ပေါ်ပေါက်လာမှပဲ ကျနော့်ကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍သော်လည်းကောင်း ၀န်ကြီးဌာနကိုသော်လည်းကောင်း စွပ်စွဲနေတဲ့သူတွေအနေနဲ့ သူတို့ရဲ့စကားကို သူတို့ ဘယ်လောက်တာဝန်ယူ သလဲဆိုတာ ကြည့်ခွင့်ရမှာဖြစ်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။

http://burma.irrawaddy.org/archives/33570
Ye Htut
ပြန်ကြားရေး ဒုတိယ ဝန်ကြီး

No comments:

Post a Comment