Wednesday 30 January 2013

ဖြောင်း.. ... ခွပ် ...၀ုန်း...(ငရဲသား)

ဖြောင်း.. ... ခွပ် ...၀ုန်း...။

ကဲကွာ ... ကဲကွာ ......။

(ဆရာကြီး)
တပည့်ကြီး ... ဘာသံတွေလဲ ... ...။

(တပည့်ကြီး)
ဟုတ်ကဲ့ .. ဟိုဘက်အိမ်မှာနေတဲ့ ဆရာကြီးရဲ့သားတပည့် အကြီးကောင်နဲ့ ဆရာကြီး တပည့်သစ် အငယ်ကောင် တို့တွေ
ဆရာကြီး သင်ပေးထားတဲ့ ပညာ၊ ဆရာကြီးပေးထားတဲ့လက်နက်တွေနဲ့ အချင်းချင်းရန်ဖြစ်နေတာပါ.။
အကြီးကောင်က ဆရာကြီးရဲ့လက်ရင်းတပည့်ဆိုတော့အင်အား ကွာပါတယ်.။ အငယ်ကောင်က ပညာသင်တာမကြာသေးတော့ ခံနေရပါတယ်..။


(ဆရာကြီး)
အေး .. သူတို့ ညီအစ်ကိုရန်ဖြစ်နေတာ အရေးမကြီးဘူး..။
ဒီကောင်တွေ ဒီထက် ကြမ်းလာတရင် ငါ့အိမ်ဘက်သွယ်ထားတဲ့ gas ပိုက်နဲ့ ရေနံပိုက် တက်နင်းမိကြဦးမယ်..။ ငါ သူတို့အိမ်က ရှိသမျှ အကုန် ဆွဲစိ နေတာလည်း မင်းလည်းအသိပဲ။

ခုတလော အကြီးကောင်က အနောက်ပိုင်းက ဆရာတွေနဲ့ ပေါင်းတာ..ငါကြားတယ်။ ငါ့ထက် ပညာသာတယ်ဆိုတဲ့ ဆရာမားဆိုသူတောင် သူ့အိမ်လာလည်တာကို လက်ခံတဲ့ အကြီးကောင်ကို ငါသိပ်မကျေနပ်ဘူး.။ ဒါပေမယ့် သူ့ဆီမှာ ငါယူစရာတွေ ကျန်နေသေးလို့ ငါ ရူးချေင်ယောင်ဆောင်နေတာ..။
သူ့အိမ် အနောက်ဖက် ရေစပ်က ထွက်တဲ့ သဲထဲမှာ ပလက်တီနမ်ဆိုလား တိုက်တေနီယမ်ဆိုလား..။ အဲဒါလည်း ငါလိုချင်သေးတယ်.။ နောက်ပြီးသူ့အိမ်ကရတဲ့ ရေနံနဲ့ Gas ကြောင့် ငါ့အိမ်အကျယ်ကြီးမီးထိန်ထိန်လင်းနေတာ မင်းလည်းအသိပဲလေ..။

(တပည့်ကြီး)
ဆရာ့ကြီး အငယ်ကောင်က အဲဒီGas ပိုက်တွေကို သူ့ အခန်းဘေး ဖြတ်သွယ်တာကို မကြိုက်ဘူး။ နောက်ပြီး သူ့ရေတွင်းမှာ ဆရာကြီးလာ တည်ထားတဲ့ ရေအားသုံးမီးစက်ကို မထေမဲ့မြင်လုပ်တယ်..။ သူ့ရေတွင်းကို ဆရာကြီးကမီးစက်တည်ပေမယ့် သူ့အခန်းကို မီးမပေးလို့တဲ့ ..။
အဲဒါကို အကြီးကောင်က တားရင်းနဲ့ ထရန်ဖြစ်ကြတာ..။ အကြီးကောင်က ဆရာကြီးကို သစ္စာရှိပုံရပါတယ်..။ သူ ကြောက်တယ်..။ သူ့ ကျေးဇူးရှင် လို့တော့ .. ပြောနေတာပဲ..။ ကျေးဇူးရှင်မို့လို့ပဲ သူ့အိမ်ကို မီးအမှောင်ခံပြီး မီးပေးနေတာပဲ..လေ..။

ရန်စဖြစ်တုန်းကလည်း ဆရာကြီးတာတည်ထားတဲ့ ရေအားမီးစက်ကို အငယ်ကောင် မဖျက်ဆီးအောင် ကာကွယ်တာတဲ့..။ ချချင်လို့ ချတာမဟုတ်ဘူးတဲ့ ..
အော်ပြောနေတယ်..။

ဒါပေမယ့် ချနေတာ ခုထိ မပြီးဘူး..။
သူက အားကြီးတော့ ဆော်ရင်းနဲ့ အငယ်ကောင့် အခန်းထဲ ရောက်တော့မယ်..။ အငယ်ကောင် ရှုံးတော့မယ်..။

(ဆရာကြီး)
တကယ်ဆို အကြီးကောင်က အဲဒီအိမ်မှာ အဓိကပဲလေ..။ သူက အိမ်မှာ ဗိုလ်ပဲ..။ အာဏာက သူ့လက်ထဲမှာလေ..။ ဒီကောင့်ကို ငါပြောပြီးတော့ မီးစက်တည်တာပဲ..။ အငယ်ကောင်ကို ငါ သောက်ဂရု စိုက်ခဲ့တာမှမဟုတ်တာ..။

အိမ်း ... မဖြစ်ချေဘူး..။ လောလောဆယ် ငါက သူ့ဆရာကြီး ဆိုတော့လည်း ဒီကောင်တွေကို တားမှဖြစ်တယ်.။ လူကြီးလူကောင်းဆန်ဆန်နဲ့ နှစ်ကောင်စလုံးကို ညှိပေးရမယ်..။ လောလောဆယ် ငါ့ Gas ပိုက်နဲ့ ရေနံပိုက်က စီးဆင်းလာဖို့နဲ့ ဒီကောင်တွေအိမ်က ကျန်တာတွေ ငါ မ ဖို့ ပိုအရေးကြီးတယ်..။

အဲဒီတော့ .. မင်းက နှစ်ကောင်စလုံးကို မင်းအခန်းထဲခေါ်ပြီး ...

ငါခိုင်းတဲ့အတိုင်း $^$%&^%$#$@$@*&^*^&*%$^$%^%$

သဘောပေါက်လား...။

ဘာပဲပြောပြော လောလောဆယ်မှာ မင်းကို ငါ သူတို့မသိအောင် ခိုးပေးထားတာတွေ၊ သင်ပေးထားတာတွေ အများကြီးနော်...။ မင်းက တချိန်မှာ ဒီကောင်တွေထက် အားကိုးရမှာ..။
အကြီးကောင်တောင် မင်းကို ရှိန်နေတယ်..။ မင်းက နေတတ်တာကိုး..။

ဒါပေမယ့် အနောက်က ဆရာတွေကိုတော့ သတိထား.။ ငါမင်းကို ခိုးပေးနေတာကို ဒီကောင်တွေ ရိပ်မိပုံရတယ်..။

(တပည့်ကြီး)
ဟဲဟဲ ... စိတ်ချပါဆရာကြီး ..။

-----------------------------------------------------------------------------------
ဇာတ်ပေါင်းသော် ..။

ဆရာကြီး .....................????

တပည့်ကြီး .....................????

အကြီးကောင် .....................????

အငယ်ကောင် .....................????

တွေးယူကြပေါ့ဗျား..။

No comments:

Post a Comment