Wednesday 30 January 2013

အမေစုက မြန်မာပြည်မှာ ကော ရောက်လေရာ နိုင်ငံတွေမှာကောဘုန်းကံကြီးမားနေတယ်ဆိုရင် လက်ခံပါသလား


တောင်ကိုရီးယားမှ အမေစုအတွက်ရင်တွင်းစကားလေးပါဗျာ တိုက်ဆိုင်ရင်လဲ နားလည်ပေးပါ.
ကျနော်တခါတခါစဉ်းစားကြည့်မိပါတယ်။အမေစုကိုရီးယားရောက်တုန်းလေးပေါ့ ကြိုးစားခဲ့တာတွေ စမြုပ်ပြန်ကြည့်တာပါ..
ဒီလိုလေးစဉ်းစားပြီး ဒီလိုလေးလုပ်ဆောင်ခဲ့လို့၊ ကြိုးစားခဲ့လို့ ဒီလိုလေးဖြစ်မြောက်လာတဲ့အခါ ဖြစ်မြောက်လာတာလေးကိုသာ အများက သတိထားကြည့်လို့ရတယ်လေ။ ဘယ်လိုလေးစဉ်းစားလို့ ဘယ်လိုတွေလုပ်ဆောင်ခဲ့ရတယ်၊ အမေစု ဘယ်လောက်ထိအောင် ကြိုးစားခဲ့ရတယ်ဆိုတာတွေကအောင်မြင်မှုဆိုတာ မြင်ကွင်းရဲ့နောက်ကွယ်မှာပဲ ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် သူလို ဖြစ်မြောက်အောင်မြင်ချင်ရင်တော့ သူလိုစဉ်းစား၊ သူလိုလုပ်နိုင်ပါမှ ဖြစ်မယ်ဆိုတာက တကယ်နည်းယူရမယ့် ပညာပါပဲ။ဒီလိုဆိုပြန်ရင်လဲ အမေစုက တိုင်းပြည်ကို မြေကြီးလက်ခတ်မလွဲချစ်ပါလား တကယ်ဘဲ ပြုပြင်နိုင်ပါ့မလားပေါ့ စဉ်းစားမိပါတယ်..ကျနော်သိတာကျနော်ချရေးမိတာပါ။

မရိုးသားတဲ့ သူဆိုရင်အမေစုမကြိုက်ပါဘူး..ကျနော်လဲ စဉ်းစားမိပါတယ်..
မွန်မြတ်တဲ့စိတ်ထားသည် ဘယ်သောအခါမှ ရိုးသွားသည်ဟူ၍ မရှိပါ။

ကိုယ့်ဒုက္ခ ကိုယ်သာလျှင် အသိဆုံးဖြစ်ပါ၏။ မိမိအခက်အခဲကို မိမိမှတစ်ပါး အခြားမည်သူက ပိုမို၍ နားလည်နိုင်မလဲပေါ့ ထို့ကြောင့် ကိုယ့်ရှိတဲ့ဒုက္ခ ကိုယ်ကိုယ်တိုင် သိအောင်ကြိုးစားနေရင်း သူတစ်ပါးဒုက္ခကိုလည်း ကိုယ်ချင်းစာတတ်လာကြမည်သာဖြစ်ပါတယ်။

ကံဆိုသည်မှာအတိတ်ကံတွေ ဘယ်လိုပင် ရှိနေစေကာမူ လတ်တလော ကောင်းနေဖို့အရေးကြီးတယ်။ အကုသိုလ်နဲနိုင်သမျှ နဲနေအောင် လေ့ကျင့် ရင်ပေါ့နော် ဒါဟာ မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့ခံယူလိုက်ရင် အဆိုးဓာတ်တွေပြောင်း အကောင်းဓာတ်တွေ စုဆောင်းနေတာပါပဲ

အရမ်းလဲ အထင်မသေးလိုက်ပါနှင့်၊ အရမ်းလဲ အထင်မကြီးလိုက်ပါနှင့်။ အရမ်းဆိုရင် ဘယ်အရမ်းမှမကောင်းဘူး။ ဒါပေမယ့် အမေစုက မြန်မာပြည်မှာ ကော ရောက်လေရာ နိုင်ငံတွေမှာကောဘုန်းကံကြီးမားနေတယ်ဆိုရင် လက်ခံပါသလား..စာညွှန်းလေးပေးခဲ့စေချင်ပါတယ်။

ဒီလောက်နဲ့ ဘဲမိမိသိသလောက်တင်ပြပေးလိုက်မိပါတယ်
လေးစားခင်မင်စွာဖြင့်

ကိုထွန်းဝေ
30.1.2013။

No comments:

Post a Comment