Monday 24 December 2012

ကိုမင်းကိုနိုင်စကား သိပ်တန်ဖိုးကြီးပါတယ်..။

Zar Yee Pwint's video.

ကိုမင်းကိုနိုင်စကား သိပ်တန်ဖိုးကြီးပါတယ်..။

သမိုင်းအမှန်ကို ဖျောက်ဖျက်ပစ်ပြီးတော့ ရုပ်ဖျက်ပစ်တာမျိုးကိုတော့ ကျနော်တို့ သဘောတူလို့ ဘယ်လိုမှ မရပါဘူး။

လွတ်လပ်ရေးကို ဘယ်သူယူပေးခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သမိုင်းအမှန်ကို သိကြဖို့လိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားပြီးတော့ နန်းရင်းဝန်အက်တလီနဲ့ စာချုပ်ချုပ်တယ်လို့ ပြောတယ်ဆိုရင်တောင်မှ ကျနော်တို့က အဲဒါ ဗိုလ်ချုပ်မဟုတ်ဘူး။
ဦးအောင်ဆန်းဆိုတာကို ကျနော်တို့ သဲသဲကွဲကွဲ ဖြစ်ဖို့လိုပါတယ်။

ဘာကြောင့်ဦးအောင်ဆန်းလို့ ပြောရလဲဆိုတော့ ရွေးကောက်ပွဲရှိတဲ့အခါမှာ သူဟာ ယူနီဖောင်းကြီးနဲ့ အပွင့်ကြီးနဲ့ မျက်နှာပြောင်တိုက်ပြီးတော့ လွှတ်တော်ထဲကို ဝင်မထိုင်ခဲ့ပါဘူး။ သူ့ယူနီဖေါင်းကို အပြီးအပိုင်ချွတ်လိုက်ပါတယ်။

အရပ်ဝတ် အရပ်သားစစ်စစ် ဦးအောင်ဆန်းဘဝနဲ့ သိမ်ဖြူမဲဆန္ဒနယ်ကနေပြီးတော့ အများနည်းတူ ဝင်ပြိုင်ပါတယ်။ အဲသည့်ဦးဆောင်ဆန်းကနေ လက်မှတ်သွားထိုးတာပါ။
တော်တော်ရှင်းပါတယ်။
ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ပါ။
ဖဆပလအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ဆန်းရေးထိုးခဲ့တဲ့ အောင်ဆန်းအက်တလီပါ။

ဒါကြောင့် ကျနော်တို့ သမိုင်းရဲ့ အရေးကြီးဆုံး တချက်ထဲကို ကျနော်တို့ ကြံ့ကြံ့ခံ ရပ်တည်နေရမယ်။ လွတ်လပ်ရေးဟာ ပြည်သူတွေကိုယ်တိုင်ယူခဲ့တာပါ။
ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ တဦးတည်း ရယူခဲ့တာ မဟုတ်ပါဘူး။ ပြည်သူ့စွမ်းအားနဲ့ ယူခဲ့တာပါ။

လက်နက်ဘယ်လောက်ကောင်းကောင်း၊ တပ်ဖွဲ့တွေ ဘယ်လောက်များများ ဖက်ဆစ်ကို တော်လှန်တုန်းက ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ မိန်းမတွေရော အကုန်လုံး ဝိုင်းကူခဲ့လို့ အဲသည့်တော်လှန်ရေး အောင်ခဲ့တာပါ။

(မင်းကိုနိုင်)

2 comments:

  1. ကောင်းကွာ......
    ဒီကောင်ပြောမှပဲ
    ဗိုလ်ချုပ်အောင်ဆန်းလည်း အသေခံပြီးလုပ်ခဲ့သမျှ အလကားဖြစ်တော့တာပဲ။

    ဒါဆိုမင်းပြောတာက ဗိုလ်ချုပ်အောင်ဆန်းက တပ်ဖွဲ့ဖွဲ့ပြီး စစ်တိုက်ခဲ့လို့
    လွတ်လပ်ရေးရတာ မဟုတ်ဘူးပေါ့.. ဟုတ်လား

    ဟေ့ကောင်ရေ...
    စစ်အစိုးရနဲ့ နိုင်ငံပိုင် စစ်တပ်ကို ခွဲခြားတတ်အောင်လုပ်စမ်းပါကွာ...
    မင်းလိုကောင်မျိုးတွေသာ ဗိုလ်ချုပ်နဲ့ တစ်ချိန်တည်းလူဖြစ်ရင်
    အခုထိကို ကျွန်ဘ၀က လွတ်မှာ မဟုတ်ဘူး...

    မောင်ထိန်လင်း.....
    ကိုအောင်ဆန်း
    ဗိုလ်တေဇ(ခ) ဗိုလ်အောင်ဆန်း...
    စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း
    ဦးအောင်ဆန်းတဲ့..... မှတ်ထား

    စစ်သားလုပ်ပြီးမှ အရပ်သားလုပ်ခဲ့တာ...
    စစ်တပ်ကို မုန်းတိုင်း
    ဗိုလ်ချုပ်အောင်ဆန်းကိုတောင် မြောင်းထဲရောက်အောင်
    လုပ်နေတယ်...။

    မင်းလိုကောင်ကတော့ သေမှ နားအေးမှာပဲ။

    ReplyDelete
    Replies
    1. စောက်ရူးရဲ့ သူပြောတာက နောက်ဆုံးပိတ်တော့ ယူနီဖောင်းချွတ် အရပ်သားပြည့်သူခေါင်းဆောင်အနေနဲ့လွပ်လပ်ရေးကို
      ယူခဲ့တယ်ဆိုတာကိုပြောတာ။......

      Delete