Sunday, 2 November 2014

ကျောက်ရုပ်


ကိုပါကြီးဆွမ်းဆက်ကပ်လှူဒါန်းပွဲ သရက်တော ကျောင်းမှာပြုလုပ်



ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲတက်ခဲ့သော ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း

" ဒေါ်စုကလုံးဝ ကို မကြည့်တော့တာ။ သူ့မှာ မန်း ဒိတ်မပါဘူးတဲ့။ ဒါတွေ ကျွန်မ မဆွေးနွေးနိုင်ဘူးတဲ့ ဒါပဲ။ ဗြောင် ပြောတယ်လေ။ "
*****************************************************************************

နိုင်ငံရေး ထိပ်သီးခေါင်းဆောင် များဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတ အိမ်တော်တွင် အောက် တိုဘာ ၃၁ ရက်က ကျင်းပပြု လုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သူ တိုင်းရင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သည့် ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးအား ဆွေး နွေးပွဲအပြီး 7Day Daily က သီး သန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

Friday, 31 October 2014

အစည်းအဝေးခမ်းမထဲမှာ အကြိတ်အနယ် ဆွေးနွေးနေကြပါပြီ။


ထပ်သီးအစည်းအဝေး ကျင်းပ


မြန်မာ့နိုင်ငံရေးမှ ထိပ်သီးခေါင်းဆောင် ၁၄ ဦး ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ
အိမ်တော် ငုရွှေဝါခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ကျင်းပနေပြီဖြစ်သည်။
လက်ရှိအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်ကျင်းပသော နိုင်ငံရေးခေါင်းဆောင်
များဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ
ဦးရွှေမန်းအပါအဝင် အစိုးရ၊ တပ်မတော်၊လွှတ်တော်၊ နိုင်ငံရေးပါတီ၊ ရွေးကောက်ပွဲ
ကော်မရှင်တို့မှ ခေါင်းဆောင် ၁၄ ဦးစလုံး စုံညီစွာ တက်ရောက်ကြောင်း နိုင်ငံတော်
သမ္မတရုံးတွင် သတင်းရယူနေသော 7 Day Daily သတင်းထောက်က သတင်း
ပေးပို့သည်။



မြန်မာသမ္မတ နဲ့ ဒေါ်စုကို သမ္မတ အိုဘားမား ဆက်သွယ် စကားပြော


အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်တွင်း တယ်လီဖုန်း ပြောနေစဉ်။


အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။

သမ္မတဦးသိန်းစိန်က ဒီကနေ့ သောကြာနေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် အပါဝင် စစ်တပ် ကိုယ်စားလှယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိပ်တန်း နိုင်ငံရေးပါတီကြီး ၆ ခုက ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်  မှာ တွေ့ဆုံဆွေးနွေး စကားပြောကြဖို့ စီစဉ်ထားပါတယ်။

Thursday, 30 October 2014

လေးစားစွာဖိတ်ကြားအပ်ပါသည်။

 ကွယ်လွန်သူကိုအောင်ကျော်နိုင်( ခ)ကိုပါကြီးအားရည်စူးပြီး ၂.၁၁.၂၀၁၄
နေ့  နံနက် ၉နာရီမှ မှ၁၂ နာရီအထိ သရက်တော ကျောင်းတိုက် ပရိယတ်္တိအလယ်တိုက်ကျောင်း လမ်းမတော်မြို့ နယ်တွင် ကိုပါကြီးအတွက် ကောင်းမှု ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွေ၇ာက်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။

ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် တို. အောက်တိုဘာလ(၃၀) တွင် တွေ.ဆုံမည်။

သုံးပွင့်ဆိုင် ( ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် တို. အောက်တိုဘာလ(၃၀) တွင် တွေ.ဆုံကြတော့မည်။
တိုင်းပြည်ပဲတကယ်ပြောင်းလဲးမလား ဆိုတာကြည့်ရတော့မယ်

နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် ထိပ်တန်းခေါင်းဆောင် များ လာမည့်အောက်တိုဘာ ၃၁ ရက် တွင် သမ္မတ အိမ်တော်
၌ ပထမဦးဆုံး တွေ့ဆုံကြမည်ဖြစ်သည်။


Monday, 13 October 2014

သတင်းများရောက်တဲ့နေရာမှ စတင်ပါမည်.။

အစဉ်လာရှိစွာနဲ့ မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်ပါတယ်။
တင်္နလာနေ့ မှာ မိတ်ဆွေ များစိတ်ချမ်းသာကိုယ်ကျမ်းမာပါစေ
ဖတ်ခဲ့ရတဲ့ သတင်းများမျဝေပေးချင်ပါတယ်။
မိတ်ဆွေများသူတော်ကောင်းတရား ကိုယ်စီသုံးလို့ ဘ၀င်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ
ဝမ်းသာစရာကတော့ကျနော့်အတွက်ပါ
ဘာလို့ လဲဆိုတော့ အချိန်ကြာမြှင့်စွာ အတိုက်ခိုက်ခံထားရခဲ့တဲ့ ကျနော်မူရင်း ဘလော့ စာမျက်နှာပြန်ရလာပါတယ်။
ဒါကြောင့် ဘလော့စာမျက်နှာမှာလဲ သတင်းတွေဖော်ပြဖို့ စတင်ဖတ်ခွင့်ရတော့မှာပါ။
အခုတော်က ဖေ့ဘုတ်ခေတ်ဆိုတော့ ဘလော့ကိုစာလာဖတ်သူတွေနည်းပါးကြပါတယ်။
ဒါကြောင့် ဖေ့ဘုတ်တလှည့် ဘလော့တခါ တင်ဖို့ ကြိုးစားသွားချင်ပါတယ်။
ကျနော့်ရဲ ဖေ့ဘုတ်စာမျက်နှာမှာလည်းသတင်းတွေမတင်အားခဲ့ပါဘူး။
တင်နိုင်အောင်လို့ကြိုးစားချင်သော်လည်း
သိသလောက်တော့အချိန်ယူပြီးတင်ဆက်သွားပါ့မယ်.
တကယ်လို့ မအားခဲ့ရင်တော့ ဖေ့ဘုတ်မှာဘဲ ရှိနေမှာပါ။
အားပေးကြတဲ့သူများ အထူးကျေးဇူးတင်ပါတယ်။
လေးစားလျှက်
13.10.2014

Monday, 21 April 2014

အကြေကွဲရဆုံး နေ့ 





ဘဘရဲ့  ရုပ် ခန္ဓာကို နောက်ဆုံး ဘဘမရှိတော့တဲ့ အနေနဲ့ ဖော်ပြလိုက်ပါတယ်။
စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာကြီးဦးဝင်းတင် ဟာ ရန်ကုန်မြို့ ဆေးရုံကြီးမှာ ဒီမနက် 21.4.2014  ရက်နေ့  နံနက်၆နာရီခွဲ လောက်က ဘဘရဲ့  ကျောက်ကပ် တတိယအကြိမ်ဆေးကြောမှုပြုလုပ်ပြီး နာရီအနည်ငယ်သာ ခံကာ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။