Showing posts with label တောက်ခေါက်သံ. Show all posts
Showing posts with label တောက်ခေါက်သံ. Show all posts

Saturday, 1 December 2012

အသဲနာကမ္ဘာမကြ



သွေးဆူတဲ့ ဒီကြေးနီ
ဗုံးအစုတ်နဲ့
မာန်မထနဲ့ ၊
လိမ်စဉ်တွေက
မှန်စွထင် နေသည့်ဖား၊
ကြေးနီတွင်းထဲ အာကျယ်၊
ငမိုက်သားတို့ တကယ်သတ်

သံဃာဆိုတာ တကယ်ကြွေးခဲ့တယ်မှတ်။

အိယောင်ဝါးနဲ အာဏာမရူးနဲ့ 
ခြာတူးလန်ရင် စကတ်ဝတ်
အာလူးအသံ အမိန့် မပေးနဲ့ 
ခါးကြားက ချာတူးလန်
သင်္ကြန်သေနတ်
နှစ်ပြားမှ မတန်၊
ခပ်ကြောင်ကြောင် ဦးပိုင်စားကွက်
ဘုရားသားတော်တွေ
သွေးစွန်းတဲ့ရက်။

ညာသံပေးတဲ့ ဘဘစိန်
ဂရုနာ အသံနဲ့ ထပ်ကာလိမ်
နောက်ပြန်မလှည်တဲ့ သမ္မတ
ဟားတိုက်ရယ်ချင်
ရာဇဝင်မှာစာတင်
ဘုန်းကြီးကိုအရှင်လတ်လတ်
မီးရှို့သတ်တဲ့
ဒီသတင်း
ကြေးနီတောင်ရဲ့ 
လူသတ်ကွင်း။ ။

ကိုထွန်းဝေ
1.12.2012


ရေးပါဆိုလို့ ရေးမိပါတယ်.။
ဒါကိုထပ်မှတ်လိုက်ပါ။

မိုက်သောသူသည် အကြင်မျှလောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုမျှလောက် မကောင်းမှုကို ပျားသကာကဲ့သို့မှတ်ထင်၏၊ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏၊ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။

Wednesday, 17 October 2012

ခင်ဗျားတို့ အကွဲကြီးကွဲဖို့ပြင်ထား (ကိုမင်းကိုနိုင်)


"ငြိမ်ခံလိုက်ရင် သပိတ်ဝင် အိတ်ဝင်ရသွားမယ်။ငြိမ်မခံဘဲနဲ့ အင်နဲ့အားနဲ့ ပြန်ပြောတဲ့အခါမှာပထမအစပိုင်းမှာတော့ ဂရုမစိုက်ဘူး။နောက် ကျွန်တော်တို့ အားရှိလာပြီး သက်ဆိုင်ရာတွေအားလုံးပေါင်းမိသွားပြီး အသံတွေသိပ်ကျယ်လာပြီဆိုရင်တော့ နောက်ပြန်ညှိပါရစေဆိုတာမျိုး ဖြစ်လာတယ်။

ဒီတိုင်းပြည်မှာ အာဏာရှိတဲ့လူတွေနဲ့ပေါင်းပြီးတော့ မတရားလုပ်ရင် အောင်မြင်သွားရင်တော့ မြတ်ပြီ။ ထောပြီ။ နောက်ဆုံး ၀ိုင်းအော်လို့ ပေါ်သွားတယ်ဆိုရင်တော့ အရင်းလောက်ပဲဆိုတော့..ဒီလူတွေ နောက်လည်းလုပ်ဦးမှာပဲ။

မတရားလုပ်တဲ့လူတွေပြစ်ဒဏ်ခံရမယ်ဆိုတဲ့အဆင့်ကို ကျွန်တော်တို့ စဉ်းစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်းနဲ့ အမြတ်ဆို လိုက်လုပ်နေဦးမှာဘဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် မတရားလုပ်တဲ့ လူတွေ။ ခင်ဗျားတို့ အရင်းနဲ့အမြတ်ခေတ်တော့ကုန်ပြီ။

ခင်ဗျားတို့ မြတ်ရင်လည်းမြတ်လိမ့်မယ်။

ကျွန်တော်တို့ဖက်က အင်နဲ့အားနဲ့ရင်ဆိုင်ရင် ခင်ဗျားတို့ အကွဲကြီးကွဲဖို့ပြင်ထားဆိုတဲ့ သတိပေးသံကို ကျွန်တော်တို့ ပြည်သူတွေ ပေးနိုင်မယ်လို့ ယူဆတယ်"။

ကိုမင်းကိုနိုင်