Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Monday, 14 October 2013
ညီမလေး သဘောပေါက်နိုင်မှာပါ.. ပုရစ်
ညီမလေး သဘောပေါက်နိုင်မှာပါ..
----------------------------------
ကျွန်တော်အရမ်းခင်တဲ့ ညီမလေးတစ်ယောက်ကပြောပါတယ်.
အရင်က အမေစုကို အကုန်လုပ်ပေးနိုင်မယ်လို့ထင်ခဲ့တယ်.
အမေစုမှ အမေစု..တဲ့
အခုကျတော့ အမေစု ကဘာမှမလုပ်နိုင်မှန်း သိသွားပြီတဲ..
သူက..ကုလားတွေဘက်ကလိုက်တယ်.လို့ကြားတယ်..တဲ့
အဲဒါဘယ်လိုလုပ်မလဲ.....တဲ့..
-----------------------------
ညီမလေးကို..ကျွန်တော် ဒီပိုစ့်ထဲကနေပဲ..
စိတ်ရှည်လက်ရှည်ဖြေကြားပေးလိုက်ပါ့မယ်....၊
မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ(ဒုတိယပိုင်း)
7 October 2013 at 10:53
နယ်ချဲ့ဗြိတိသျှကိုယ်စားလှယ် ဆာဂျေအေမောင်ကြီးနှင့် ဆရာတော်ဦးဥတ္တမ
၁၉၂၇ ခုနှစ်တွင် ဆရာတော်ဦးဥတ္တမနှင့် ဦနာဂိန္ဒတို့အား ထိမ်းသိမ်းထားရာနေရာကိုအမတ်များက သိလိုကြောင်း လွှတ်တော်တွင် တောင်းဆိုရာ ထိုအချိန်က ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဆာဂျေအေမောင်ကြီးက..... ဦးဥတ္တမသည် ဗြိတိသျှဝန်ကြီးချုပ် မစ္စတာလွိုက်ဂျော့ကဲ့သို့ နာမည်ကျော်ပုဂ္ဂိုလ်လည်းမဟုတ် သာမန်အကျဉ်းသား သုံးသောင်းကျော် ထဲမှ တစ်ဦးသာဖြစ်၍ ဘယ်မှာရှိသည်ကို မပြောနိုင်ကြောင်း ကန့်ကွက်ရာမှ အခြေအတင် ပြောဆိုကြပြီး လွှတ်တော်အမတ်များက ... ဆာဂျေအေမောင်ကြီးသည် ဦးဥတ္တမကိုသာမက သံဃာထုတစ်ရပ်လုံးကိုပါ စော်ကားခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဦးဥတ္တမသည် မျိုးချစ်ပုဂ္ဂိုလ်ဖြစ်၍ သာမန်အကျဉ်းသားဟုပြောဆိုခြင်းမှာ မသင့်လျှော် ကြောင်း၊ ဦးဥတ္တမကို တစ်ပြည်လုံးက ကြည်ညိုကြသည့်အပြင် မျိုးချစ်အမတ်များကလည်း ကြည်ညိုကြောင်း ပြောဆိုကန့်ကွက်ကြရာ... ဆာဂျေအေမောင်ကြီးက.... ဗုဒ္ဓဘာသာတရားကို နားလည်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေးလိုက်စားသောဘုန်းကြီးများမှာ ရဟန်းတု၊ ရဟန်းယောင်များဖြစ်ကြောင်း ထပ်မံစော်ကားခဲ့ လေသည်။ ဦးဥတ္တမအပေါ် ရဟန်းတု ရဟန်းယောင် ဟူ၍လည်းကောင်း၊ သာမန်အကျဉ်းသား တစ်ယောက်ဟူ၍ လည်းကောင်း စော်ကားမှုကို ကြားသိလိုက်သောအခါ ပြည်သူလူထုကြီးသည် ဆာဂျေအေမောင်ကြီး အပေါ် ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ကြသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဥက္ကဋ္ဌပြု၍ ရန်ကုန်မြို့လုံးကျွတ် အစည်းအဝေးကြီးကို ၁၉၂၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ရွှေတိဂုံကုန်းတော် တနင်္ဂနွေထောင့်၌ ကျင်းပခဲ့ကြသည်။
ဥက္ကဋ္ဌဆရာကြီးသခင်ကိုယ်တော်မှိုင်းမိန့်ကြားသောမိန့်ခွန်းအကျဉ်း
တိုင်းရေးပြည်ရေးနှင့် ဘုန်းကြီးရဟန်းတို့သည် များစွာပင် သက်ဆိုင်ကြောင်း သာသနာတော်တည်ရှိခြင်းသည် ရဟန်းတော်များ၏ လုံလဥဿဟကြောင့်ဖြစ်ကြောင်း၊ ဤအကြောင်းကို ရဟန်းတော်များ သိရှိပြီးဖြစ်၍ လူများသည် ရဟန်းတော်များနှင့် တိုင်းရေး၊ ပြည်ရေး၊ မည်ကဲ့သို့သက်ဆိုင်သည်ကို သိထိုက် ကြောင်း၊ တကောင်းမြို့ နန်းစိုက်စဥ်အခါက ဗုဒ္ဓဘာသာ သာသနာထွန်းကားခြင်းမှာ ရဟန်းတော်များကြောင့် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ထို့နောက် ပုဂံပြည် အနော်ရထာမင်းလက်ထက်တွင် သာသနာတော်ပျက်ပြားခဲ့ရာ ရှင်အရဟံမထေရ် ကိုယ်တော် ကြွရောက်၍ တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲမှ သာသနာတော် စည်ပင်တိုးတက်သဖြင့် ရဟန်းတော်များသည် တကယ့်နိုင်ငံရေးကို ဆောင်ရွက်သည်မည်ကြောင်း၊ တဖန် အင်းဝဆက်ကို ကြည့်ပြန်လျှင်လည်း အင်းဝဘုရင်မင်းခေါင် လက်ထက်တွင် စစ်မက်အရေး ရှုပ်ထွေးလှရကား ရဟန်းတော်များ ဝင်ရောက်ဆောင်ရွက်မှ တိုင်းပြည်တွင် ငြိမ်းအေးကြောင်း၊ ထို့ပြင် တပင်ရွှေထီးလက်ထက်တွင်လည်း ရဟန်းတော်များ အကူအညီဖြင့် တိုင်းပြည် အေးချမ်းခဲ့သည့်အပြင် ဘားမဲ့ဆရာတော်ကြီးသည် စစ်မြေပြင်သို့ထွက်ရာ တပ်ဦးကပင် ကြွရောက်ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းရေးပြည်ရေး လိုက်စားသည်နှင့် ရှင်တု၊ ရှင်ယောင် မဟုတ်ကြောင်း၊ တဖန် အလောင်းမင်းတရား လက်ထက်တွင်လည်း၊ တလိုင်းတို့နှင့်ဖြစ်ပွါးသော စစ်မက်ရေးတွင် အတုလသာသနာပိုင် ဝင်ရောက် ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ရဟန်းတော်များတွင် အာပတ်ကြီး၊ အာပတ်ငယ်ဟု နှစ်မျိုးရှိရာ ဥပ္ပဇျယ်မရှိဘဲလျက် သာသနာတော်၏ အဝတ်ကို ဆင်မြန်းမှသာ ရဟန်းတု၊ ရဟန်းယောင်ဟု ဆိုနိုင်သည်ဖြစ်ရာ အာပတ်ငယ်များအတွက် ဝိနည်း၊ ဒေသနာတော်အရ ရှင်တု၊ ရှင်ယောင်ဟု မဆိုနိုင်ကြောင်း မိန့်ကြားသွားခဲ့သည်။
မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ 1 ရေးသားသူ ကိုထွန်းအောင်ကျော်
ရန်ကုန်တိုင်းသတင်းစာပါ ကျွန်တော်ရဲ့ဆောင်းပါး ပထမပိုင်းကို တင်ပေးလိုက်ပါတယ်။ ဒုတိယပိုင်းနဲ့ တတိယပိုင်းတွေကိုလည်း အပတ်စဉ် သောကြာနေ့မှာ တင်ပြသွားပါ့မယ်။ မြန်မာပြည်သူတို့အတွက် မိမိကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ သံဃာတော်များကို ဂုဏ်ပြုချင်တာရယ်၊ ဒီလိုပြည်သူ့ဖက်က ရပ်တည်ခဲ့တဲ့ သံဃာတော် တွေကို ဘယ်လိုအားပေးကြမလဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာ စိတ်ဝင်စားလာကြရင် စာရေးရကျိုးနပ်ပါတယ်။ရွှေဝါရောင်သံဃာတော်တွေကိုလည်း ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။
ထွန်းအောင်ကျော်
မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ
နိဒါန်း
မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာသောအခါ ရဟန်းသံဃာတော်တို့သည် ရှေးယခင်ကပင် နိုင်ငံတော်၏အကျိုး၊ တိုင်းသူပြည်သားများ၏အကျိုးအတွက် အသက်ကို ပဓာနမထားဘဲ ငြိမ်းချမ်းရေးအတွက် ပါဝင်ဖြေရှင်းပေးခဲ့သည့် သာဓကများအား မြတ်နိုးလေးစားဖွယ် လေ့လာမှတ်သားခဲ့ရသည်။ မအားလပ်သည့်ကြားမှ ရသည့်အချိန်လေးနှင့် လေ့လာပြုစု မှတ်စုထုတ်နှုတ်ရေးသားခဲ့ရသဖြင့် အကုန်အစင် ပြည့်စုံလိမ့်မည် မဟုတ်သော်လည်း ထိုဆရာတော်ကြီးများနှင့် စစ်အာဏာရှင်စနစ်အောက်တွင် ထောင်တွင်း၌ ဒုက္ခခံခဲ့ရသည့် ဆရာတော်ကြီးများကို နှိုင်းယှဉ်၍ ကြည်ညိုသဒ္ဓါပွားများပြီး ၎င်းဆရာတော်ကြီးများ၏ သတ္တိဗျတ္တိကို  စာဖတ်ပရိတ်သတ်များက လေးစားလျက် ချီးမြှောက်ကော်ရော်ပူဇော် အားပေးကြမည်ဆိုလျှင် ဤစာကို ရေးရကျိုးနပ်ပြီဟု ဆိုချင်ပါသည်။
စစ်အာဏာရှင်စနစ်သည် တိုင်းပြည်ကို ကျွန်ပြု ဂုတ်သွေးစုပ်ယုံနှင့်မကျေနပ်သေး။ ပြည်သူပြည်သားများ၏ ဒုက္ခများကို မကြည့်ရက်၍ မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီ ပတ္တနိက္ကဇ္ဓနကံဆောင် သပိတ်မှောက်တော်မူကြသည့် သံဃာတော် အရှင်သူမြတ်တို့ကိုပါ တရားလက်လွတ် သင်္ကန်းပါချွတ် ဖမ်းဆီးထောင်ချသည်အထိ ရက်စက်ယုတ်မာခဲ့ကြသည်။ ထို့ပြင် ယင်းတို့က နိုင်ငံရေးသည် ရဟန်းတော်တို့နှင့်လားလားမျှမဆိုင်ဟုဆိုကာ ဆရာတော်ထေကြီးဝါကြီးများမှအစ ပဉ္စင်းငယ်၊ ကိုရင်များပါမကျန်၊ ရဟန်းတု၊ ရဟန်းယောင်များဟု ရင့်သီးစွာ သမုတ်ကာ ရိုက်နှက်ကန်ကျောက်ပြီး စစ်ဖိနပ်နှင့်နင်းခဲ့ကြသည်။ “မင်းတို့ဂတုံးတွေ ကိုယ့်နေရာ ကိုယ်မနေဘူး”ဟူ၍ ရိုင်းပြစွာ စော်ကားခဲ့ကြသည်။
ဤစာတမ်းဖြင့် မြတ်နိုးကြည်ညိုဖွယ်ရာ ကိုယ်ကျိုးမငဲ့ဘဲ ပြည်သူနှင့် တိုင်းပြည် ကောင်းစားရေးအတွက် သက်ဦးဆံပိုင် ဘုရင်စနစ်အောက်တွင် လုပ်ဆောင်ခဲ့ကြသော အရှင်ပံသကူငစွယ်ရှင်၊ ပင်းယစကြိုသူမြတ်တို့နှင့်  ကိုလိုနီနယ်ချဲ့စနစ် အောက်တွင် မြန်မာနိုင်ငံပထမအကြိမ် လွတ်လပ်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့ကြသော ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရတို့၏ ကိုယ်ကျိုးစွန့် ကြိုးစားအားထုတ်မှုများအပြင် ၂၁ ရာစုခေတ် မြန်မာနိုင်ငံစစ်ကျွန်သဘောက်ဘဝမှ ဒုတိယအကြိမ် လွတ်လပ်ရေးရရှိရန် မြန်မာပြည်သူပြည်သားများအတွက် ကြိုးစားအားထုတ်ရင်း အကျဉ်းကျခံခဲ့ရသော ဆရာတော် အရှင်သူမြတ်တို့အား နှိုင်းယှဉ်ရေးသား၍ ဦးချဂါဝရပြု လိုက်ပါသည်။
Thursday, 18 July 2013
"ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဘယ်လိုလူမျိုးလဲ"
  "ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဘယ်လိုလူမျိုးလဲ" အရပ်ပုပု မျက်မှောင်ကုတ်ကုတ် ပိုသီပတ်သီ အညာသား ဘီအေကျောင်းသား။ စကားမပြော ပြောရင်မရပ် ညှင်းသိုးသိုး အရိုးခံ ခေါင်းအမာဆုံး ဇွဲအရှိဆုံး စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။ သူမသိ နားမလည်တာတွေက အများသား ရေမကူးတတ်ဘူး စက်ဘီးမစီးတတ်ဘူး စန္ဒရားမတီးတတ်ဘူး သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး မိန်းမ မပိုးတတ်ဘူး။ 
Tuesday, 28 May 2013
ဝန်ကြီးများ အမတ်မင်းများအတွက် မုန့်ဖက်ထုပ် လက်ဆောင် (သူရိန်ထက်)
ရောင်းရင်းရေ …
ဒီဖက်နှစ်ပိုင်းအတွင်းမှာ တီဗွီတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဘာဘာညာညာ မီဒီယာတွေမှာ အတွေ့ရအများဆုံးဟာ ခေါင်းပေါင်းစ တလူလူနဲ့ အမတ်မင်းတွေ၊ ၀န်ကြီး ၀န်မင်းတွေပဲ ဆိုရင် မှားမယ်မထင်ဘူးဗျ.. နော်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ… ခုလို အမတ်မင်း၊ ၀န်မင်းတွေ ရာထောင်မက မြင်တွေ့ရတာ၊ ခုထိတော့ ဟုတ်တိပတ်တိ မရှိလှပေမယ့် နိုင်ငံ့အကျိုး ရွက်သယ်ပိုးတော့မယ့်ဟန် တပြင်ပြင် လုပ်နေကြတာတော့ တယ် အားတတ်ဖွယ်ကောင်းသကိုးဗျ။
တဟုန်းဟုန်းထနေတဲ့ အလုပ်သမားပြသနာတွေ၊ တဆူဆူ တပူပူဖြစ်နေတဲ့ လယ်သမား အခက်အခဲတွေ၊  တမဟုတ်ချင်း ကျယ်ပြန့်လာတဲ့ လျှပ်စစ်မီး ဆန္ဒဖေါ်ထုတ်မှုတွေ၊ တသေသေ တကျေကျေနဲ့ ဆိုးဝါးနေတဲ့ ကချင် ပြည်နယ် စစ်ပွဲနဲ့ စစ်ဘေးဒုက္ခသည်ပြသနာတွေ၊  တအုံနွေးနွေးဖြစ်နေတဲ့ ရိုဟင်ဂျာ ပြသနာတွေ၊ မထင်မှတ်ပဲ ဖြစ်ပေါ်နေတဲ့ ရေဘေး အခက်အခဲပြသနာတွေ… စတဲ့ စတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ကို အမတ်မင်းတွေက မသိကျိုးကျွန်ပြုတဲ့သူကပြု၊ နှမ်းဖြူး တဲ့သူက ဖြူး၊ လေပင့်တဲ့သူကပင့်၊ ရိသဲ့သဲ့ လုပ်တဲ့သူကလုပ်၊ မတော်တရော် ပြောသူကပြော၊ စားပြီး နားမလည် လုပ်တဲ့သူကလုပ်၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်ပြသူက လုပ်ပြ၊ နှာစေးတဲ့သူက စေး စသဖြင့် နည်းပေါင်းစုံနဲ့ အမတ်မင်းများ ၀န်မင်းများက ဖြေရှင်းနေကြတာ ကိုလည်း အင်မတန်မှ အားတတ်ဖွယ် တွေ့နေရတာကလား။
ဒီလို အားတတ်ဖွယ်တွေ အင်မတန်တွေ့ရလေတော့ တခါတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောဖူးတဲ့ မုန့်ဖက်ထုပ်ခြောက်ဝန်ကြီး ဆိုတာကို သွားသတိရမိတယ်။ (စကားချပ်။      ။စာအုပ်စာတမ်းတွေ အင်မတန်ချိနဲ့နေရတဲ့ အခြေအနေမို့ မူရင်းအတိုင်း ပြန်မဖေါ်ထုတ်နိုင်တာကိုတော့ သည်းခံပေးပါ တကာတော်။) ဆရာကြီးပြောခဲ့တာကို မှတ်မိသလောက် ပြန်ဖေါက်သည်ချပါရစေ။
တခါတုန်းက..ပေါ့ဗျာ။ ရှင်ဘုရင်ကြီးတပါးမှာ သမီးတော်လေး တယောက်ရှိဆိုပဲ။ တခါမတော့ မင်းသမီးလေး ဟာ မကျန်းမမာဖြစ်သတဲ့။ ဝေဒနာဟာ တစစ ဆိုးဝါးနေတာမို့ သမားတော်တွေ၊ အထူးကုတွေ အစုံအလင်နဲ့ ကြိုးစားကုသပေမယ့် မသက်သာ မပျောက်ကင်းတဲ့အပြင် အိပ်ယာထက်မှာ ခပ်မျော့မျော့လေးပဲ ရှိတော့တယ်တဲ့။ (ခုခေတ်လို စင်္ကာပူမှာ ဆေးသွားကုတာတွေဘာတွေလည်း ခေတ်မစားသေးဘူးကိုးဗျ။) ဘုရင့်သမားတော်တွေ၊ ကျန်းမာရေးဝန်ကြီး (ဟိုတုန်းကတော့ သမားဝန်ကြီးလို့ ခေါ်တယ်ဆိုပဲ) က အစ လက်လျော့ရတော့မယ့် အခြေအနေ ဖြစ်နေတော့ ဘုရင်ကြီးလည်း အင်မတန်မှ စိုးရိမ်းသောကတွေ ဖြစ်ပြီး ကြံရာမရ ဖြစ်နေသတဲ့။
ဒီလိုနဲ့ နောက်ဆုံး သမီးတော်လေးရဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသနိုင်ရင် သမားဝန်ကြီး ခန့်မယ် လို့ မြို့တွင်းမြို့ပြင် တိုင်းရပ်အခွင်ခွင်ကို မောင်းခတ်ကြေညာစေသတဲ့။
အဲဒီအချိန်မှာ မြို့ပြင် ကျူးကျော်ရပ်ကွက်မှာ ဆေးကုစားတဲ့ ဆရာတယောက်လည်း ရှိသတဲ့။ နာမည်က  ဗိန္ခောဆရာ  ဆရာဇော် ဆိုပါတော့။ သူက ဆေးပညာကို ကျွမ်းကျင် တတ်မြောက်လှချည်ရဲ့တော့ မဟုတ်တာမို့ လျက်ဆားလေး ဘာ လေး ဖေါ်ပြီး ရမ်းသမ်းကုရတဲ့ ဆရာရမ်းကု ဆိုပါတော့။ တပည့်တယောက်တော့ ရှိပေမယ့် ငတ်တလှည့် ပြတ်တလှည့်နဲ့ ခက်ခက်ခဲခဲ အသက်မွေးနေရရှားသကိုးဗျ။
ဘုရင့်သမီးတော် မကျန်းမာလို့ ဆေးကုသပေးနိုင်ရင် ၀န်ကြီးခန့်မယ် ဆိုတဲ့ မောင်းခတ် ကြေညာသံကို ဆရာဇော် ကြားတော့ … “အင်း… ခုလို ငတ်တလှည့် ပျက်တလှည့် နေတာထက်စာရင် ရမ်းသမ်းကုလိုက်လို့ မင်းသမီးလေး ကျန်းမာသွားလို့ကတော့ ကြိုတင်မဲတွေ မဲလိမ်တာတွေ လုပ်စရာတောင် မလိုပဲ ၀န်ကြီးဖြစ်မယ်။  သေသွားရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ.. သေမြေကြီး ရှင်ရွှေထီးပဲ။ ကြုံတုန်း ၀င်စမ်းကြည့်ဦးမှပဲ” လို့ တွေးမိပြီး ကြေညာမောင်းခတ်တဲ့ ပြန်ကြားရေးဝန်ထမ်းတွေဆီ သွားတွေ့သတဲ့။
“ဗျို့.. ဆရာလေးတို့.. မင်းသမီးက အတော်လေး နေမကောင်းဖြစ်နေတာလားဗျ။ ဘာရောဂါလဲ”
“ဒါတော့ မသိဘူးဗျို့..။ ခင်ဗျားက ဘာလုပ်မလို့လဲ“
“သြော်.. ကျုပ်က သမားတော်ကြီးပါ။ ခုတလော အထူးကု ဆေးခန်းတွေ ပြသနာဖြစ်နေတာနဲ့ အနားယူ နေတာဗျ..။ နေပါဦး.. ခင်ဗျားတို့ ဘုရင့်သမီးတော်ကို ဆေးကုနိုင်ရင် သမားဝန်ကြီး တကယ်ပေးမှာလား”
“ဟ.. ရှင်ဘုရင်ဗျ.. လူကြားကောင်း နားထောင်ကောင်းအောင် ပြောရုံပြောတတ်တဲ့ သမ္မတ မဟုတ်ဘူး။ ကတိတည်တယ်။ ခင်ဗျားကုနိုင်ရင် ၀န်ကြီးခန့်မှာဗျ“
“ရွေးကောက်ပွဲရော ၀င်ရဦးမှာလား။ ကြိုတင်မဲတွေ၊ ဖယောင်းသုတ်တာတွေ လုပ်ဦးမှာလား”
“ဟာ.. ဒါတွေ မလိုဘူး။ ကုသနိုင်လို့ကတော့ ၀န်ကြီးတန်းခန့်မှာဗျ။ ခေါင်းပေါင်း ပေါင်းတတ်ဖို့သာ လေ့ကျင့်ထား”
“မဆိုးဘူးဗျ..။ အဲ.. နေဦး.. ၀န်ကြီးပဲ ခန့်မှာလား။ မင်းသမီးလေးနဲ့ လက်ထပ်ပေးပြီး “စိန်စီသောည” တွေ ဘာတွေရော လုပ်ဦးမှာလားဗျ.. ဟီး”
“အာ.. အဲဒါတော့ မပါဘူး.. ကဲဗျာ.. လေရှည်တယ်.. ခင်ဗျား လိုက်ကုမလား။ နန်းတွင်း သမားတော်ကြီးတွေတောင် လက်လျော့ထားရတာနော်။ ကုနိုင်ရင် တပါတည်း ခေါ်ခဲ့ ရမယ်တဲ့.. ”
ဆရာဇော်လည်း အတော်လေး စဉ်းစားပြီး “ကုမယ်ဗျာ.. ခု လိုက်ခဲ့မယ်.. ” ဆိုပြီး ရှိတဲ့ အ၀တ်နွမ်းလေး နှစ်စုံလောက် လွယ်အိတ်ထဲထည့်ရင်း တပည့် လုပ်သူကိုလည်း ဆေးတွေ ထည့်ခိုင်းသတဲ့။
“ဆရာ.. ဆေးက ဘာဆေးတွေ ယူခဲ့ရမှာလဲ။ ဖေါ်စပ်ပြီးသားကလည်း လျက်စားပဲ ရှိတာလေ”
“အာ.. ရှိတာသာ ထည့်ခဲ့။ အဲ.. နေဦး.. ဟိုနေ့က နေလှမ်းထားတဲ့ ဆေးမြစ်တွေ ရသလောက် ထည့်ခဲ့ကွာ” တဲ့။ ဒါနဲ့ တပည့်လုပ်သူကလည်း နေလှမ်းထားတဲ့ ဆေးမြစ်တွေထဲက လက်လှမ်းမှီသမျှ ဟိုနည်းနည်း ဒီနည်းနည်း ထည့်ယူပြီး နန်းတော်ထဲ လိုက်သွားရော ဆိုပါတော့။
ဘုရင်ကြီးက ဆေးကုနိုင်တဲ့သူ ပါလာတယ်ဆိုလို့ ၀မ်းသာပေမယ့် ဆရာဇော်ရဲ့ ခပ်နွမ်းနွမ်း မခန့်မငြား အနေအထားကိုကြည့်ပြီး စိတ်တော့ ပျက်မိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကုနိုင်မယ့်သူ မရှိတဲ့ အခြေအနေမှာ ကောက်ရိုးတမျှင်လို သဘောထားကြီး ဆရာဇော် ဆေးကုတာကို ခပ်လှမ်းလှမ်းက ၀န်ကြီး အခြွေအရံတွေနဲ့ အကဲ ခတ်ကြည့်နေသတဲ့။
အိပ်ယာသလွန်ပေါ်မှာ မလှုပ်မယှက် ရှိနေတဲ့ မင်းသမီးလေးကို ကြည့်လိုက်၊ လက်ကလေး ကိုင်ကြည့်လိုက်၊ ဆေးအိတ်ထဲက ဆေးမြစ်တွေ ကြည့်လိုက်နဲ့ အကြံထုတ်နေတဲ့ ဆရာဇော့်ပုံစံက အားရစရာ မရှိတာတော့ အမှန်ပါပဲ။ နောက်ဆုံး ဆရာဇော်လည်း မထူးဘူးလို့ ဆုံးဖြတ်လိုက်တယ်ထင်ရဲ့။ တပည့်ဆီက ဆေးလွယ်အိတ်ကို ယူပြီး ကြည့်တောင်မကြည့်ပဲ လက်လျှိုပြီး  တွေ့ရာ ဆေးမြစ်တခုကို ကောက်ယူ၊ ကျောက်ပြင်တချပ်ပေါ်မှာ ရေသန့်လေးနဲ့ တပည့်ကို သွေးခိုင်းပြီး ဆေး တပန်းကန်လုံးလောက်ရတော့ အထိန်းတော်ကြီးကို ပေးပြီး  ဇွန်းကလေးနဲ့ ဖြေးဖြေးချင်း မင်းသမီးလေးကို တိုက်လိုက်ပါလေရော..။
ဆေးတိုက်နေချိန်မှာ နန်းတော်ထဲမှာလည်း ငြိမ်သက်ပြီး မင်းပရိသတ်တွေက ဆေးကုသတာကို ၀ိုင်းကြည့်နေသလို ဆရာဇော်လည်း ဘာဆက်လုပ်ရင် ကောင်းမလဲလို့ အကြံထုတ်နေတာပေါ့။ အကြံထုတ်ချိန် ရအောင် ဆေးတိုက်တာကိုလည်း ဖြေးဖြေးချင်း အကြာကြီး တိုက်ခိုင်းသတဲ့။
အတော်ကြီးကြာတော့ အသက်တောင် ငွေ့ငွေ့လေး ရှူနေတဲ့ မင်းသမီးလေးဟာ မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ် လှုပ်၊ ပါးစပ်ကလေးက ဟစိဟစိလုပ်လာတာကို တွေ့လိုက်ရသတဲ့။ ဘုရင်ကြီးနဲ့ တကွ တနန်းတော်လုံးလည်း ၀မ်းသာအားရဖြစ်လာသလို ဆရာဇော်ဆိုရင် ကိုယ့်မျက်စိတောင် ကိုယ်မယုံလို့ ပွတ်ကြည့် ရ ဆိုပဲ။ ဒါနဲ့ အားတက်လာပြီး လက်ကျန် ဆေးမြစ်လေးကို ဆက်သွေးပြီး တိုက်ခိုင်းတာပေါ့။
ဒုတိယအကြိမ် ထပ်တိုက်ပြီး အတော်လေးကြာတော့ မင်းသမီးလေးက ခပ်တိုးတိုးလေးနဲ့ “ရေ.. ရေ ပေးပါ” ဆိုပြီး တောင်းသတဲ့။ အားလုံးလည်း ၀မ်းသာပြီး ရေလည်းတိုက်၊ ၀ိုင်းလည်း အုံလာလို့ ဆရာဇော်က ခပ်တည်တည် နဲ့ လူနာနားသိပ်မကပ်ဖို့ (လူကြီးကို လုံခြုံရေး လုပ်ပေးနေကြတဲ့ လူတွေ မျက်နှာပေးမျိုးနဲ့ပေါ့လေ) မောင်းထုတ်ရ ဆိုပဲ။
မင်းသမီးလေး သက်သာလာတယ်ဆိုတော့ ဆရာဇော်လည်း အတော်လေး စဉ်းစားရ ကြပ်နေတာပေါ့။ သူ တိုက်လိုက်တဲ့ ဆေးဟာ ဘာဆေးလဲ၊ ချိုလား၊ ချဉ်လား၊ ငန်လား၊ ဘာအမြစ်လဲ။ နံ့သာဖြူလား၊ ကရမက်လား၊ ဆေးဒန်းလား၊ တောင်တန်ကြီး လား၊ ဆင်တုံးမနွယ်လား.. ပေါ့လေ။ သူများမပြောနဲ့ သူကိုယ်တိုင်တောင် မသိလို့ ဆေးလက်ကျန်လေးကို မသိမသာ လျှာနဲ့ တို့ကြည့်သတဲ့။ ဒီတော့မှ သူ့ဆေးအကြောင်းရော၊ မင်းသမီးလေးရဲ့ ရောဂါအခြေအနေရော သဘောပေါက်ပြီး ဆေးကျန်ကလေးကို ကျင်းပြီး တိုက်၊ အဟာရဖြစ်မယ့်ဟာလေးတွေ တိုက်လိုက်နဲ့ ကုသလိုက်တာ မကြာခင် ပျောက်ကင်းပြီး ဆရာဇော်လည်း သမားဝန်ကြီး ဖြစ်သွားပါလေရော တဲ့ဗျား..။
တကယ်တော့ ဆရာဇော် မကုခင်ကတည်းက ရောဂါက ပျောက်ကင်းနေပါပြီ။ ဆေးဆရာပေါင်းစုံ၊ ဆေးနည်း ပေါင်းစုံနဲ့ ဆေးဝါး မန္တန် ပရိတ်ပဌာန်း က အစ အမျိုးမျိုး သက်သာပျောက်ကင်းအောင် ကုသထားပြီးသားပါ။ ဒါပေမယ့် ဆေးဆရာတွေ မေ့နေတာက လူနာကို အာဟာရ တိုက်ကျွေးဖို့ပါ။ ရောဂါပျောက်ပေမယ့် ရက်ရှည်လများ အာဟာရ မရရှိတော့ မေ့မျောနေတဲ့ လူနာကို ဆရာဇော်က မထင်မှတ်ပဲ အာဟာရ ကျွေးလိုက်မိလို့ပါ။ ဆရာဇော် လျှာနဲ့တို့ပြီး မြည်းကြည့်လိုက်တဲ့ ဆေးဟာ တကယ်တော့ ဆေးမြစ်မဟုတ်ပဲ ဆေးမြစ်တွေ လှမ်းထားတဲ့အပေါ် ကျေးငှက်တွေ ချီလာတဲ့ မုန့်ဖက်ထုပ်တခုဟာ နေလှမ်းလို့ ခြောက်ပြီး ဆေးမြစ်ထဲ ရောနေတဲ့ မုန့်ဖက်ထုပ်ခြောက်ကို သွေးတိုက်မိ လျက်သား ဖြစ်နေတာကိုး။
ဆေးပညာ မတတ်ပေမယ့် သမားဝန်ကြီး ဖြစ်သွားရတဲ့ ဆရာဇော်လို ၀န်ကြီးမျိုးတွေ ဒီခေတ် ဒီအခါ ခေတ် ပြောင်းချိန် လိုလို ဘာလိုလို အခြေအနေထဲ ရောနှောမပါလာပါစေနဲ့လို့ ဆုတောင်းမိပါရဲ့ဗျာ။
ပြည်သူပြည်သားတွေမှာတော့ ရှင်ကြီးဝမ်းထဲ နေရတော့လည်း မသက်သာ၊ ရှင်ငယ်ဝမ်းထဲ နေရတော့လည်း မလွယ်ကူ၊ ခု တခါ ရှင်သစ်ဝမ်းထဲ ၀င်ရရင်တော့ ချောင်လည်တန်ကောင်းရဲ့လို့ မျှော်လင့်ချက်ကလေးတွေ တဝေေ၀ ဖြစ်နေတာကို ပန်းကောင်းအညွှန့်ကျိုးတော့ တယ် မဖြစ်စေချင်ဘူးကိုးဗျ။
အမတ်မင်းတို့ ၀န်မင်းတို့ ခေတ်မှာ ပြောင်းအောင်လည်းလုပ်နိုင်ကြပါစေ..။ ကောင်းအောင်လည်း လုပ်နိုင်ကြပါစေ… လူထုအကျိုးလည်း (နည်းနည်းပါးပါးဖြစ်ဖြစ်) သယ်ပိုင်းနိုင်ကြပါစေ ….။ မုန့်ဖက်ထုပ်ခြောက် ၀န်ကြီးတွေ မဖြစ်ကြပါစေ သတည်း..။ 
(နတ်လူ သာဓုခေါ်စေသောဝ်)
Thursday, 9 May 2013
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ
Thursday,May09,2013
ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရစစ်တပ်တိုက်ပွဲ များ အခုတစ်လော ဖြစ်ပွားလာပါသည်။
ကရင်ပြည်နယ်တွင် DKBA နှင့် BGF ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSA/SSPP နှင့် အစိုးရစစ်တပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ၌ RCSS နှင့် အစိုးရစစ်တပ် စသဖြင့် တိုက်ပွဲတေ...ွ ဖြစ်ပွားနေပါသည်။
ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ အစိုးရစစ်တပ်များ အတင်းဝင်ရောက် နေရာယူလာမှုများကြောင့် ဖြစ်သည်။ အစိုးရ စစ်တပ်သည် သူတို့ကိုယ်သူတို့ “နိုင်ငံတော်စစ်တပ်” ဖြစ်သည်။ သို့အတွက် မည်သည့်နေရာဒေသသို့မဆို အချုပ်အငင် မရှိ ဝင်ထွက်သွားလာမည်၊ တပ်စွဲနေရာချထားမည်၊ ယင်းသို့ မောက်မာလှသော သဘောထားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ ထိန်းချုပ် တပ်စွဲ အခြေပြုထားသည့် နယ်မြေဒေသများသို့ ဇွတ်တိုးဝင်ရောက်လာသဖြင့် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာရခြင်းဖြစ်သည်။
စစ်တပ်တွင် ဤသဘောထားနှင့် ဤလုပ်ရပ် ရှိနေသမျှ တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားနေမည်သာဖြစ်သည်။
“၂၀၀၈ အခြေခံဥပဒေ” ရေးသားအတည်ပြုခြင်း မပြုနိုင်မီက (နဝတ-နအဖ) စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြရာတွင် “စိုးမိုးထိန်းချုပ်ထားသော နယ်မြေနှင့် လက်နက်ကိုင်တပ်”ကို အသိအမှတ်ပြုခဲ့သည်။ ထိုသို့ အသိအမှတ်ပြုခြင်းမှာ သဘောရိုးဖြင့်မဟုတ်။ ပရိယာယ်ဖြင့် အချိုသပ် လိုက်လျောသည့်သဘော မျိုးသာ ဖြစ်သည်။
ထိုစဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ နိုင်ငံရေးဆွေးနွေးရန် (နဝတ-နအဖ)စစ်အစိုးရထံ တောင်းဆိုခဲ့ကြဖူး သည်။ တင်ပြခဲ့ကြဖူးသည်။ ထိုတင်ပြချက်ကို (နဝတ-နအဖ) စစ်အစိုးရက တုန့်ပြန်သည်မှာ သူတို့သည် စစ်အစိုးရဖြစ်သည် နောင်အရပ်သား အစိုးရပေါ်ပေါက်လာမှ “နိုင်ငံရေးစကားပြောကြပါ”ဟူ၍ ဖြစ်သည်။ သို့ဖြင့် နိုင်ငံရေးအရ မဆွေးနွေးခဲ့ကြရ၊ သို့ သော်လည်း “ညီလာခံ”သို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ယခုအခါ “၂၀၀၈အခြေခံဥပဒေ” အတည်ဖြစ်ပြီး “အစိုးရသစ်” ပေါ်ပေါက်လာသောအခါတွင် တစ်ချိန်က သဘောတူညီထား သည့်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့ စိုးမိုးထိန်းချုပ်ထားသည့်နယ်မြေနှင့် တပ်ကို အသိအမှတ် ပြု၍ မဖြစ်နိုင်တော့ပြီ။ အသိအမှတ်လည်း မပြုနိုင်။ သို့အတွက် ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးခြင်း၊ ပြည်ထောင်စု အဆင့် ဆွေးနွေးခြင်းဟူသော ကိစ္စများ ဖေါ်ထုတ်လာခြင်းဖြစ်သည်။ ပြန်လည် လက်မှတ်ထိုးကြရခြင်းဖြစ်သည်။
ယင်းသို့ ပဏာမအဆင့်/ပြည်ထောင်စုအဆင့် ဆွေးနွေးမှုများ ဖေါ်ထုတ်လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဦးသိန်းစိန် ကြံ့ဖွံ့ အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၎င်းတို့ စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေနှင့် တပ်ကို (နဝတ-နအဖ) စစ်အစိုးရ အသိအမှတ် ပြုထားခဲ့သည့်အတိုင်း ဆက်လက် အသိအမှတ်မပြုလိုတော့၍ ဖြစ်သည်။
“၂၀၀၈အခြေခံဥပဒေ” အရ ၎င်းတို့သည် တစ်ပြည်လုံးကို စိုးမိုးထားနိုင်သော အစိုးရနှင့် စစ်တပ်ဖြစ်နေပြီ မဟုတ်ပါလား။
သို့ဖြင့် ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် တစ်ချက်ခုတ်နှစ်ချက်ပြတ် သဘောထားဖြင့် တစ်ချိန်က “အသိအမှတ်ပြုမှု”ကို ပယ်ဖျက်ပြီး တစ်ဆက်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ လက်နက်ကိုင်တပ်ဖွဲ့များကို “နယ်ခြားစောင့်တပ်”အဖြစ် အသွင်ပြောင်းကာ အခြေခံဥပဒေဘောင်ထဲ ထိုးထည့်နေခြင်းဖြစ်သည်။
ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တန်းတူရည်ရှိသော နိုင်ငံရေးအရ ဆွေးနွေးမှုကို မည်သို့မျှ ပြုလုပ်ခြင်းမရှိဘဲ “၂၀၀၈အခြေခံဥပဒေ”ဘောင်ထဲ အတင်းမောင်းသွင်းနေသည်။ နိုင်ငံရေးဆွေးနွေးမှုကို “လွှတ်တော် ထဲတွင် ဆွေးနွေးပါ”ဟု အချိုသပ်နေသည်။ “၂၀၀၈ အခြေခံဥပဒေ”ထဲက ဇယား (၁)နှင့် (၂)ပါ အချက်အလက်များ ဟိုတိုး ဒီဖြည့် လုပ်ရုံမျှဖြင့် “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”များ ရရှိလာမည်ဟု လှည့်ပတ် မြှူဆွယ်နေသည်။
“ပင်လုံကဲ့သို့ညီလာခံကြီး” ဆိုသည်နှင့် ဖြားယောင်းနေသည်။ အဆိုးရွားဆုံးမှာ တိုင်းရင်းသားလူမျိုးစုများ၏ အဓိက နိုင်ငံရေး တောင်းဆိုချက်ဖြစ်သော “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”ကို “လက်ပ်တော့ပ် ကိုင်ချင်ပါပြီ” ဆိုသောစကားဖြင့် သရုပ်ဖျက် ခြင်း ဖြစ်သည်။
“လက်နက်နှင့် ငြိမ်းချမ်းရေး” လဲလှယ်ပြီးနောက် “လက်ပ်တော့ပ်နှင့် တန်းတူရေး/ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” လဲလှယ်ရမည့် သဘော ဖြစ်နေသည်။
လက်ရှိအခြေအနေတွင် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနှင့် နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးနိုင်ဖို့ လိုအပ်ပါသည်။ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော နိုင်ငံရေးသဘောတူညီ ချက်များ အခြေခံကျကျရရှိရေးကို ဦးတည်ဆွေးနွေးရမည်ဟု ယူဆပါသည်။ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲသို့ အလျင်စလို ဝင်ခြင်း လုံးဝ မဖြစ်သင့်ပါ။
မိမိတို့တိုင်းရင်းသား ဘိုးဘေးမျိုးဆက်များသည် “၁၉၄၇ အခြေခံဥပဒေ” ကို ဥပဒေဘောင်ထဲက ပြင်ဆင်ရန် လုံးပမ်းခဲ့ဖူးသည့် အတွေ့အကြုံ ရှိခဲ့ဖူးပါသည်။ ထိုသို့ ကြိုးစားခဲ့ကြစဉ်ကလည်း ပြည်နယ်များ နစ်နာနေသည့်အချက်များကိုသာ ရွေးထုတ်ပြီး ပြင်ဆင်ကြမည်လား ဟူသည့်ကြံဆချက် ပေါ်ပေါက်ခဲ့ဖူးပါသည်။ နောက်ဆုံးတွင် အပေါ်ယံလိမ်းဆေးနည်းများဖြင့် ပြည်ထောင် စုစစ်စစ် ပြင်ဆင်ဖွဲ့စည်း တည်ဆောက်၍ မရနိုင်၊ အခြေခံဥပဒေကို အရင်းအမြစ်ကျကျ ပြုပြင်ရေးဆွဲမှသာ ဖြစ်နိုင်လိမ့်မည်ဟူ သော နည်းလမ်းအမှန်ကို သဘောပေါက်ခဲ့ကြသည်။
ယင်းသို့ သဘောပေါက်သည့်အတိုင်း “၁၉၄၇ အခြေခံဥပဒေ” ကို “တပြည်ထောင်စနစ်” (Unitary state) မှ ပြည်ထောင်စုစစ် စစ် (Federal state) ဖြစ်လာစေရန် အခြေခံဥပဒေဘောင်ထဲကနေ တရားဥပဒေနှင့်အညီ ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ကြိုးပမ်းခဲ့မှု များနှင့် တိုင်းရင်းသားလူမျိုးစုများ၏ နစ်နာမှုများကို တောင်ကြီးဦးထွန်းမြင့် ရေးသားပြုခဲ့သော စာအုပ်၊ စာတမ်းများတွင် အတိအ လင်း ပါရှိပါသည်။ (ထိုစာအုပ်စာတမ်းများကို ယခု ကာလတွင် ပြန်လည် ပုံနှိပ်ထုတ်ဝေသင့်ပါသည်) မိမိတို့ တိုင်းရင်းသားဘိုး ဘွား အဆက်ဆက်၏ အားထုတ်ကြိုးပမ်းမှုသည် ၁၉၆၂ခုနှစ်၊ မတ်လ ၂ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှုဖြင့် အဆုံးသတ်ခဲ့ ကြရသည် မဟုတ်ပါလား။ “၁၉၄၇ အခြေခံဥပဒေ” သည်လည်း နိဂုံးချုပ်ခဲ့ရသည် မဟုတ်ပါလော။
ယခု “၂၀၀၈ အခြေခံဥပဒေ” တွင် တိုင်းရင်းသားလူမျိုးများအတွက် “၁၉၄၇ အခြေခံဥပဒေ”မှာကဲ့သို့ “အခွင့်အလမ်း”မျိုး မပါရှိ ချေ။ ပြင်ဆင်နိုင်သည့် အခွင့်သာချက်မျိုးလည်း မရှိချေ။ “၁၉၄၇အခြေခံဥပဒေ”သည် “၂၀၀၈အခြေခံဥပဒေ”နှင့် နှိုင်းယှဉ်လျှင် ပြင်ဆင်ရန် လွယ်ကူသော အခြေခံဥပဒေ အမျိုးအစား ဖြစ်ပါသည်။
“၂၀၀၈အခြေခံဥပဒေ”သည် ပြင်ဆင်ရန် အင်မတန်ခက်ခဲသောဥပဒေ (rigid constitution) ဖြစ်ပြီး ဥပဒေဆိုင်ရာစံနှုန်း၊ နိုင်ငံ ရေးဆိုင်ရာစံနှုန်း၊ ယုတ္တိဗေဒဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီဆီလျှော်သည့် အခြေခံဥပဒေ မဟုတ်ကြောင်း ပြည်တွင်းပြည်ပ ဥပဒေပညာရှင်များက စနစ်တကျ ထောက်ပြဝေဖန်ထားပြီး အခြေခံဥပဒေသစ်တစ်ခု ထပ်မံ ရေးဆွဲအစားထိုးရန် အကြံပြု တိုက် တွန်းဆော်သြနေပါသည်။
မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ယင်းအချက်များကို အလေးအနက် အသိအမှတ်ပြုပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး / အသစ်အစားထိုး ရေးဆွဲရေးလှုပ်ရှားမှုကို နီးနီးကပ်ကပ် လေ့လာစောင့်ကြည့်သွားရန်၊ အားပေးထောက်ခံ သွားရန်နှင့် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် အခြေခံဥပဒေနှင့် ပတ်သက်သော မိမိတို့၏ သဘောထားအမြင်များ ကို ဖော်ထုတ်သွားရမည်ဟု ယူဆပါသည်။
သို့ပါ၍ မိမိတို့တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုနှင့် ၂၀၁၅ ရွေးကောက် ပွဲတို့ကို လေ့လာစောင့်ကြည့်ပြီးနောက် ပေါက်ပေါက်လာသည့် အခြေအနေအပေါ် မူတည်၍ မိမိတို့တည်ရှိမှုကို ဖြစ်ထွန်းပေါ် ပေါက်လာသည့် အခြေအနေသစ်နှင့်အညီ လိုက်ပါဆောင်ရွက်သွားကြရမည်သာ ဖြစ်ပါသည်။
အသစ်ဖြစ်ပေါ်လာမည့် အခြေခံဥပဒေသစ်တွင် ဒီမိုကရေစီအခွင့်အရေးများ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တကယ် တမ်း အာမခံနိုင်သည့်မူများ အခြေခံကျကျ ပြဋ္ဌာန်းပါရှိလာသော အခြေအနေအချိန်အခါတွင် အခြေခံဥပဒေဘောင်ထဲသို့ဝင်ရန် စဉ်းစားဆုံးဖြတ်သင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။
(မောင်ကျော်စွာ)
KIC (Karen Information Center)
Sunday, 17 March 2013
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် ကျွန်တော့်သဘောထား
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာထွက်ရှိလာပြီးနောက် ထိုအစီရင်ခံစာကို ကန့်ကွက်သူ၊ ထောက်ခံသူများရှိသလို ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သူ၊ ဆန္ဒပြသူများရှိသလို သနားကရုဏာသက်သူများလည်းရှိခဲ့သည်။
မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းစောစောတွင် ထိုင်းနိုင်ငံဘန်ကောက်သို့ ရောက်ရှိနေသော ကျွန်တော့်ညီ ဒေါက်တာနေသူရိန်က ဖုန်းဆက်လာပါတယ်။ ဦးဇင်းကြီး ဦးတိက္ခဥာဏက အစီရင်ခံစာနဲ့ ပတ်သက်တာကို မိန့်ချင်တယ်ဟုပြောသဖြင့် ဦးဇင်းကြီး နှင့် ဖုန်းပြောရပါတယ်။ (ထိုအချိန်က ကျွန်တော်သည်အစီရင်ခံစာ အစအဆုံးကိုမဖတ်ရသေးသလို ဦးဇင်းကြီး ဦးတိက္ခဥာဏနှင့် ကျွန်တော့်ညီသည်လည်း အင်တာနက်တွင် 7Days News က အစီရင်ခံစာမှထုတ်နှုတ်တင်ပြထားသောအချက်ကိုသာ ဖတ်ထားခြင်းဖြစ်သည်။)
ဦးဇင်းကြီးက လယ်တီဆရာတော်ကြီးရဲ့ စေတီ၊ သိမ်၊ ကျောင်းရွှေ့တာကိုတော့ လုံးဝလက်မခံနိုင်ဘူးဆိုတာကို အင်တာနက်ပေါ်တင်လိုက်စမ်းကွာလို့ပြောပါတယ်။ ကျန်တဲ့အချက်တွေကိုတော့ ဘာမှမှတ်ချက်မပေးချင်ဘူးလို့ လိုတိုရှင်းစွာနဲ့ ကျွန်တော့်ကိုမိန့်ခဲ့ပါတယ်။ ဦးဇင်းကြီးမိန့်ကြားသည့်အတိုင်း မတ်လ(၁၂)မှာပဲ ဦးဇင်းကြီးရဲ့သဘောထားကို ဦးဇင်းကြီးကန့်ကွက်သောအချက်နှင့်ယှဉ်တွဲ၍ ကျွန်တော့် Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
 ဦးဇင်းကြီးနှင့်ဖုန်းဆက်ပြီးကတည်းက သတင်းစာရောက်မလာခင်အထိ လက်ပံတောင်းတောင်အစီရင်ခံစာအပြည့်အစုံကို အင်တာနက်မှာ လိုက်ရှာပါတော့တယ်။ မြန်မြန်တွေ့ချင်သဖြင့် သူငယ်ချင်းများကိုလည်း သူတို့ထိုအစီရင်ခံစာကို တွေ့ရှိပြီးဖြစ်ပါက Link ပေးရန် အကူအညီတောင်းပါတယ်။ အင်တာနက်မှ ရရှိသောအစီရင်ခံစာကို မျက်စိအားကိုအထူးစိုက်ကာဖတ်နေရတဲ့ဒုက္ခသည် သတင်းစာရောက်လာမှ သက်သာရပါတော့သည်။
(ပထမ) အစအဆုံး အကြမ်းမျဉ်းတစ်ခေါက် အရင်ဖတ်လိုက်သည်။ (ဒုတိယ) ဆက်စပ်မှုရှိနိုင်သည့် စကားလုံး၊ ဝါကျ၊ အပိုဒ်တွေကို လိုက်လံမှတ်သားသည်။(တတိယ) အပိုဒ်တစ်ပိုဒ်စီ၊ အပိုဒ်ခွဲ တစ်ပိုဒ်စီရဲ့ စကားလုံး၊ ဝါကျအဓိပ္ပါယ်များကို သေချာနားလည်အောင်ဖတ်သည်။ (စတုတ)္ထ မှတ်သားထားသည့် စကားလုံး၊ ဝါကျ၊ အပိုဒ်တို့ကို ချိန်ထိုးသုံးသပ်ကြည့်ခဲ့ပါသည်။
ကျွန်တော်ကြားဖြတ်၍ပြောလိုသည်မှာ ကျွန်တော့်ကို သိသူများရှိသလို မသိသူများစွာရှိသည်ဟု နားလည်လက်ခံထားသဖြင့် ကိုယ်တိုင်မိတ်ဆက်လိုပါသည်။ လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲခံရတုန်းက မီးလောင်ဒဏ်ရာရရှိမှု အပြင်းထန်ဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှုခံနေရသော ဦးတိက္ခဥာဏသည် ကျွန်တော်၏ ခမည်းတော်ဖြစ်ပါသည်။ (မှတ်ချက်။     ။ခမည်းတော် ဦးဇင်းကြီး ဒဏ်ရာရသည့်အချိန်မှစ၍ မတ်လ (၁၁)ရက်နေ့အထိ ဦးဇင်းကြီး၏ဒဏ်ရာကို မီးလောင်ဗုံးဒဏ်ရာဟုသာ သုံးစွဲခဲ့သည်။)
စတင်ဖြိုခွဲခံရသည့် တန်ဆောင်တိုင်မနက်(၃း၀၀)နာရီကျော်ခါစတွင် ခမည်းတော်ဦးဇင်းကြီးက ကျွန်တော့်ဆီဖုန်းဆက်ပါသည်။ မီးလောင်ဗုံးနဲ့ပစ်တယ်၊ အခြေအနေမကောင်းဘူး၊ လာခေါ်ရန်ပြောသဖြင့် သူငယ်ချင်းနှစ်ယောက်ကိုခေါ်ကာ မုံရွာအနောက်ဖက်ကမ်းသို့ ကားဖြင့်သွားခဲ့ကြပါသည်။ ထိုနေ့ညက ကျွန်တော်တို့သည် အမေစုဟောပြောမည့် ချင်းတွင်းမြစ်သောင်ပြင်ပေါ်ဆောက်ထားသည့် ဟောပြောစင်ကို လုံခြုံရေးတာဝန်ကျနေခဲ့ကြပါသည်။ ဦးဇင်းကြီးဖုန်းဆက်စဉ်ကလည်း အသံဖမ်းထားပါသည်။
မုံရွာအနောက်ဖက်ကမ်း တောင်ကြားကျောင်းသစ်သို့ရောက်သောအခါ ဦးဇင်းကြီး၏အခြေအနေကို မမြင်ဝံ့စရာ၊ မကြည့်ရက်စရာ တွေ့ရပါတော့သည်။ ကျွန်တော်တို့ရောက်ချိန်၌ မတ်တပ် မရပ်နိုင်တော့ပါ။ ထိုင်နိုင်နေပါသေးသည်။ ထိုအချိန်တွင် ကျန်းမာရေးမှူးတစ်ဦးရောက်လာကာ (အမည်မသိပါ) မေးခိုင်ကာကွယ်ဆေးနှင့် Antibiotic ထိုးပေးပြီးနောက် ဦးဇင်းကြီးကို ကားပေါ်ပွေ့တင်၍ မုံရွာသို့ချက်ခြင်းပြန်မောင်းခဲ့ကြပါသည်။ ပထမတွင် ထိုင်လျက်လိုက်ပါနိုင်သော်လည်း မိနစ်(၂၀)ခန့်ကြာသောအခါ မထိုင်နိုင်တော့ပါ။ သူငယ်ချင်း မြတ်နိုးဝင်းအပေါ်လှဲမှီကာ မုံရွာရောက်သည်အထိ လိုက်ပါခဲ့ပါသည်။ နံနက် (၄း၃၀)ခန့်တွင် မုံရွာသို့ပြန်ရောက်ခဲ့ပြီး ကားပေါ်၌ မီးခိုးညှော်နံ့များ၊ သွေးညှီနံ့များ ဖုံးလွှမ်းနေခဲ့သည်။ မုံရွာမှာ ခဏရပ်ကာ လိုအပ်သောဆေးဝါးပစ္စည်းများကိုယူပြီး ကျွန်တော့်ညီမက ကားမောင်းပြီး ဦးဇင်းကြီး ဦးတိက္ခဥာဏကို မန္တလေးဆေးရုံးကြီးသို့ တိုက်ရိုက်ပို့ဆောင်ခဲ့ကြရပါတယ်။
ဦးဇင်းကြီး ဦးတိက္ခဥာဏနှင့်ပတ်သက်၍ ခံစားရမှုများ၊ လုပ်ကိုင်ရမှုများကို အချုပ်ဆိုရလျှင် မိမိခမည်းတော်ဖြစ်ခြင်းကြောင့် ဦးဇင်းကြီး၏ အသက်အန္တရာယ်ကိုစိုးရိမ်ပူပန်ရခြင်း၊ ခံစားနေရသော ဝေဒနာဆိုးများကို ကြိတ်မှိန်သည်းခံ၍နေသည်ကို အနီးကပ်သိရှိ၍ စိတ်မကောင်းရခြင်း၊ လုပ်ရက်ကြလေခြင်းဟု ဒေါသထွက်ရခြင်း၊ မိခင်ကြီးလွန်စွာအလုပ်ရှုပ်၊ စိတ်ပင်ပန်းရသည်ကိုမြင်ရ၍ စိတ်မကောင်းရခြင်း၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေများ၏ သောကအပူ၊ ဒေါသအပူတို့ ထပ်မံကူးစက်ခံရခြင်း၊ လိုအပ်သောကုသမှုများအတွက် ညီအစ်ကိုမောင်နှမများ စိတ်ပင်ပန်း၊ လူပင်ပန်း၊ ငွေပင်ပန်းဖြစ်ရခြင်းစသော အဖြစ်အပျက်များကို ယခင်က စိတ်ကူးနဲ့တောင် မတွေးဖူးပါ။
ယခုအခါ ဦးတိက္ခဥာဏ၏ မီးလောင်ဒဏ်ရာများ သက်သာပျောက်ကင်းလာပြီဖြစ်သော်လည်း ခွဲစိတ်ခန်းခဏခဏဝင်ရ၍ မေ့ဆေးဒဏ်၊ မော်ဖင်းဒဏ်တို့ကြောင့် ဒဏ်ရာများ၏နာကျင်မှုကို ခံနိုင်ရည်လျော့ပါးနေပါသည်။ ခြေထောက် အကွေးအဆန့်လေ့ကျင့်ခန်းကို (၁၅)စက္ကန့်မျှပြုလုပ်လျှင်တောင် မျက်ရည်များဝေ့လာသည်အထိ နာကျင်မှုကိုခံစားနေရရှာသည်။ ယခင်က ခန္ဓာနှင့် စိတ်ရဲ့ နာကျင်မှုဒဏ်၊ ပင်ပန်းမှုဒဏ်များကို ခံနိုင်ရည်အလွန်ရှိခဲ့သော ဦးတိက္ခဥာဏသည် ခွဲခန်းဝင်ရသောဒုက္ခ၊ Dressing Change သောဒုက္ခများကို တညည်းညည်း၊ တငြူငြူနှင့် ခံစားချက်များကို ပြောပြတတ်နေရှာပြီ။
ကျွန်တော့်အနေဖြင့် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မတီ၏အပြီးသတ်အစီခံစာကို အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သေချာစေ့ငုအောင် လေ့လာခဲ့ပြီး မျှတသောအစီခံစာတစ်စောင်ဟုတ် မဟုတ် ဥာဏ်စွမ်းရှိသမျှသုံးသပ်မိသောအခါ ထိုအစီရင်ခံစာ၌ပါသော အကြံပြုချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ၏၊ သည်မလွဲ လုပ်ဆောင်ပါက အလွန်ကောင်းမွန်ကာ နိုင်ငံအတွက် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေမည်ဖြစ်သလို ထိုသို့လုပ်ဆောင်ချက်များကို အပြည့်အဝလုပ်ဆောင်စေရန် ပြည်သူများအနေနှင့် စောင့်ကြည့်ထိန်းမတ်ပေးသင့်သည်ဟု ညွှန်းထားကြောင်း ယုံကြည်မိပါသည်။ ထို့ကြောင့် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို သဘောကျပါသည်။
တဖက်တွင်မူ မိမိခမည်းတော်ကြီး ဦးတိက္ခဥာဏ ခံစားနေရသောဒုက္ခဝေဒနာများကလည်း မျက်ဝါးထင်ထင်ရှိနေဆဲပင်ဖြစ်သည်။ ထိုခံစားချက်များ၊ ဒေါသများ၊ မကျေနပ်မှုများကိုမွေးမြူ၍ ပေါက်ကွဲနေပါကလည်း အကျိုးရှိမည်မဟုတ်နိုင်သဖြင့် ခမည်းတော်ကြီး ဦးတိက္ခဥာဏ၏ ကျန်းမာရေးလုံးဝပျောက်ကင်းသွားသည်အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိမိတို့မိသားစု ညှိနှိုင်းဆွေးနွေးအဖြေရှာရန်လိုအပ်ကြောင်း သဘောပေါက်မိပါသည်။
ထို့ကြောင့်ကျွန်တော့်သဘောဆန္ဒသည် ခမည်းတော် ဦးတိက္ခဥာဏအပါအဝင် မီးလောင်ဒဏ်ရာရသူများ၏ကျန်းမာရေးကို သက်ဆိုင်ရာကော်မတီက လုံးဝပျောက်ကင်း၊ သက်သာသည်အထိ အပြည့်အဝတာဝန်ယူစေရန် ညှိနှိုင်း၊ စောင့်ကြည့်နေမည်ဖြစ်သလို စီမံကိန်းနှင့်ပတ်သက်သော ကော်မတီ၏လုပ်ကိုင်ဆောင်ရွက်မှုအချက်အလက်များကိုလည်း တတ်အားသရွေ့၊ လက်လှမ်းမီသရွေ့ လေ့လာနေမည်ဖြစ်ပါသည်။
နိဂုံးချုပ်ဆိုရသော် လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို လုံးဝထောက်ခံပါသည်။
နေသီဟ
မတ်လ၊ (၁၆)ရက်၊ ၂၀၁၃
စနေနေ့။
Sunday, 10 March 2013
တံတားဖြူကနေ တံတားနီဖြစ်သွားတဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားသူများ ဝင်ဖတ်သွားကြပါ။
တံတားဖြူကနေ တံတားနီဖြစ်သွားတဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားသူများ ဝင်ဖတ်သွားကြပါ။ 
(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။
၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ်(ပင်မ)၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာစုရုံးကြပြီးမဆလအစိုးရ၏လုပ်ရပ်ကိုကန့်ကွက်ဆန္ဒပြကြတယ်။
ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။ မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ် ဦးဘသန်းဟက် ကျောင်းသားများကို စကားပြောခဲ့ပါတယ်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူက ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းတဲ့အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့တယ်။ ဒုပါမောက္ခချုပ် ဦးဘသန်းဟက်လည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး တားမရတဲ့အဆုံး ကျောင်းဝင်းတွင်းက မထွက်ရင် ဘာမှ မဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါသေးတယ်။
အဲ့ဒီနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြတယ်။ ကျောင်းဆောင်တွင်းမှာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြတယ်။ ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြတယ်။
ကျောင်းသားများထဲမှအလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြရန် လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာတပြိုင်နက် ထောက်ခံခဲ့ကြတယ်။ ကျောင်းသားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါတယ်။
ပြည်လမ်းတလျှောက် ချီတက်ကြပြီး လှိုင်ကောလိပ်ကိုဝင်ပြီး သမိုင်းဝင်းတစ်ခုလုံးရှိ ကျောင်းသားအင်အားစုရန် ခရီးစဉ် ရေးဆွဲခဲ့ကြတယ်။ ပြည်လမ်းတခုလုံး ကျောင်းသားများနဲ့ ပြည့်နှက်နေပြီးအစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ရန်ကုန်စက်မှုတက္ကသိုလ် ဆီသို့ ဦးတည်ပြီး ချီတက်ကြတာ အလွန်တက်ကြွဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီးရဲ့ ရှေ့ဆုံးမှာတော့ ခေတ်အဆက်ဆက် ကျောင်းသားတော်လှန်ရေးတိုင်းမှာ အသုံးပြုခဲ့ကြသော ခွပ်ဒေါင်းအလံကြီးကို စတင် တင်လွှင့် ခဲ့ကြတယ်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်းတောက်လျှောက်တွင်အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနဲ့ ၀င်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာကြတယ်။ ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်းအင်အားကြီးမားလာခဲ့ပြီးအစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကိုညီညွတ်စွာ သံပြိုင်ကြွေးကြော်လာကြတယ်။
ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့်တံတားဖြူကန်ဘောင်ကို ကျော်လိုက်တာနဲ့ ရုတ်တရက် ကျောင်းသားထုကြီး ရပ်တန့်သွားခဲ့တယ်။ တံတားဖြူကန်ဘောင် အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထား တာကို တွေ့လိုက်ရတယ်။ 
စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီကို သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေအထားနဲ့ စောင့်နေကြတယ်။ ဘရင်းကယ်ရီယာများကလည်းစစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားတယ်။ ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနဲ့ တပ်မတော်သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးလိုက်ကြတယ်။
အဲ့ဒီ အချိန်မှာပဲ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံလိုက်ကြတယ်။ ကျောင်းသားများ အသက်ရှုရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြတယ်။ ပိတ်မိနေကြပြီ။ အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများ နဲ့ လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲ သို့ အလိုလို ရောက်သွားရတယ်။
ထိုအချိန်မှာပဲ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များ နဲ့ ၀င်ရိုက်ကြတော့တယ်။ နံပါတ်တုတ်များ နဲ့ ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေရတယ်။ ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြတယ်။ ကန်ဘောင်ပေါ်တက်ပြေးကြတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာကြတယ်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြတယ်။
ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနဲ့ အတုန်းအရုံး လဲကျကုန်ကြတယ်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြတယ်။ ကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသားတွေနောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေကို အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ကြတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူဆို့ ရဲ့ သွေးတွေနဲ့  တံတားနီအဖြစ် ရောက်ခဲ့ရတယ်။
အဲ့ဒီနောက်အသင့်စောင့်နေသောလုံထိန်းကားများက မောင်းဝင်လာကာ လမ်းမတလျှောက်လဲကျနေသူ၊ဒဏ်ရာရသူနဲ့ သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြတယ်။ဖမ်းဆီးမိတဲ့ ကျောင်းသားတွေကိုလည်း ကားပေါ်ဆွဲတင်သွားကြတယ်။ ကားတွေ မောင်းထွက်သွားတဲ့ အခါမှာတော့ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် အင်းလျားကန်ဘောင် နဲ့ တံတားဖြူ ကို ဆေးကြောသုတ်သင် လိုက်ကြပြန်တယ်။
ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်မှာ ကြိုတင်စီစဉ် အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး ညွှန်ကြားခဲ့သူမှာ မဆလ အစိုးရ အရှင်သခင် ဦးနေ၀င်း၏ ညာလက်ရုံး ဦးစိန်လွင် ( စိန်လွင် ၆ တန်း တစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်တယ်။
တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီ ခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်တွင် ပါလာသော လုံထိန်းမျာ:က မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ထားခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောပါတယ်။ မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများနှင့် မြင်မကောင်းအောင် ဖြစ်နေရတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေတဲ့ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့က အနီးဆုံး လဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့တယ်။
မနက်မိုးလင်းတဲ့အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တစ်ယောက်က ပြောပြပါတယ်။ မိန်းကလေးတစ်ယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ ကျောင်းသားများ ထောင်နဲ့ ချီပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကြတယ်။ အဲဒီနောက် အပန်းဖြေရိပ်သာအနီးမှာရှိတဲ့စင်မြင့်ပေါ်မှာ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသားဖြစ်သော ကိုမင်းဇေယျာ (ယခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)၊ ကိုမောင်မောင်ကျော် နှင့် မယုယုမော်တို့က ဟောပြောခဲ့ကြတယ်။
ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ အကြာကြီး စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော်အလောင်းကို တာမွေသင်္ချိုင်းမှာ မဆလအာဏာပိုင်တွေကတိတ်တဆိတ်သင်္ဂြိုဟ်လိုက်ကြတယ်။ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲခဲ့ကြတယ်။
ကျောင်းသားများရန်ကုန်တက္ကသိုလ်ကျောင်းဝင်းတွင်းကို ပြန်လာသောအခါ ကျောင်းဝင်းတစ်ခုလုံးကို လုံထိန်းများ ထောင်နဲ့ချီပြီး ဘရင်းကယ်ရီယာများ နဲ့ ၀ိုင်းရံပိတ်ဆို့ထားတာ တွေ့လိုက်ရတယ်။ ဒုပါမောက္ခချုပ်ဦးဘသန်းဟက်ကမိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းဝင်းပြင်ကို မထွက်ပါက လုံခြုံပါတယ်လို့ ပြောခဲ့ပါတယ်။
ကျောင်းဝင်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်းဝင်းထဲ သေနတ်များ နံပါတ်တုတ်များနဲ့ ကျောင်းဝင်းကို ၀င်စီးလိုက်ကြတယ်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြတယ်။ အချုပ်ကားတွေလည်း ကျောင်းဝင်းထဲဝင်လာပြီး ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ကျောင်းဆောင်တွေထိပါ ၀င်လာပြီး ကျောင်းသားတွေကို ထွက်ခိုင်းကာ အချုပ်ကားပေါ် တင်သွားကြတယ်။ အချုပ်ကားထဲကို ကျောင်းသားကျောင်းသူများ အဆမတန် တင်ဆောင်လာတဲ့အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီခေါ်လာတဲ့ ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြတယ်။
၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင် ဆက်စပ်နေသော ပြသနာများကို ဖြစ်ရပ်မှန်အတိုင်း ကြေညာပေးရန် မ.ဆ.လ အစိုးရကို တောင်းဆိုလိုက်တယ်။ အစိုးရက အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တစ်လအတွင်း အစီရင်ခံစာ တင်ပြရန် တာဝန် လွှဲပြောင်းပေးလိုက်တယ်။ (ဒီ မဆလအာဏာရှင်ရဲ့  အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လိမ်ညာသောချက်အလက်များနဲ့  အစီရင်ခံစာထုတ်ပြန်ခဲ့တယ်)။
အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန်ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းသားကျောင်းသူများက အုပ်စုလိုက် အစုငယ်လေးတွေ ကိုယ်စီနဲ့ ဆူးလေဘုရားမှာ မွန်းတည့် (၁၂) နာရီမှာ စုစည်းခဲ့ကြတယ်။ အဲဒီနောက် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆူးလေဘုရားကို ပတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြကြတယ်။ နာရီအနည်းငယ် အတွင်း ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကြီး ဖြစ်ခဲ့တယ်။
ဒီလိုနဲ့  ကျောင်းသူကျောင်းသားတွေဦးဆောင်တဲ့လှုပ်ရှားမှုကြီးဟာ
၁၉၈၈ခုနှစ်ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဆီကိုအရှိန်အဟုန်ပြင်းစွာနဲ့  အာဏာရှင်တွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေကို ကြံ့ ကြံ့ ခံရင်း မဆလတစ်ပါတီစနစ်ကို ပျက်သုံးစေပြီး အာဏာရှင် နေ၀င်း ပြုတ်ကျတဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။
၁၉၈၈ခုနှစ်၊မတ်လကာလအတွင်းမှာ ပေးဆပ်ရင်းနှီးဆုံးရှုံးခဲ့ကြရတဲ့ ကျောင်းသူကျောင်းသားတွေရဲဘ၀တွေနဲ့ စိတ်ဓါတ်တွေကို လေးစားဂုဏ်ပြုကြရဖို့ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်သလို၊မပြီးဆုံးသေးတဲ့အာဏာရှင်ဆန့် ကျင်တော်လှန်ရေးကိုလည်း နောင်တော် ကျောင်းသူကျောင်းသားကြီးများရဲ့  ၀ိညာဉ်တွေနဲ့အတူ ဆက်လက်ဆင်နွဲရင်း အမိမြန်မာပြည်ပေါ်မှာ အာဏာရှင်စနစ်ချူပ်ငြိမ်းပျောက်ကွယ်စေဖို့  စွမ်းစွမ်းတမာန် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
by niknayman blog- Sat/March/2009 At 4:49am
photo: တံတားနီနေ့ (သို့) တံတားဖြူ အရေးအခင်း – မတ်လ (၁၆) ရက်
(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြေ...ာင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။
၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ်(ပင်မ)၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာစုရုံးကြပြီးမဆလအစိုးရ၏လုပ်ရပ်ကိုကန့်ကွက်ဆန္ဒပြကြတယ်။
Friday, 1 March 2013
အသွင်ကူးပြောင်းရေးကာလ ပြသနာအချို့ (မောင်ဝံသ)
မောင်ဝံသ ပြောချင်လွန်းလို့
ပြည်သူ့ခေတ်ဂျာနယ် ၂၈ ဖေဖော်ဝါရီ ၂၀၁၃ တွင် ဖော်ပြသည့် ဆောင်းပါး။
ကျွန်တော်တို့ နိုင်ငံဟာ အခုအချိန်မှာ အင်မတန်မှ သိမ်မွေ့ နက်နဲသလောက် အင်မတန်မှလည်ူ ခက်ခဲ ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုအတွင်း ရောက်ရှိနေ တယ်လို့ ကျွန်တော် မြင်နေတယ်ဗျာ။
    ဘာကြောင့် ဒီလို ပြောရသလဲဆိုတော့ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်းပုံ ကူးပြောင်းနည်းဟာ တစ်ခြားနိုင်ငံတွေနဲ့ တစ်မူထူးခြား ကွဲပြားနေပြီး ကိစ္စကလည်း မပြတ်သေးလို့ ဖြစ်တယ်ဗျ။
ပုံသေနည်း ဆင်တူယိုးမှား
    အာဏာရှင်ကနေ ဒီမိုကရေစီကို ကူးပြောင်းတဲ့ နိုင်ငံအများစုဟာ ပုံသေနည်းဆန်ဆန်လို့တောင် ပြောစရာဖြစ်အောင် ဆင်တူယိုးမှား ဖြစ်ခဲ့ကြတာ တွေ့ရမှာပါ။ လူထုအုံ
ကတ္တီပါတော်လှန်ရေးနဲ့ ဝေးခဲ့
    ကျွန်တော်တို့ဆီမှာလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးတုန်းက နောက်ဆုံး သမ္မတ ဒေါက်တာမောင်မောင်က သုံးလအတွင်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှု တည်ဆောက်ခြင်း မပြုနိုင်ခဲ့ကြလို့ မြန်မာ့ ကတ္တီပါတော်လှန်ရေး ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့က ချက်တွေထက် တစ်နှစ်ကျော် စောပါတယ်။
    လမ်းစဉ်ပါတီအစိုးရဆီက တပ်မတော်က အာဏာလွှဲပြောင်းယူပြီး ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပေးခဲ့ပေမယ့် အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမလွှဲပေးတဲ့အတွက် ကတ္တှီပါ တော်လှန်ရေးအနားရောက်ဖို့ ဝေးသထက်ဝေးခဲ့ရပါတယ်။ အဲဒီကတည်းက ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပုံစံဟာ ကမ္ဘာမှာ ရှိခဲ့ပြီးတဲ့ ပုံသေနည်းတွေနဲ့ တစ်ခြားစီဖြစ်ခြဲ့ပီလို့ နားလည်ခဲ့ရတယ်ဗျာ။
ထင်သာ မြင်သာ အပြောင်းအလဲများ
    ၁၉၉၀ကနေ ၂၀၁၁ မတ်လအတွင်း ဖြစ်ရပ်တွေ အခြေအနေတွေကို စာဖတ်သူများ သိပြီးသားလို့ ယူဆတဲ့အတွကသူတို ဒီဆောင်းပါးမှာ ပြန်မညွှန်း တော့ဘဲ ၂၀၁၁ခုနှစ် မတ်လမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးချိန်ကိုပဲ ဆက်ကြည့်ရအောင်။
    ၂၀၀၈ခု အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ခု ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြီး လွှတ်တော်ထဲကို ဒီချုပ်အမတ်တွေ ရောက်လာတယ်။ အရေးကြီးတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေအားလုံး နှစ်ရှည် အကျဉ်းကျခံနေရာက လွတ်လာကြတယ်။ တစ်ချိန်က ထောင်မှူးနဲ့ ထောင်သားဆက်ဆံရေးလိုမျိုးပဲ ရှိခဲ့ကြသူတွေ ယခုတော့ တစ်ယောက်နဲ့ တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြ၊ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ် မောမော ပြောကြဆိုကြ၊ အတူတွဲပြီး သီချင်းတွေဆိုကြ၊ ကခုန်ကြနဲ့ မြင်ရသူ ပြည်သူအပေါင်းဟာ တကယ့်ကို စိတ်ဘ၀င်ချမ်းမြေ့စရာမြင်ကွင်းတွေ ဖြစ်တယ် ဗျ။
ဒီမိုကရေစီစစ်စစ်လို့ ပြောဖို့လည်း ခက်
    ဒါပေမယ့် အခြားတစ်ဖက်မှာလည်း  စစ်အာဏာရှင်စနစ်အဖြစ် ရှုမြင်ထားခဲ့ကြတဲ့ မူလလက်ဟောင်း အုပ်ချုပ်ရေး စနစ်ရဲ့ အခြေခံအုတ်မြစ် ကတော့ ဘာမှမပြောင်းလဲဘဲ နဂိုအတိုင်း (intact)ရှိနေတုန်းပဲလို့ ရှုမြင်နေသူတွေလည်း အများကြီး ရှိနေတယ်ဗျ။ အဲသလို ရှုမြင်စရာ အထင်ရှား အမြင်သာဆုံး ဥပမာကတော့ ၂၀၀၈ အခြေခံဥပဒေဖြစ်တယ်ဗျာ။ ]]တပ်မတော် သည် နိုင်ငံတော်၏ ဦးဆောင်ကဏ္ဍတွင် ရှိသည်}} ဆိုတဲ့ အခြေခံမူပေါ်မှာ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ စစ်စစ် ဖြစ်နေပါပြီလို့ သေချာပေါက် ပြောဖို့ ခက်နေတာလည်း အမှန်ပဲဗျ။
ဝေခွဲမရနိုင်သူတွေ ရှိနေချိန်
    ဒီတော့ အချို့သူတွေအဖို့ ဒီကနေ့ မြန်မာနိုင်ငံမှာ အဓိက ထမ်းဆောင်ရမယ့် တာဝန်ဟာ တော်လှန်ရေးလား၊ တည်ဆောက်ရေးလား ဆိုတာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်ဖြစ်နေကြတယ်ဗျ။ သူတို့အမြင်အရ ၂၀၀၈ အခြေခံဥပဒေကြီး ရှိနေသေးတာကြောင့် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲရဦးမယ်လို့ ယုံကြည်နေခြင်းနဲ့ တစ်ပြိုင်တည်းမှာ လက်တွေ့ မြေပြင်ပေါ်မှာ မျက်စိနဲ့ တပ်အပ်မြင်နေရတဲ့ နိုင်ငံရေးအပြောင်း အလဲတွေကလည်း သူတို့ကို တည်ဆောက်ရေးသမားတွေ ဖြစ်နိုင်သမျှ အမြန်ဆုံး ဖြစ်လာအောင် ကြိုးစားကြဖို့ တောင်းဆိုနေပြန်တယ်။ သူတို့ အဓိက လုပ်ရမှာက တော်လှန်ရေးလား။ တည်ဆောက်ရေးလား။ ပေါ့ပေါ့တွေးသူများအဖို့ အရေးမကြီးလှပေမယ့် လေးလေးနက်နက် ဆင်ခြင် တွေးတောတတ်သူများအဖို့တော့ တကယ့်ကို ဝေခွဲမရနိုင် (dilemma) ဖြစ် လောက်တယ်ဗျာ။
အလံနှစ်ခု ကိုင်ထားရမလား
Tuesday, 19 February 2013
ပျင်းမငုတ်တို ဇာတ်လမ်းထဲကမျိုး ထဲက မြန်မာစစ်တပ် (ပုရစ်)
(၁) ၁၉၈၈ မတိုင်ခင် အချိန်တွေကအထိတော့ မြန်မာ့တပ်မတော်ဟာ တစ်ကယ်ပဲ
ဟိုးအရင်က ပျင်းမငုတ်တို ဇာတ်လမ်းထဲကမျိုးလို ပြည်သူက
တစ်ကယ်ချစ်ခဲ့တာပါ ။ ကြေးစားစစ်တပ်မဟုတ်ဘူး ၊
မ၀င်မနေရ စစ်တပ်မဟုတ်ဘူး ။
နှစ်နှစ်သက်သက် လိုလိုလားလား ၀င်ခဲ့ကြတာပါ။
(၂)လက်နက်ကိုင်ထားရတဲ့ အဖွဲ့ အစည်း တစ်ခုမှာ ဘာတစ်ခုမှ ပြန်မေးခွင့်၊
အတွန့် ပြန်တက်ခွင့် မရှိပဲ ပေးတဲ့အမိန့် ကို ပဲ နာခံကြရမယ် ဆိုတာကလည်း အဲဒီလုပ်ငန်းသဘာဝအရ ဖြစ်သင့်တာတစ်ခုပါ ။
(၃))အဲဒီအချက်ကို အလွဲသုံးစား ပြုခဲ့ကြတဲ့သူတွေကြောင့်သာ စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရုပ်ဆိုး အကျည်းတန်ရုံမက
စစ်တပ်တစ်ခုလုံးလည်း အသွင်သဏ္ဍန်အရရော ၊အနှစ်သာရပိုင်းအရပါ များစွာ အကျည်းတန်ခဲ့ရပါတယ် ။
(၄)စစ်အာဏာရှင် သက်တမ်းအတွင်းမှာတိုင်းပြည်ရဲ့  အထွေထွေ ချို့ ယွင်းအားနည်းမှုများကို ဖြစ်စေရုံသာမကပဲ တပ်မတော်ကိုယ်တိုင်ကိုပါ ဖျက်ဆီးပစ်ခဲ့သလို ဖြစ်ခဲ့ရတာပါ ။
(၅)စစ်တပ်အာဏာသိမ်းထားစဉ် ကာလအတောအတွင်း စစ်ဗိုလ်ချုပ်တွေ ယုံကြည်ခဲ့ကြတာကသူတို့ ဟာ အခွင့်ထူးခံတွေဖြစ်တယ် ဆိုတာကိုပါ ။
အာဏာ ဆိုတာရဲ့  သဘောကိုကောင်းကောင်းနားလည် တတ်ကျွမ်းခဲ့ကြတယ် ဆိုရင်လည်း မမှားပါဘူး ။ ပြည်သူအပေါ်မှာ သူတို့ ရဲ့  အာဏာစက်ကို ကောင်းစွာသက်ဝင်အောင် တတ်မြောက်ကျွမ်းကျင်ခဲ့ကြပါတယ် ။
(၆)အဲဒီမှာ ကျွဲကူးရေပါဖြစ်ခဲ့ရတာက ပြည်သူအပေါ် အနိုင်ကျင့်ရုံမကပဲ မိမိ တပ်ကိုပါမိမိပြန်နင်းသလို အဖြစ်တွေ ဖြစ်လာခဲ့ကြရတာပါ ။
(၇)တစ်ကယ်တမ်းမှာ တပ်မတော်အတွင်းကအောက်ခြေရဲဘော်ငယ်လေးတွေရဲ့  ဘ၀က သိပ်သနားစရာ ကောင်းပါတယ် ။ အစစအရာရာနင်းပြားဖြစ်နေရတဲ့ ဘ၀တွေပါ ။
(၈)နိုင်ငံအ၀ှမ်းက ဘယ်ရဲဘော်ကိုပဲကြည့်ကြည့်ပါ အားလုံးဟာညှိုးနွမ်းစုတ်ပြတ်ပြီး ညှိုးညှိုးငယ်ငယ်နဲ့  သိမ်ငယ်စွာနေကြရတာပါ ။
Friday, 15 February 2013
ပွဲ မလန့်ဘဲ ဖျာခင်းသူများ
ပိုင်ဆိုင်မှု အငြင်းပွားလျှက်ရှိသည့် မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ မြေပေါ်တွင် ရက်ပိုင်းအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခဲ့ သူများအား ၂၀၁၂ သြဂုတ်လအတွင်း တွေ့ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
“ပွဲ လန့်တုန်း ဖျာခင်း” ဟူသော မြန်မာ စကားပုံက သူများတွေ အခက်ကြုံနေတုန်း ကိုယ်က နေရာ အမိအရ ယူခြင်းကို ပြောခြင်းဖြစ်၏။ ပွဲလန့်၍ ဖျာခင်းခြင်းက သဘာဝတရား တခုဟု ယူမှတ်နိုင်ပါသေးသည်။ ပွဲပြန်ထိန်းပြီးသွားသော အခါ မူလနေရာ ပြန်ပေးနိုင်မည်မို့ ထိန်းသိမ်းနိုင်သော ကိစ္စ အသေးစား ဖြစ်၏။
ပွဲလန့်နေစဉ်မို့ ပြေးသူ ပြေး၊ လွှားသူ လွှား၊ အော်သူ အော်၊ ခေါ်သူ ခေါ်၊ တကယ့်ကို ၀ရုန်းသုန်းကား။ ထိုအချိန်မျိုးမှာ သူများ ထွက်ပြေး၍ လွတ်သွားသော နေရာတွင် သူ့ဖျာကို အရဲစွန့်ပြီး၊ စွန့်စားပြီး ခင်းသူက အပြစ်ကြီးလှသည်ဟု မဆိုသာပါ။ နေရာ လွတ်သွားသဖြင့်သာ သူက
Wednesday, 13 February 2013
မြန်မာ အစိုးရ အနေနဲ့ လက်ပိုက် ကြည့် မနေသင့်ပါ။
ထိုင်း နိုင်ငံမှာ အရွယ် မရောက်သေးတဲ့ ၁၂ နှစ် အရွယ် မြန်မာ နိုင်ငံသား ကရင်မိန်ကလေး တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ပြန်ပေးဆွဲ ခံရပြီး၊ အိမ်ရှင် ဇနှီးမောင်နှံ ရဲ့ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ထားကြောင်း ထိုင်းသတင်းစာ (http://www.pattayadailynews.com/en/2013/02/12/kidnapped-karen-girl-enslaved-by-cruel-thai-couple/) တွေမှာ ဖေါ်ထုတ် ရေးသား ကြပါတယ်။ အိမ်ရှင် အလိုကျ မဖြစ်ခဲ့လျှင် ခွေးလှောင်အိမ်မှာ လှောင်ထားပြီး ရေနွေးပူ နဲ့ လောင်းခြင်း၊ နားရွက် ဖြတ်ပေးခြင်း စသော ပြစ်ဒဏ်များ ပေးလေ့ ရှိပါသတဲ့။ တခါထွက်ပြေးဖူးသော်လဲ ရဲက အဲဒီ အိမ်ကို ပြန်ပို့ပေးခဲ့တယ်။ နောက်ဆုံးတော့ နီးစပ်ရာ ကူညီသူများ အကူအညီ နဲ့ ထိုင်း လူမှု ကယ်ဆယ်ရေး အဖွဲ့ကို အပ်နှံခဲ့တယ်။ မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ မြန်မာ အစိုးရ ရဲ့ အကူအညီ မရသေးပါဘူး။
Monday, 11 February 2013
ငြိမ်းချမ်းရေးလော- ဇယားရွှေ့ ခြင်းလော- ခွင်ဖန်ခြင်းလော
မာတလိ (မဲဆောက်)
-၁၁- ၂ -၂၀၁၃
" ငြိမ်းချမ်းရေး ဆိုတာ- ဘာလဲဗျာ ၊ ရှင်းရှင်းပြောရရင် သူတို့ပဲ ငြိမ်းချမ်းရေး စာချုပ်တွေ ချုပ်ပြီး မြို့ ပေါ်တက် သေနတ်တွေ တကားကားနဲ့ စီးပွါးရေးတွေ လုပ်လိုက်ကြ၊
ရန်ကုန်၊မန္တလေးစတဲ့ မြို့ ကြီးတွေမှာ တက်ပြီး သောက်စား ပျော်ပါးလိုက်ကြ၊ အဝေမတည့် -မပြေလည်တော့ စစ်ပြန် တိုက်လိုက်ကြ လုပ်နေတာ၊ တိုင်းရင်းသား ပြည်သူတွေက မြေဇာပင် ဖြစ်နေကြရတာ " လို့ ထုတ်ဖော်ပြောဆိုတယ်။
သမိုင်း တကျော့ ပြန်တယ်ပဲ ဆိုရမလား၊ သံသရာ တပတ်လည်တယ်ဆိုရမလား၊ အဟောင်းက အသစ် တဖန် ပြန်ဖြစ်တတ်တယ် ပြောရမလား၊ တချိန်တုံးက ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ပြောခဲ့ ဆိုခဲ့၊ လုပ်ကိုင်ခဲ့တဲ့ ငြိမ်းချမ်းရေး စကား၊ ငြိမ်းချမ်းရေး အသံ တွေဟာ မြန်မာပြည် ခေတ်စားနေတဲ့ အချိန် ကာလ ဖြစ်တယ်။
ငြိမ်းချမ်းရေး စကားမှ ခုချိန်မှာ မပြောရင် နှလုံးသား မဲ့တဲ့ လူသား တယောက်လို ဖြစ်နေတယ်။
အချိန်အခါချင်းမတူတော့ ဖြစ်တဲ့ အကြောင်းအရာချင်းတော့ မတူ ဘူးပေါ့။
ဟိုတုန်းက ဆရာကြီး သခင် ကိုယ်တော်မှိုင်းတို့ ပြောခဲ့အချိန်က ဘက် ၂ ဘက်မှာ-
လူကြမ်းက ၀န်ကြီးချုပ် ဦးနု(ပထစ) အစိုးရ
လူထုမေတ္တာ အထားခံရတာက-- ကွန်မြူနစ်(အဓိက အုပ်စုကြီး) ကြား ဖြစ်တယ်။
ကွန်မြူနစ် နောက်မှာ တရုတ်၊ရုရှားနဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေက အခြေအနေကို ကြည့်ပြီး ၀ိုင်းရံထားတယ်။
ဒီနေ့  ငြိမ်းချမ်းရေး အော်နေတာက ကိုမြအေးတို့ ဦးဆောင်တဲ့ ရှစ်ဆယ့်ရှစ် အုပ်စုနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များဖြစ်တယ်။
လူကြမ်းက-- သမ္မတ ဦးသိန်းစိန်နဲ့ ဦးသန်းရွှေ ကြိုးကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်ေးအာင်လှိုင် ရဲ့ စစ်တပ် ဖြစ်တယ်။
လူထုမေတ္တာ အထားခံရတာက-- တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေ။
ကေအိုင်အေ။- ကချင် ဘက်မှာတော့ တိုင်ရင်းသား လက်နက် ကိုင်တပ်ဖွဲ့ တွေစုထားတဲ့ အုပ်စုနဲ့ တရုတ် ပေါက်ဖော်ကြီးက ဘေးက ၀ိုင်းရံ ပေးထားတယ်။
Monday, 28 January 2013
ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် – အပိုင်း (၁) By သန်းဝင်းလှိုင်
ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် – အပိုင်း (၁)
‘ပင်လုံစာချုပ်’သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကို ထည်ဝါခန့်ညားစေခဲ့သည် သာမက တိုင်းရင်းသားတို့သွေးစည်းညီညွတ်ခြင်း၏ ကွယ်ဝှတ်၍ မရသော အမှတ်သင်္ကေတလည်း ဖြစ်သည်။ ထို့သို့ကြီးမားသော ဂုဏ်ဒြပ်ရှိပြီးလျှင် တိုင်းရင်းသားအားလုံး တို့၏ သွေးစည်းညီညွတ်ရာ သင်္ကေတဖြစ်သော ‘ပင်လုံစာချုပ်’ သည် မည်သည့် အတွက်ကြောင့် ဖြစ်ပေါ်လာခဲ့သနည်း။ မည်သို့ ကြိုးပမ်းခဲ့ကြရသနည်း။ ပင်လုံစာချုပ်ပါအတိုင်း တိုင်းရင်းသားပြည်သူတရပ်လုံး ရရှိခံစားနေရပြီလော စသည့်အကြောင်းအခြင်းရာ များကို ကျွန်ုပ်တို့ ပြန်ပြောင်းလေ့လာကြည့်ကြပါစို့။
အချိန်ကား လွန်ခဲ့သော ၆၆ နှစ်တာကာလ။ အတိအကျဆိုရသော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ။
နေရာမှ ရှမ်းပြည်နယ်တောင်ပိုင်းလဲချားစော်ဘွားအပိုင် နယ်အတွင်းရှိ ပင်လုံမြို့ကလေးတွင် ဖြစ်၏။ စင်စစ်ပင်လုံဟု နှုတ်ကျိုးခေါ်ဝေါ်နေ သော်လည်း ရှမ်းဘာသာစကားဖြင့် ‘ပန်လုံ’ဟု ခေါ်၍ ‘လွင်ပြင်ကြီး’ ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ပန်လုံ ခေါ် ပင်လုံ သည် လွင်ပြင်မြို့ ဟု အနက်ပေးသော်ရသည်။
ထိုလထိုရာသီတွင် ရှမ်းပြည်နယ်၏ ရာသီဥတုအအေးဒဏ်မှာ ခိုက်ခိုက်တုန်အောင် ရှိလှသည်။ ဤမျှအေးမြနေသော ရာသီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာ ရှမ်းစော်ဘွား၊ မြို့စားများနှင့် ရုမ်းလုထုခေါင်းဆောင်များတို့သည်
Sunday, 27 January 2013
အကျင့်ပျက်ချစားမှုလျော့နည်းပပျောက်စေမည့်အကြောင်းအရင်း
မိမိလစာနှင့်မလောက်သဖြင့်..လာဘ်ပေးလာဘ်ယူမှုအား..
မဖြစ်မနေလုပ်နေကြရသူဝန်ထမ်းငယ်များ..
လစာကိုဂရုမစိုက်ပဲ..တစ်သက်စာကြံသူအရာရှိကြီးများ.
ဆယ်သက်စာစားမကုန်အောင်တစ်ချက်ကောင်းရိုက်သော..
ဆရာ့ဆရာကြီးများ..
ပိုင်ရာဆိုင်ရာပတ်သက်ရာပတ်သက်ကြောင်းကုမ္ပဏီကြီးများ..
ဆွေမျိုးပေါက်ဖေါ်အမည်ခံသော်လည်းအမှန်တကယ်..
ကြောက်ရွှံ့နေရသည့်တရုတ်ကုမ္ပဏီများ..
အစွယ်လိုသူနှင့်ခိုင်းစေသူ မင်းမျိုးမင်းနွယ်များ..
စုပေါင်းပါဝင်သောအမှုသည်..
စစ်ဆေးသောအခါ..
လူညီပါက "ကျွဲ " ..ဟုဝိုင်းဖတ်ကြမည်သာတည်း..
တစ်ယောက်ကိုတစ်ယောက်ဖေးမကြမည်သာတည်း...
ထို့ကြောင့်..
Thursday, 24 January 2013
ဘရက်အိုဘားမားရဲ့ဒုတိယအိပ်မက်
23 January 2013
အောင်မိုးဝင်း  ဆောင်းပါး
အမေရိကန်သမ္မတ ဘရက်အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်မှာ တိုက်တိုက်ဆိုင်ဆိုင် စာအုပ်လေးတအုပ်ထွက်လာခဲ့တယ်။ ရော်နယ်ရေဂင် လက်ထက်တုံးက ဘတ်ဂျက်ဒါရိုက်တာ David Stockman ရဲ့ Triumph of Crony Capitalism ခရိုနီအရင်းရှင်စံနစ်ရဲ့အကြီးကျယ်ဆုံးအောင်မြင်မှုများ ဆိုတဲ့ စာအုပ်ပဲဖြစ်တယ်။
တကယ်တော့ ရော်နယ်ရေဂင် ခေတ်ကို အမေရိကန်တွေရဲ့ နံနက်ခင်းအဖြစ်လူသိများခဲ့တယ်။ သူ့လက်ထက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့တယ်။ ဒေးဗစ် စတော့မန် ကတော့ --- ကျနော်တို့ဆီမှာ အရင်းရှင်စံနစ်လည်းမထွန်းကားခဲ့သလို၊ ဒီမိုကရေစီလည်း မရှိပါဘူး။ ခရိုနီအရင်းရှင်စံနစ်သာ ကြီးထွားလာခဲ့ပါတယ် ဆိုပြီး ဒီကနေ့ရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်အတည်းတွေကို သုံးသပ်ပြပါတယ်။
Wednesday, 23 January 2013
ကိုယ့်နိုင်ငံက ဆန်ရှင်ပိတ်လို့မတိုးတက်တာပါလို့ ခေါင်းစဉ်ပြရမယ်ရှာသူတွေ ဖတ်ဖို့..
ကိုယ့်ဆီကမပြည့်စုံတာတွေကို..၊
အကျင့်ဆိုးတွေကို၊
လိုအပ်ချက်တွေကို၊
ခံယူချက်တွေကို၊
အရင်ပြုပြင်မှ..
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက..
လာပြီးလုပ်ချင်မှာပေါ့ဗျာ..
တစ်ကမ္ဘာလုံးပတ်ပြီးစီးပွားရေးလုပ်စားနေသူတွေကို.
ဖေါရှောသွားလုပ်ဖို့..မကြိုးစားကြပါနဲ့..
ဖေါရှောလုပ်ရင်ဖေါ်ရှောပဲရမှာပေါ့..
Sunday, 20 January 2013
မြန်မာပြည်ကြီး ပြောင်းလဲနေပြီ
ယခင်က လူထုကို စစ်ထောင်းဖို့ စစ်ယူနီဖောင်း ၀တ်တယ်..
ယခု မိုက်ယုံ ခိုးနှိုက်ယုံ ရိုက်ယုံမို့  တိုက်ပုံ ၀တ်တယ်..။
ယခင်က မဟုတ်တရုတ်တွေ တွေးကြောက်ပြီး အခြောက်လို ခြိမ်းခြောက်ယုံ အမြောက်နဲ့ ပစ်တယ်..
ယခု အရှုပ်တရုတ်ကို ဖေးမြောက်ပြီး မသာယာဉ်လို ဝေဟင်က လေယာဉ်နဲ့ ဗုံးကြဲတယ်....။
Friday, 18 January 2013
ကချင်စစ်မျက်နှာငြိမ်းချမ်းရေးမှသည် တပြည်လုံးငြိမ်းချမ်းရေးသို့ 
 ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်များ
ခိုင်အောင်ကျော် (နယူးယောက်)~
မျက်မှောက်ကာလမှာ ကချင်ပြည်နယ် ဘက်က စစ်မျက်နာအကြောင်းကို စတင်ပြောလိုသည်။ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် ဆက်ပြီး ကမ်းလှမ်းမည်ဟု သတင်းထွက်လာသည်။
ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း အစိုးရမှ တွေ့ ဆုံဆွေးနွေးရေးကို ဖိတ်ခေါ်ထားသော် လည်း  
ကေအိုင်အိုဖက်မှ ဘာမှ မတုန့် ပြန်ပါဟု ထပ်ဆင့်ပြောလာသည်ကို သိရသည်။
Thursday, 17 January 2013
သတိသာထား အမောင်ကျားတို့
ဒိသာပါမောက္ခ ဆရာကြီးက တပည့်တွေကို
ပညာစုံသင်ပေးပြီး သူတပည့်တွေကို နေရပ်ဌာနေကို ပြန်ခိုင်းလိုက်တယ်
အယ့်ဒီအချိန်မှာ တပည့်တစ်ယောက်ဟာ ပြန်လည်ရောက်ရှိလာတယ်
ဒိသာပါမေက္ခဆရာကြီးဟာ တပည့်ဖြစ်သူကို ဘာအမှုကိစ္စကျန်ခဲ့လို့ ပြန်လာတာလည်း
မေးမြန်းတဲ့အခါမှာ တပည့်ဖြစ်သူဟာ ဆရာကြီးခင်ဗျာ အမေဆီကိုပြန်တော့ အမေက
သားဖြစ်သူ ကျွန်တော့်ကို အသာတပညာ မသင်ပေးလို့ အယ့်ဒီပညာရပ် ကျန်သေးတယ်
ဆရာထံမှာပြန်သွား သင်ယူပါဆိုပြီး ဆရာ့ထံပြန်လွတ်လိုက်ပါတယ်ခင်ဗျာ။
သားကို သားရဲ့ဆရာ ပညာကုန် သင်ပေးတာမဟုတ်ဘူး တစ်ခုကျန်တာ
မိခင်ကသင်ကြားချေဆိုပြီး လွတ်လို့လာရတာပါဆရာဆိုပါတယ်
တကယ်တော့ အမေဖြစ်သူက သားကို အိမ်ထောင်မပြုစေချင်သဖြင့် မိန်းမတို့၏ အပြစ်ကို သိစေရန်
ပရိယာယ်ဖြင့် အသာတမန္တာန်ကို သင်ယူစေခြင်းဖြစ်ပါတယ်။ ဒါကို ဆရာကလည်း
နားလည်တော့ အေးကွာ အယ့်ဒီပညာရပ် မင်းကိုဆရာကြီးသင်ပေးပါ့မယ် ငါခိုင်းတာ
တသွေမတိမ်း လုပ်ရမယ် လုပ်နိုင်ရင်တော့ ကတိပေးပါဆို ကတိတောင်းတယ်
တပည့်ကလက်ခံပြီး ကတိပေးလိုက်တယ်။ ဒီနေ့ကစလို့မင်းငါတပည့်ပေမယ့် ငါ
့အမေအို အသက် တစ်ရာ့နှစ်ဆယ်ရှိသောအဖွားအိုကို ချေဆုတ်လက်နယ်ပြုစုပါ
ရေချိုးပေးပါ အမွေးနံသာလိမ်းကျံပေးပါ အယ်လိုမျိုးသူရဲ့ကိုယ်စား
လုပ်ပေးတိုင်းပြုစုတိုင်းမှာ အဖွားအိုကို အသားလေးကဖြင့်နုညံလိုက်တာ
အဖွား ငယ်ငယ်က အသားလေးဆို တော်တော်လှပ ၀င်းစိုနုညံ နေမှာနော်နဲ့ပြောခိုင်းတယ်။
အဖွားမျက်လုံးလေးဟာဖြင့်လှပလိုက်တာ ငယ်ငယ်တုန်းကဆိုသောက်ရှုးကြယ်လို
ဝင်းပရွန်းတင့် ဖိတ်လက်နေမှာပေါ့နော် အခုချိန်ထိအဖွား မျက်လုံးလေးဟာဖြင့်
အခုချိန်ထိ ၀င်းပနေတုန်းပါပဲ ၀င်းလဲ့နေတာပါပဲဆိုပြီး ပြောပေးခိုင်းတယ်။ အဖွားရဲ့
အသံလေးဟာဖြင့်ဆိုရင် ငယ်ငယ်တုန်းကဆို သိပ်သာယာမှာပဲနော် စမ်းရေစီးသံလို
ချိုမြနေတယ် အခုချိန်အထိ အဖွားအသံဟာ ကြည်လင်နေတာပေါ့နော် ဆိုပြီး
အသားအရေ မျက်လုံးမျက်ဖန် ကိုယ်လုံးမှအစ ချီးမွန်းခန်း ဖွင့်ပေးနေရတယ်
ဆရာခိုင်းတဲ့အတိုင်း တပည့်ဟာ တသွေမတိမ်း လုပ်ပေးပြောဆိုနေရတာ
အချိန်လေးရလာတော့ အဖွားအိုကို တဖန်ချစ်စကားပြောဆိုခိုင်းတယ် အဖွားအိုက
ပြန်ချစ်ခင်ဖက်တွယ် စွဲလန်းငြိတွယ်လာတယ်။ အယ့်ဒီအချိန်မှာ ဒိသာပါမောက္ခကြီးဟာ
သူအမေအိုကြီးဟာဖြင့် သက်စေ့ ကံကုန်ချိန်တော့ရောက်နေပြီ ဆိုတာ
တွက်ချက်ကြည့်တော့ သိနေတယ် နောက်တဖန် ငါ့တပည့်ရေ မင်း ငါ့အမေအိုကြီးကို
ဒီနေ့မှာငါ့ကိုသတ်ပြီး တူတူပေါင်းသင်းချင်တယ် ဆရာကြီးရှိနေလို့ ကြောက်ရပါတယ်
အမေအိုကြီးရဲ့ သား ဆရာကြီးဖြစ်သူကို သတ်ပေးရင်ဖြင့် တူတူမှေးစက်လို့ ပျော်ပွဲ
ဆင်နွဲ လိုက်ချင်စမ်းလှပါဘိလို့ပြောပြီး လုပ်ဆောင်ခိုင်းလိုက်ပါတယ်။ အဖွားအိုကို
ဆရာကြီးရဲ့ တပည့်က သူ့ဆရာပြောခိုင်းသည့်အတိုင်း အဖွားအိုကို ပြောပြတဲ့အခါမှာ
အေး အမောင်ဖြစ်စေ့ချင်တာ ဖြစ်ရမယ်ကွဲ့ဆိုပြီး အဖွားအိုကပြောတယ် အမောင်ရေ
စိတ်သာချတော့ ဒီညတော့ ဒင်းကို အပြတ်ရှင်းပေးပါ့မယ်ကွယ် အယ့်ဒီညမှာပဲ
သားဖြစ်သူ ဒိသာပါမောက္ခဆရာကြီးဟာ သူအိပ်ရာကုတင်ထက်မှာ ခေါင်းအုံးတွေထား
ရသဖန်းသားတုံကို မိမိ၏ ကိုယ်ပမာဏအတိုင်း ထုလုပ်ကာ အိပ်ပျော်ချင်ဟန်
ဆောင်လုပ်ပြီးထားစေတယ် ပြီးမှ တံခါးအကွယ်ကနေ
အသာလေးချောင်းကြည့်နေတယ်။ အယ့်အချိန်မှာ အမေအိုကြီးဟာ သူ့သားတော့
အိပ်ပျော်နေပြီဆိုပြီး တုန်ချိချိအဖွားအိုဟာ သတ္တိတွေအပြည့်နဲ့ ဓါးကိုကိုင်စွဲလို့
သားဖြစ်သူကို ခုတ်သတ်လိုက်တာပေါ့ သူခုတ်လိုက်တာဟာ သားဖြစ်သူ
မဟုတ်လေတော့ ရေသဖန်းသားတုန်းဟာ ဒုတ်ဆိုမြည်တယ် အဲ့ဒီအချိန်မှာ
သားဖြစ်သူဟာ ဒိသာပါမောက္ခဆရာကြီးဟာ တံခါးအကွယ်မှထွက်ပြီး အမေ
ဘာလုပ်လိုက်တာလဲအမေရယ်ဆိုပြီး သူရဲ့ အမေအိုကြီးကို အနောက်နားမှနေပြီး
လှမ်းပြီးမေးလည်းမေးလိုက်ရော အမေအိုကြီးဟာ တခါထဲထိပ်လန့်ပြီး အသက်
သေဆုံးသွားပါတယ်။
သူတပည့်ဖြစ်သူကို တပည့် သင်သည် ငါ့မိခင်အိုကြီး၏ အပြစ်ကို သင်ကိုယ်တိုင်မြင်၍
မိန်းမတို့၏အပြစ် အသာတမန္တကို သင်ပေးလိုက်ပါပြီ ငါ့တပည့်
မင်းလည်း သိလောက်ပြီမို့ မင်းနေရပ်ပြန်နိုင်ပါပြီဆို ပြောဆိုတယ်။
တပည့်ဖြစ်သူဟာဆရာကြီးအမေရဲ့အသက်နဲ့ရင်းပြီးသင်ခဲ့ရတာမို့
ငိုကြွေးလို့တောင်းပန် ကန်တော့ရှာပါတယ်။
တပည့်ရေ မင်းမှတ်ထားပေါ့ကွာ
မိန်းမများသည် ကာမဂုဏ်စိတ်ဝင်လာလျှင် အသက်အရွယ်ကိုလည်း မဆင်ခြင်၊
ကျေးဇူးတရားကိုလည်း မထောက်ထားဘဲ မိုက်မှားတတ်ကြသည်။
လောက၌
မိန်းမတို့သည် ယုတ်မာသောသဘောရှိ၍ ဆင်းရဲ အမျိုးမျိုးကိုပေးတတ်ကုန်၏။
ကာမဂုဏ်ကို ပယ်ခွာမှ ချမ်းသာမှုကို ရနိုင်မည်။
မိန်းမအတွက်ကြောင့် မိမိကိုယ်ကို အနစ်မွန်းမခံသင့်ကြောင်း၊ ကိလေသာဟူသည်
ပုထုဇဉ်မှန်က ကြီး ငယ်မဟူ မည်သူ့သန္တာန်မှာမဆို ဖြစ်တတ်ကြောင်းကိုလည်းကောင်း၊
ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဟူသော မရှက်သုံးပါးကိုလည်းကောင်း
မိန်းမယောက်ျား၊ မြင်ဖန်များသော်၊