Showing posts with label အထူးသတင်း. Show all posts
Showing posts with label အထူးသတင်း. Show all posts

Wednesday, 12 December 2012

ကျွန်တော့်ဘဝ ကျွန်တော့် အနုပညာ



ကျွန်တော့်ဘဝ ကျွန်တော့် အနုပညာ
ဆိုတဲ့ ကိုမင်းကိုနိုင်ရဲ့ စာမျက်နှာအသစ်ပါ ။အကိုကြီးရဲ့ စာမျက်နှာ မှာ သွားရောက် အားပေးကြရအောင် ..
အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်။ကိုမင်းကိုနိုင် ၏အရင်စာမျက်နှာမှာတိုက်ခိုက်ခံရသောကြောင့် ယခုလိုစာမျက်နှာအသစ်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်.။
https://www.facebook.com/ArtistMinKoNaing

မင်း ......မင်းဆိုးမင်းညစ်များကို အနိုင်ယူမည့်သူ
ကို ......ခေတ်သစ်လူငယ်မျိုးဆက်သစ်တို့ ရဲ့ အားထားနေရမယ့် အကို
နိုင်....... ပြိုင်လာသူမှန်သမျှ ငိုင်ကျရမယ့် ပြည်သူကို
ညာဘက်ပုခုံးနဲ့ ထမ်းပြီးအလုပ်အကြွေးပြုမယ့်ခွပ်ဒေါင်းမျိုးခိုင်
မင်းကိုနိုင်။

ကိုမင်းကိုနိုင်မိသားစု မင်းဆိုးမင်းညစ်ဒဏ်မှ ဘေးဘရာဝေးကွာကြဖို့ တောင်းဆုချွေကြစို့ ။

ကိုထွန်းဝေ
မှ ..နှိုးဆော်ပေးလိုက်ပါတယ်။

Saturday, 13 October 2012

လဲသာသေလိုက်တော့

ဗမာပြည်မှာ အိုစီအိုင် ရုံး စိုက်မယ်တဲ့ဗျ


နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံတွင်
 ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်
နယ် စစ်တွေမြို့တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် သဘောတ
ညီထားခြင်း မရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှက ပြောကြားသည်။

Thursday, 27 September 2012

မြန်မာသမ္မတ ၏ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ (အသံဖိုင်) စာသားများ

သမ္မတဦးသိန်းစိန်မှ ( ၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း ယခင်ကနိုင်ငံရေးအဓိကအတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီ၏ ဥက္ကဋ္ဌဌအနေနဲ့လွှတ်တော် စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာ တော့ သူမအနေနဲ့ နယူးယောက်မြို့မှာရှိနေပါတယ်။သူမရဲ့ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက်အမေရိကန်ပြည်ထောင်စုမှာဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော် ဝမ်းမြောက် ဂုဏ်ယူပါတယ်။ အထွေထွေညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့်တကွ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ တွင်တိုက်ရိုက်မိန့် ခွန်းအစီအစဉ် မိန့် ခွန်းပြော

နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာသမ္မတဦးသိန်းစိန် ကုလသမဂ္ဂ မှာပြောမယ့် တိုက်ရိုက် မိန့် ခွန်း ကို ဒီနေရာမှာ လာကြည့်လို့ ရပါပြီ ။ ယခုလာနေပါပြီ..။အမေစုကိုအားပေးသလို အင်္ဂလိပ်လို မပြောတဲ့ ကျနော်တို့ ရဲ့  သမ္မတ ကိုလဲ အားပေးချင်ရင် အားပေးဖို
့ လေးစားစွာနဲ့ ပြောပါရစေ ။

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ တွင်တိုက်ရိုက်မိန့် ခွန်းအစီအစဉ် ..

27.9.2012 ယနေ့ တွင် ကျရောက်သော သမ္မတ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားမဲ့မိန့်ခွန်းကို ပြည်တွင်းရုပ်သံလိုင်းတွေကနေ ဒီကနေ့ည တိုက်ရိုက်ထုတ်လွှင့်သွားမဲ့အကြောင်း သမ္မတရုံး ပြောရေးပုဂ္ဂိုလ်က မှူးဇော် က သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ည ၈ နာရီ ၄၅ မီနစ်လောက်မှာ MRTV, MRTV-4 , MITV , Sky Net ရုပ်သံလိုင်းတွေနဲ့ FM ရေဒီယိုတွေကနေ တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ သူက ဆိုပါတယ်။ အခုလို မြန်မာနိုင်ငံ ခေါင်းဆောင်တစ်ဦး ကုလသမဂ္ဂညီလာခံမှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားမှုကို ပြည်တွင်းမီဒီယာတွေကနေ တိုက်ရိုက်ထုတ်လွှင့်တာ မြန်မာပြည်သူနှင့်ကမ္ဘာအရပ်ရပ်ရှိ မြန်မာမိသားစု မိတ်ဆွေ အဖွဲ့ အစည်းများအား ကြေငြာအပ်ပါတယ်။
သင်လဲ နီးနီးမှာရှိလျက်နဲ့  ဒီလင့်မှာဘဲအားပေးရင်ရပါတယ် အားပေးပါ။

Watch live streaming video from asiasociety at livestream.com

Saturday, 22 September 2012

Queens Collegeမှာ ဒီကနေ့ည ပြုလုပ်မဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲ -မြန်မာစံတော်ချိန် ည၉နာရီ (LIVE)


Queens Collegeမှာဒီကနေ့ည ပြုလုပ်မဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲ -မြန်မာစံတော်ချိန် ည၉နာရီ (LIVE)
Nobel laureate Aung San Suu Kyi, leader of Burma's democracy movement, addresses the New York City Burmese community in Burmese ,Queens College, Flushing, New York, September 22, 2012

quicktime playerဒေါင်းလုပ်လုပ်ထားရန်လိုအပ်ပါတယ်..http://www.apple.com/quicktime/download/

Friday, 21 September 2012

ဘီဘီစီ Breaking News သတင်း မှ....

စက်တင်ဘာ ၂၀ နယူးယောက် စံတော်ချိန် ညဘက်ပိုင်း (စက်တင်ဘာ ၂၁ မြန်မာစံတော်ချိန် မနက်စောစောပိုင်း) နယူးယောက်ကနေ တိုက်ရိုက် သတင်းပို့နေတဲ့ ဘီဘီစီ သတင်းထောက်ကတော့ နယူးယောက်မြို့၊ ကုလ သမဂ္ဂမှာ အလုပ်လုပ်နေတဲ့ မြန်မာဝန်ထမ်းတွေဟာ ဂုဏ်ယူစရာ မြန်မာအမျိုးသမီး၊ နိုင်ငံ့ဂုဏ်ဆောင် နိုင်ငံရေးသမား မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက်ကို စိတ်လှုပ်ရှားနေတယ်/ အကောင်းဆုံး ကြိုဆိုနှုတ်ဆက်နိုင်အောင်လည်း ပြင်ဆင်နေကြတယ်လို့ သတင်းပေးပို့ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်နဲ့ စက်တင်ဘာ ၂၁ နယူးယောက် စံတော်ချိန် (မြန်မာစံတော်ချိန်နဲ့ အချိန် ၁၀ နာရီခွဲ ကွာပါတယ်၊ မြန်မာက ကမ္ဘာ့ အရှေ့ပိုင်းမှာ ရှိတော့ စောပါတယ်) မနက်ပိုင်းမှာ တွေ့ဆုံမယ့် ကုလသမဂ္ဂ အမျိုးသမီးဝန်ထမ်း တဦးကတော့ သူတို့ ကုလသမဂ္ဂ အများစုဟာ မြန်မာဝတ်စုံတွေ ၀တ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြမယ်၊ ပင်နီအင်္ကျီနဲ့ ယောလုံချည်ဝတ်မယ်၊ လွတ်အိတ်ကိုလည်း လွယ်မယ်လို့ သူ့ပြင်ဆင်ထားတာကို ဘီဘီစီကို ပြောပြပါတယ်။ ကုလသမဂ္ဂ အမျိုးသား ၀န်ထမ်းတဦးကတော့ လည်ကတုံး ရှပ်အင်္ကျီအဖြူနဲ့ ကချင်ပုဆိုး ၀တ်မယ်၊ ပင်နီအင်္ကျီဝတ်မယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

 ကမ္ဘာ့နိုင်ငံသားဆုကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ချီးမြှင့်ခံရသူ တခြားသူတွေကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာမှာ လွှမ်းမိုးမှုများစွာရှိတဲ့ အမေရိကန်ဝါရင့် နိုင်ငံရေးသမားနဲ့ မူဝါဒလမ်းညွှန်ထောက်ပြသူ ဟင်နရီ ကစ်ဆင်းဂျား၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း မစ္စ ဆာဒါကို အိုဂါတာနဲ့ အမေရိကန် တေးဂီတပညာရှင် ကွင်စီဂျုံးစ်တို့လည်း ရရှိကြမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂမှာ အလုပ်လုပ်နေတဲ့ မြန်မာဝန်ထမ်းတွေကို စက်တင်ဘာ ၂၁ နယူးယောက် စံတော်ချိန် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာဝန်ထမ်းတွေဟာ ဒီကနေ့တော့ ထူးထူးခြားခြားအဖြစ် မြန်မာအမျိုးသားဝတ်စုံတွေကို အများစုက ၀တ်ပြီး ကြိုဆိုကြပါတယ်။ မြန်မာတွေ အားလုံးဟာ အထူးကို လှပ တက်ကြွ နေကြတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိပြီး၊ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမယ်လို့တော့ သတင်းတွေ ကျယ်ကျယ်ပြန့်ြ့ပန့် ထွက်နေပါတယ်။ ဒီကနေ့ဟာ ကုလသမဂ္ဂ အထွေထွေ စည်းဝေးပွဲကြီး မတိုင်ခင်မှာ ကုလသမဂ္ဂမှာ အလုပ်များတဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကုလအတွင်းအရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ စက်တင်ဘာ ၂၁ မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့ကို တက်ရောက်ပြီး မိန့်ခွန်း ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနေ့မှာ ၁၉၉၁ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရင် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂကို လာရောက်တာကလည်း ထူးခြားမှု ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ နယူးယောက် စံတော်ချိန် မနက် ၁၀ နာရီ ၁၅ မိနစ်မှာ အတူတွေ့ဆုံ နှုတ်ဆက် ဓာတ်ပုံရိုက်ကြမှာ ဖြစ်ပြီး၊ ဆက်လက်ပြီး မီဒီယာနဲ့ တွေ့ဆုံ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်း  

ညီလေး  ချစ်လေးသတင်းတိုက်ရိုက်ပေးပို့ ထားပါတယ် 21.9.2012    

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဒေါ်စု တိုက်ရိုက် မိန့် ခွန်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဒေါ်စု တိုက်ရိုက် မိန့် ခွန်းဖြစ်ပါတယ်..။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဒေါ်စု တိုက်ရိုက် မိန့် ခွန်း

ဒေါ်အောင်ဆန်းစုကြည် နူးယောက်ခ်မြို့၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် လည်းကောင်း၊ ယင်းနောက်တွင် ကုလသမဂ္ဂ ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာဝန်ထမ်းများနှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအား နူးယောက်ခ် စံတော်ချိန် နံနက် ၀၉း၀၀ နာရီတွင် စတင်တင်ဆက်သွားမည် ဖြစ်ပါသည်။

Live Webcast အား ကြည့်ရှုရန် - http://bit.ly/RCWDxl

Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network


Thursday, 20 September 2012

ဒေါ်အောင်ဆန်းစုကြည်မြန်မာမိသားစုများ တွေ့ ဆုံပွဲ ယခု တိုက်ရိုက်သတင်း

ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည်မြန်မာမိသားစုများ တွေ့ ဆုံပွဲ ယခု တိုက်ရိုက်လာနေပါတယ် ..။

အောက်ပါ လင့်တွင် သွားရောက်ကြည့်ရှု့ နိုင်ပါတယ်..။

http://www.shwevideos.net/live_broadcasting.php

Shwevideos Live Broadcasting, Live TV, The Best streaming media
www.shwevideos.net
အားပေးနိုင်ပါပြီ..။

Tuesday, 18 September 2012

မနေ့က ထောင်ကနေပြန်လွတ်လာတဲ့ ဦးရွှေထူး ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ


စက်တင်ဘာ ၁၈၊ ၂၀၁၂ MoeMaKa Burmese News & Media

မြန်မာ့တပ်မတော်တပ်မဟာ(၁၃) တပ်မင်းကြီး ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘဖြူ (ငြိမ်း) နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် နှင့် ဒေါ်မြသွေးတို့မှ (၂၀)ရက် နိုဝင်ဘာလ ၁၉၄၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မွေး ချင်းငါးယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။

၁၉၆၄ ခုနှစ် မန္တလေးတက္ကသိုလ်မှ မဟာဝိဇာ (မြန်မာစာ) ဘွဲ့ဖြင့် ကျောင်းပြီးခဲ့သည်။ (၁၉၆၅)ခုနှစ် အသက်(၂၀)အရွယ်တွင် ပညာရေးဝန်ထမ်းဘ၀ဖြင့် အ.ထ.က (၁) ကျောက်မဲမြို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

(၁၉၆၆)ခုနှစ်တွင် ဒေါ်ခင်ဆွေရီ နှင့်အိမ်ထောင်ပြုခဲ့သည်။ သားတစ်ယောက်ဖွားမြင်ခဲ့သည်။ (၁၉၈၆)ခုနှစ်တွင် အ.ထ.က (၁) မန္တလေးမြို့ မန္တလေးတိုင်းအတွင်း အထက်တန်းပြဆရာအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၈၆) ခုနှစ်တွင် ပညာရေးဝန်ထမ်းဘ၀မှ အငြိမ်းစားယူခဲ့သည်။

"ခေါင်းဖြတ်သတ်ပါ"

"သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုမှာ ကိုင်ဆောင်ခဲ့တဲ့ "ခေါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ် ဖြေရှင်းချက်တောင်းဆိုပြီ"......
"ရဲတပ်ဖွဲ့ အကြီးအကဲ Andrew Scipione ကလဲ ဒီလူတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ထပ်လုပ်လာမယ်ဆိုရင်တော့ သူတို့ကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး တုန့်ပြန်သွားတော့မယ်လို့ ပြောဆိုလိုက်ပါပြီ"......

ပြည်နယ်ဝန်ကြီးချုပ် Barry O'Farrell က ၁၆ စက်တင်ဘာ မနေ့က သူ့ရဲ့ သက်ဆိုင်ရာဝန်ကြီးတဦးကို အဲလို ဖြေရှင်းချက် တောင်းဆိုလိုက်တာဖြစ်ပြီး ဒီနေ့ ၁၇ စက်တင်ဘာမှာ ပြန်လည်တင်ပြရမှာဖြစ်ပါတယ်......

မူဆလင်မိခင်တဦးက အဲဒီ ဆိုင်းဘုတ်ကို သူ့ရဲ့ခလေးငယ်လေးကို ကိုင်ခိုင်းပြီး ဓါတ်ပုံရိုက်နေတာကို မြင်ရတဲ့ သြစတြေးလျနိုင်ငံသားတွေသာမက တချို့မူဆလင်ဘာသာဝင်တွေပါ ဒေါသထွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဲဒီအမျိုးသမီးကို ရှာဖွေဖေါ်ထုတ်ဘို့လဲ အမိန့်ပေးလိုက်ပါပြီ.....

ရဲတပ်ဖွဲ့ အကြီးအကဲ Andrew Scipione ကလဲ ဒီလူတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ထပ်လုပ်လာမယ်ဆိုရင်တော့ သူတို့ကို "အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး လိုက်ဖက်ညီစွာ တုန့်ပြန်သွားတော့မယ်"လို့ ပြောဆိုလိုက်ပါတယ်.... အကြမ်းဖက်ဆန္ဒပြချိန်မှာ ရဲအရာရှိတွေနဲ့ ပြည်သူတွေကို ထိခိုက်အောင် လုပ်ဆောင်ခဲ့သူတွေကိုလဲ လာရောက်အဖမ်းခံဘို့ သတိပေးလိုက်ပါတယ်....

တချိန်တည်းမှာပဲ ဒီလိုဆူပူမှုဖြစ်အောင် မက်ဆေ့တွေနဲ့ အဓိက လှုံ့ဆော်ပေးခဲ့သူတွေကို ဖေါ်ထုတ်ဘို့ ကြိုးစားနေပြီး အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူများ၊ တန်ပြန်ရေး အရာရှိများကို အသင့်အနေထားရှိနေကြဘို့ တပ်လှန့်လိုက်ပါပြီ....

သြစတြေးလျနိုင်ငံရဲ့ အမေရိကန်သံအမတ်ကြီး Jeffrey Bleich ကတော့ သူ့ရဲ့လုံခြုံရေးအတွက် အမေရိကကို ပြန်မှာမဟုတ်ဘူး.... ဒီနိုင်ငံမှာ လုံခြုံမှုအပြည့်အဝရှိတယ်လို့ ငါယုံကြည်တယ်လို့ ပြောဆိုလိုက်ပါတယ်....

Htoo Maung

http://www.news.com.au/news/nsw-premier-asks-for-probe-into-boy-holding-beheading-sign-at-anti-islamic-film-protest-in-sydney/story-fnehlez2-1226475905656